Blogs

မြေပဲတင်း၇၀

တစ်ခါက Meeting မှာနားထောင်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခု။ ကိုယ့်ဟာကိုယ်တောင်ရိက္ခာမလုံလောက်ချိန်မှာ စစ်ဘေးရှောင်တွေကိုကူညီပေးဖို့ သူတို့မှာရှိတဲ့ ရိက္ခာတွေကိုခွဲပေးနေရတာကြောင့် သူတို့အတွက် တောထဲက “ဆူးမရှိတဲ့အရွက်” တွေပဲခူးပြီးချက်စားပါတယ်လို့ ချင်းရဲဘော်တစ်ဦးကပြောတော့ meeting မှာ Dr.Sasa တောင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ အဲ့တာကလွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ခဲ့တာပါ။

အခုလဲ  မြိုင်က ဒေသခံပြည်သူတွေကသူတို့စိုက်ထားတဲ့မြေပဲတွေကို တော်လှန်ရေးဘော်တွေအတွက်ဆိုပြီးထောက်ပံ့ပေးတယ်ဆိုတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ မပြည်စုံနေတဲ့အခြေအနေမှာ အချင်းချင်းပြန်လည်ထောက်ပံ့ပေးကြတာကိုသိမြင်ရတာ အားဖြစ်စေတယ်။

မြေပဲတွေရဲ့ငွေကြေးတန်ဖိုး(monetary value) ကနည်းကောင်းနည်းမယ်။ ဒါပေမယ့် မြေပဲတွေကပေးတဲ့ စိတ်ခံစားချက်တန်ဖိုး(sentimental value) ကအများကြီးပဲ။ ချမ်းသာတဲ့သူဌေးကြီးက မြေပဲတွေတင်းတစ်သောင်းလောက်ပေးတာနဲ့ မပြည်စုံပဲအခက်ခဲတွေရှိနေတဲ့ပြည်သူတွေက ကိုယ်တိုင်စိုက်ထားတဲ့ တင်း၇၀ လောက်ပေးတာက စိတ်ခံစားချက်တန်ဖိုး(sentimental value) တွေကွာတယ်။ ရတဲ့ရဲဘော်တွေလဲတော်တော်အားရှိသွားမှာ။ ကိုယ့်ကိုလဲ အဲဒီလိုအခြေအနေမျိုးမှာ လယ်သမားအမျိုးသမီးတစ်ယောက်က သူစိုတ်ထားတဲ့မြေပဲ တစ်ပိဿာလောက်ပဲလာပေးဦး အင်မတန်ကြည်နူးပြီးအားဖြစ်စေမှာ။

အလုပ်ထဲနယ်သာလန်တွေနဲ့ အခန်းဖော် နယ်သာလန်ကောင်တွေကို ကြုံရင်ဒီအကြောင်းပြောပြချင်သေးတယ်။ နယ်သာလန်ဆိုတာလဲ စိုက်ပျိုးရေးနိုင်ငံလို့ပြောလို့ရတယ်။ လယ်သမား peasants တွေနဲ့စခဲ့တာ။ အခုထိ လယ်သမား ပါတီတောင်ရှိတယ်။ စိုက်ပျိုးရေးနည်းပညာတွေဒီမှာဖြစ်ထွန်းတယ်။ အဲဒီတော့ နယ်သာလန်တွေကို “ငါတို့ဆီကတောင်သူလယ်သမားတွေက မြေပဲစိုက်ပြီး ရတဲ့မြေပဲတွေကို တော်လှန်ရေးရဲဘော်တွေအတွက်ထောက်ပံ့တာ” ဆိုပြီးတော့ပြောချင်သေးတယ်။ မပြည်စုံနေတဲ့ပြည်သူတွေကပြန်ပေးနေတာ။

စဉ်းစားကြည့်ရင် 

“လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက အမေက အိုင်ဖုန်းကြီးနဲ့ ဂူချီအိတ်ကြီးနဲ့ဘယ်လိုတွေ ပိုင်ဆိုင်ပြီးသုံးနိုင်စွဲနိုင်ခဲ့တာ” ဆိုတာထက်

“လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက အမေက ကိုယ်လက်ကိုယ့်ခြေနဲ့စိုက်ပျိုးထားခဲ့တဲ့ မြေပဲတွေကို တော်လှန်ရေးရဲဘော်တွေကိုထောက်ပံ့ပေးပြီးတော့ တိုင်းပြည်အရေးတော်ပုံအောင်ပါဝင်ခဲ့တာ” လို့ပြောလိုက်ရင် ဟာ…နားထောင်နေတဲ့ သမီးဖြစ်သူရဲ့ရင်ထဲမှာ စူးဝင်ပြီးတော့ သူ့အမေအတွက် အရမ်းကိုဂုဏ်ယူနေမှာ။ Proud ဖြစ်နေမှာ။ ဓာတ်ပုံတွေထဲမှာလဲ အဲ့လိုအမေမျိုးတွေပဲ ကျွန်တော်မြင်မိတယ်။ 

ကျွန်တော်တော့ အင်မတန်သဘောကျတာ။ 

“မြေပဲတင်း၇၀ ဇာတ်လမ်း” ဆိုပြီး ရင်ထဲမှာ မှတ်တမ်းတင်ထားလိုက်တယ်။

Reference : https://www.facebook.com/share/TSUxcyViz2YbU2R2/?mibextid=WC7FNe

Nyan Zaw Htet

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

4 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…

4 months ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago