Poems

မျှော်လင့်ချက်

“မျှော်လင့်ချက်” ဆိုတာအတောင်ပံတွေပါတဲ့အရာလေးတစ်ခုပါပဲ
ငါ့ရဲ့အသည်းနှလုံးထဲမှာနားခိုနေတယ်
စကားလုံးတွေမပါပဲ သံစဉ်တွေ သီဆိုနေတာ
ဘယ်တော့မှရပ်မသွားဘူး

လေပြင်းမုန်တိုင်းတွေထဲမှာတောင် သူ့ရဲ့အချိုသာဆုံးအသံလေးကြားနေရတယ်
မုန်တိုင်းကသည်းထန်လွန်းတော့ သူ့ကိုရိုက်ထုတ်သွားလေမလား
အနွေးဓာတ်တွေပေးတဲ့ ငှက်ကလေးရယ်….

အအေးစိမ့်ဆုံးကုန်းမြေဆီမှာလဲ သူ့အသံလေးကြားရတယ်
သူစိမ်းအလွန်တရာဆန်တဲ့ ပင်လယ်ပြင်ကြီးထဲမှာလဲ သူ့အသံလေးကြားရတယ်
အဆုံးစွန်ဆုံးအခြေအနေတွေရောက်နေတာတောင်မှ
ငါ့ဆီက အစာလေးတစ်ဖဲ့တောင်မတောင်းခဲ့ဘူး

အမ်မလီ ဒစ်ကင်ဆန်

-။-

          ကျွန်တော် ဂရိ ဒဏ္ဍာရီ(Greek Mythology) တစ်ခုကိုသွားသတိရတယ်။ လူတွေကို အပြစ်ပေးဖို့ဆိုပြီး နတ်ဘုရားခေါင်းဆောင် ဇု(Zeus) က Pandora လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုဖန်းဆင်းတယ်။ ပြီးတော့ သေတ္တာတစ်လုံးကိုလဲဖန်ဆင်းတယ်။ အဲ့သေတ္တာထဲကို မကောင်းတဲ့အရာ(Evils)တွေအကုန်ထည့်ပြီး Pandora နဲ့အတူလူပြည်ကိုပို့လိုက်တယ်။ အဲ့သေတ္တာလေးကို Pandora’s box လို့ခေါ်ကြတယ်။ (တကယ်က သေတ္တာမဟုတ်ပါဘူး။ စဥ့်အိုး(Jar)ပါ။ဘာသာပြန်တဲ့လူတွေကမှားတော့နောက်ပိုင်း သေတ္တာ box လို့ပဲလူသိများကြတယ်)

Pandora’s holding box. [Image courtesy of wikipedia]

           လူပြည်မှာရှိတဲ့ Titan နတ်ဘုရား Prometheus ကသူ့ညီ Epimetheus ကို Zeus ဆီကဘာလက်ဆောင်လာလာလက်မခံဖို့ပြောပေမယ့် Epimetheus ကနားမထောင်ဘူး Pandora လေးကိုလက်ခံထားလိုက်တယ်။ အဲ့လိုနဲ့တစ်နေ့ Pandora လေးက သေတ္တာကိုဖွင့်ချလိုက်ရော။ အဲ့ဒီမှာ သေတ္တာထဲက မကောင်းတဲ့အရာ(Evils)တွေကလူတွေဆီကိုပြန့်နှံ့သွားပါရော။ အဲဒီအချိန်တည်းကစပြီး လူတွေဟာ လောဘတွေ၊ဒေါသတွေ၊မောဟတွေ၊ပူပင်သောကတွေ၊မကောင်းတဲ့စိတ်တွေ၊နာမကျန်းဖြစ်မှုတွေ၊ ရောဂါဝေဒါနာတွေ အစရှိတဲ့ စိတ်ဆင်းရဲဒုက္ခပေါင်းများစွာကို ယနေ့တိုင်ထိခံစားရတော့တာပဲတဲ့။

Image: Pinterest

         အဲ့ဒီအချိန် သေတ္တာထဲမှာမထွက်ပဲကျန်နေခဲ့တဲ့အရာလေးတစ်ခုရှိတယ်တဲ့။ အဲဒီအရာက

“မျှော်လင့်ချက် (Hope)” တဲ့

          Zeusကလူတွေအားလုံးသေကြေပျက်စီးပြီးပျောက်ဆုံးသွားစေချင်တဲ့စိတ်တော့မရှိဘူး။အဲဒါကြောင့် မျှော်လင့်ချက်(Hope) လေးတော့ချန်ထားပေးခဲ့တယ်။ အဲ့ဒီ ဒဏ္ဍာရီလေးကို ပမာယူကြည့်ရင် ကျွန်တော်တို့ နေ့စဥ်ဘဝမှာ ဘယ်လောက်ပဲဆိုးဝါးစုတ်ပြတ်တဲ့ ဒုက္ခတွေတွေ့ကြုံရပါစေ ကျွန်တော်တို့ဆီမှာ မျှော်လင့်ချက်လေးတော့ရှိသေးတယ်။ ကျွန်တော်တို့ရဲ့သေတ္တာထဲမှာ အမြဲရှိနေတာ။ဘယ်နေရာမှာလဲဆိုတာ မှန်မှန်ကန်ကန်နဲ့ရှာတတ်ဖို့ပဲလိုတာ။ Hope ကတော့အမြဲရှိနေတာပဲ။

-။-

“Hope” is the thing with feathers –
That perches in the soul –
And sings the tune without the words –
And never stops – at all –

And sweetest – in the Gale – is heard –
And sore must be the storm –
That could abash the little Bird
That kept so many warm –

I’ve heard it in the chillest land –
And on the strangest Sea –
Yet – never – in Extremity,
It asked a crumb – of me.

Emily Dickinson

Nyan Zaw Htet

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

4 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…

4 months ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago