အမေတို့က သူတို့ခေတ်က Beatles ကဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်းပြောတယ်။ ကျွန်တော့်အလှည့်ကျ ကျွန်တော့်သားသမီးရှိခဲ့ရင် Coldplay ဘယ်လို့ကြီးကျယ်ခန်းနားကြောင်းပြောရလိမ့်မယ်။Coldplay ကိုကြိုက်တာ တစ်ခါလာလဲ အသည်းကွဲအချစ်သီချင်းတွေဆိုနေတာမဟုတ်ပဲ အတွေးအခေါ်တွေ(Philosophy)၊ စိတ်ကူးစိတ်သန်းတွေ(Inspiration)၊အိမ်မက်တွေ(Dream)၊ဘဝအကြောင်း(Life)၊မေတ္တာတရား(Love)၊မျှော်လင့်ချက်(Hope)၊အားပေးနှစ်သိမ့်မှု(Encouragement) တွေအကြောင်းရေးဖွဲ့သီဆိုတာကြောင့်ကြိုက်တာ။
ကျွန်တော့်အတွက်တော့ တစ်ကယ်ကြီးကျယ်ခန်းနားတဲ့ Band ဆိုတာ အချစ်သီချင်းတွေနဲ့ လူကြိုက်များပြီး Grammy တွေရနေတဲ့ Band မဟုတ်ဘူး။နှစ်ပေါင်းမျာစွာကြာလို့ ပြန်နားထောင်ရင်တောင်မှ လူအများစုဘဝအတွက် ကောင်းမွန်တဲ့လွှမ်းမိုးမှုပေးစွမ်းနိုင်တဲ့ သီချင်းမျိုးတွေချန်ထားခဲ့နိုင်တာ Band။ Coldplay ဟာအဲ့လို Band မျိုး။ အခုသူ့သီချင်းတွေထဲကမှ ကျွန်တော့်အကြိုက်ဆုံး ၁၀ ပုဒ်ကိုသေချာစီစစ်ပြီးရွေးချယ်လိုက်တယ်။
ဆင်မလေးနေရာကခံစားပြီးတော့ Coldplay ကရေးတယ်။ ဒီသီချင်းနားထောင်ပြီး ကျွန်တော်တိရစ္ဆာန်တွေပေါ်မှာရှိတဲ့အမြင်လုံးဝပြောင်းသွားတယ်။ဆင်မလေးကငယ်ငယ်လေးတည်းက တိရစ္ဆာန်ရုံထဲမှာပဲကြီးပြင်းလာခဲ့ရတာ။သူအတွက် ဒီလိုအချုပ်အနှောင်ထဲမှာတစ်သက်လုံးမနေချင်ဘူး။ သူမိသားစုတွေသူငယ်ချင်းတွေရှိတဲ့ တောမြိုင်ဥယျာဥ်ကြီးထဲမှာပဲလွတ်လွတ်လပ်လပ်ကျင်လည်ကျက်စားချင်တာ။ သူအတွက်က အဲ့နေရာက သုခဘုံ(Paradise)ပဲ။ သူအဲ့နေရာကိုရောက်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့အကြောင်းကို Coldplay က
When she was just a girl she expected the world
But it flew away from her reach
So she ran away in her sleep and dreamed of
Para-para-paradise, para-para-paradise, para-para-paradise
Every time she closed her eyes
လူတွေက လွတ်လပ်ရေးလွတ်လပ်ရေး Freedom လူ့အခွင့်အရေး လူ့အခွင့်အရေး Human rights ပြီး တိုက်ပွဲဝင်ကျတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေကျတော့ “မင်းတို့က စကားမပြောတတ်ဘူးဆိုပြီး” လှောင်အိမ်ထဲမှာတသက်လုံးချုပ်နှောင်ထားခဲ့ပြီး သူတို့ရဲ့ “လွတ်လပ်မှု၊အခွင့်အရေး” တွေကိုကြတော့ရက်စက်စွာရယူခဲ့ကျတယ်။ ကိုယ်အကျိုးအမြတ်အတွက် ကိုယ်စိတ်ချမ်းသာဖို့ အတွက် ငှက်တွေက သေတဲ့အထိလှောင်အိမ်ထဲမှာနေဖို့ဖြစ်လာတာမဟုတ်ဘူး။ ဝေဟင်မှာ လွတ်လပ်စွာပျံသန်းဖို့မွေးလာတာ။ ခြင်္သေ့တွေ၊ကျားတွေ ကလဲ တစ်ရက်တစ်ခါအစာလေးတွေလာကျွေးကြပြီး လူအကြည့်ခံဖို့ဓာတ်ပုံအရိုက်ခံဖို့၊ဆပ်ကပ်ပြဖျော်ဖြဖို့ တသက်လုံးလှောင်အိမ်ထဲမှာနေရင်းသေဖို့မွေးလာတာမဟုတ်ဘူး။ တောတွေတောင်တွေထဲမှာ သဘာဝကြီးအတိုင်း အမဲလိုက်ပြီး ကျင်လည်ကျက်စားဖို့မွေးလာတာ။ ဖျံတွေ၊လင်းပိုင်တွေ၊မိကျောင်းတွေ၊လိပ်တွေကလဲ ကန်ကျဥ်းကျဥ်းလေးထဲမှာ တသက်လုံး “Lockdown” အကျခံပြီးလူတွေအကြည့်ခံဖို့မွေးလာတာမဟုတ်ဘူး။ သဘာဝအတိုင်းပဲ မြစ်တွေချောင်းတွေပင်လယ်သမုဒ္ဓရာထဲမှာ “လွတ်လွတ်လပ်လပ်” ကူးခပ်ပြီးကျင်လည်ကျက်စားဖို့မွေးလာတာ။
အဲ့ဒီတော့ Coldplay ရဲ့ Paradise ကိုနားထောင်ပြီးနောက်ပိုင်း တိရစ္ဆာန်ရုံကိုရောက်ရင် ကျွန်တော်မပျော်နိုင်တော့ဘူး။ ကျွန်တော့်မှာ သားသမီးရှိလာခဲ့လို့ရှိရင်လဲ “သမီးရေ ဟိုမှာ ခြင်္သေ့ကြီးကြည့်စမ်း။ ဟိုမှာ ငှက်ကြီးက လှလိုက်တာ” ဆိုပြီး “လှောင်အိမ်” ထဲကိုလက်ညှိုးထိုးပြီးပြောနိုင်မှာမဟုတ်တော့ဘူး။ အဲ့အစား “တိရစ္ဆာန်တွေဟာ လူတွေပျော်ရွှင်ဖို့ လူတွေဖျော်ဖြေဖို့ လူတွေအကြည့်ခံဖို့ မွေးလာတာမဟုတ်ဘူး။ အဖေတို့လူတွေလိုမျိုးပဲ လွတ်လွတ်လပ်လပ်နဲ့ သဘာဝအတိုင်းတောတွေတောင်တွေထဲမှာ ကျင်လည်ကျက်စားဖို့မွေးလာတာ” ဆိုပြီး တိရစ္ဆာန်ပေါ်မှာ အမျိုးအစား ခွဲခြားမဆက်ဆံပဲ အကုန်လုံးကို အမှန်တကယ်ချစ်တတ်ဖို့၊ သူတို့ရဲ့လွတ်လပ်မှု ကိုလေးစားရဖို့ တန်ဖိုးထားတတ်ဖို့၊ လိုအပ်ရင် စကားမပြောတတ်တဲ့သူတို့အတွက် စကားပြောတတ်တဲ့ကိုယ်တို့က Freedom နဲ့ Animal rights တွေအတွက်တိုက်ပွဲဝင်တတ်ဖို့ကိုပဲ ဆုံးမမိနေလိမ့်မယ်။ နောက်ပိုင်း A.I နည်းပညာတွေပိုထွန်းကားလာခဲ့ရင် တိရစ္ဆာန်ရုံတွေထားနေစရာမလိုတော့ဘူး။ 3D technology တွေ၊ Virtual reality တွေနဲ့ တိရစ္ဆာန်ရုံတွေဖန်တီးဖို့ရလာနိုင်တယ်။ အဲ့ဒါဆိုရင် တိရစ္ဆာန်တွေကလဲ တောထဲတောင်ထဲ ပင်လယ်သမုဒ္ဓရာထဲမှာ သဘာဝအတိုင်းကျင်လည်ကျက်စားလို့ရတယ်။ လူတွေကလဲ Virtual reality တိရစ္ဆာန်ရုံထဲမှာပဲ တိရစ္ဆာန်တွေရဲ့ နေပုံစားပုံစားတွေကို တကယ့်သက်ရှိတွေလိုမျိုး မြင်တွေ့နိုင်တယ်။
ကျွန်တော် Fourth-year ကျောင်းသားဘဝလောက်တုန်းက ဒီသီချင်းကထွက်လာတဲ။ အဲ့ကတည်းက တိရစ္ဆာန်တွေအပေါ်မြင်တဲ့အမြင်ကလုံးဝကိုပြောင်းလဲသွားခဲ့တယ်။ ဒီသီချင်းရဲ့ Music video ထဲမှာ Chris Martin ကဆင်မလေး costume ဝတ်ပြီး တိရစ္ဆာန်ယျာဥ်ထဲကထွက်ပြေး လေယာဥ်ခိုးစီး မိုင်ပေါင်းများစွာလမ်းတွေလျှောက်ပြီးနောက်ဆုံးသူစိတ်ကူးယဥ်ခဲ့တဲ့ “သုခဘုံ” တောမြိုင်ကြီးထဲကိုရောက်သွားရော။ အဲ့ဒီမှာ သူ့သူငယ်ချင်းဆင်တွေနဲ့ပြန်ဆုံ ပျော်ရွှင်မြူးတူးခုံပေါက်ကြတဲ့ပုံစံမျိုးလေးရိုက်ပြထားတယ်။ အခုဒီစာကိုရေးနေတဲ့အချိန်မှာလဲ ပြည်ပနိုင်ငံမှာ ကျွန်တော်တစ်ယောက်တည်း Covid ကြောင့် ၉လလောက် Lockdown ကျနေတဲ့အချိန်။ ဒီလို့အချိန်မှာ တိရစ္ဆာန်တွေကျတော့ လှောင်အိမ်တွေထဲမှာ တသက်လုံး Lockdown ကျပြီးနေခဲ့ရတာကိုစဥ်းစာမိရင် သူတို့အပေါ်သနားမိတဲ့ခံစားချက်တွေဖြစ်မိတယ်။ လူတွေသူတို့အပေါ်မှာ လုပ်ခဲ့တာတွေအတွက် ရွံံံရှာစက်ဆုပ်မိတဲ့ခံစားချက်တွေဖြစ်မိတယ်။ သူတို့လဲ Coldplay ပြောသလို Paradise ဆိုတဲ့ ရေမြေတောတောင်တွေထဲမှာ အချုပ်အနှောင်မရှိ သဘာအတိုင်း သူငယ်ချင်းတွေ မိသားစုတွေနဲ့ လွတ်လွတ်ပျော်ချင်မှာပဲလို့ ခံစားမိတယ်။
စွန့်လွှတ်စွန့်စား ခရီးသွားချင်စိတ်တွေရှိတဲ့လူက ဒီသီချင်းကိုနားမထောင်သင့်ဘူး။ ဘာလို့လဲဆိုတော့ Beat ကအရမ်းမြူးတော့ ကျောပိုးအိတ်အခုကောက်ဆွဲပြီး ခရီးသွားချင်စိတ်တွေပေါ်လာလိမ့်မယ်။
အမေကပြောတယ်
မင်းဘဝမှာလိုချင်တာတွေအားလုံးရဖို့ စိတ်ကူးယဥ်တတ်ဖို့ပဲလိုတယ်
Umi she’d say
Everything you want’s a dream away
Umi ဆိုတာ အာရပ်ဘာသာစကားနဲ့ “အမေ” ကိုရည်ညွှန်းတာပါ။ ဘဝရဲ့ဖိအားဒဏ်တွေအောက်မှာ ငါတို့က စိန်တွေလိုမျိုးပဲ ဖိအားတွေခံနိုင်ကြောင်းကို
Under this pressure, under this weight
We are diamonds
ဒီသီချင်းက ဘဝနဲ့အချစ် (Life and love) မှာစွန့်စားဖို့ကိုဖော်ကျူးထားတဲ့သီချင်း။ Singer ကသူ့ချစ်သူကိုပြောတယ်…
“ဘဝမှာ ဒီတစ်ခါပဲအသက်ရှင်ခွင့်ရမယ်ဆိုရင်
ငါမင်းနဲ့အတူ စွန့်စားချင်တယ်” တဲ့
And if we’ve only got this life
In this adventure, oh then I
Want to share it with you
Helen Keller ပြောသလိုပေါ့ “ဘဝဆိုတာ ရဲဝံ့တဲ့စွန့်စားမှုတစ်ခုဖြစ်ရင်ဖြစ် မဖြစ်ရင် အလကားပဲ”။နေရာတိုင်းမှာ သေချာရေရာမှ၊ပိုင်မှ၊ safe ဖြစ်မှလုပ်မယ်ဆို ဘဝကပျင်းစရာကောင်းနေလိမ့်မယ်။ Life က static ဖြစ်နေလိမ့်မယ်။ မသေချာမရေရာမှုလေးတွေနဲ့ စွန့်လွှတ်စွန့်စားလုပ်လိုက်ရတာမှ ဘဝကစိတ်လှုပ်ရှားစရာကောင်းတာ။ Life က dynamic ဖြစ်နေမှာ။ အဲ့ဒါကြောင့် Coldplay က “ဘဝတစ်သက်စာရဲ့စွန့်စားမှု” Adventure of a lifetime” လို့အမည်ပေးထားတာ။
Music video ကို Coldplay ကမျောက်တွေကနေ့တဲ့ပုံနဲ့ဖန်တီးထားတာမိုက်တယ်။ စွန့်လွှတ်စွန့်စားမှုကိုစတင်ဖို့ သင့် mood ကို uplift ဖြစ်အောင်နှိုးဆွချင်ရင် ဒီသီချင်းနားထောင်ကြည့်။ ကျွန်တော့်အတွက် Coldplay သီချင်းတွေထဲကခဏခဏပြန်ပြန်နားထောင်မိတဲ့အကြိုက်ဆုံးသီချင်းတစ်ပုဒ်။
အဖေနဲ့ဝေးနေတဲ့သူတွေ၊အဖေမရှိတော့တဲ့သူတွေအတွက်တော့ ဒီသီချင်းက ခံစားစေလိမ့်မယ်။ Singer ကသူအဖေကိုမေးတယ်
“အဖေ တစ်နေရာရာမှာရှိနေလား
ရှိရင် ကျွန်တော့်ဆီခဏလောက်လာခဲ့လို့မရဘူးလား
ကျွန်တော့်ကိုဂရုမစိုက်တော့ဘူးလား
ကျွန်တော့်ကိုပြောစရာစကားခုခုမရှိဘူးလား
ဘာလို့များအဝေးကိုထွက်သွားရတာလဲ
အဖေရော အဆင်ပြေရဲ့လား
ကြည့်ပါဦး အဖေနဲ့ကျွန်တော်နဲ့ ဆံပင်ပုံစံ အတူတူပဲ
ဒီနေ့ဟာကျွန်တော့မွေးနေ့လေ
ဒါပေမယ့် ပြောစရာဆိုလို့ အဖေက ကျွန်တော်နဲ့အဝေးကြီးမှာရောက်နေတာပဲရှိတယ်
ရပါတယ်။အဆင်ပြေပါတယ်။
ဒါပေမယ့် တစ်ခါလောက်ပြန်လာပြီး ကျွန်တော်နဲ့အတူတူနေပေးလို့မရဘူးလား
တစ်ရက်လောက်လေးပါပဲ”
Music video လေးက animation လေးနဲ့လုပ်ထားတာလှတယ်။ သမီးဖြစ်သူက ပင်လယ်ထဲမှာတစ်ယောက်တည်းလမ်းတွေပျောက်နေတဲ့အချိန် သူ့အဖေကို သတိရတဲ့ပုံစံလေးနဲ့ရိုက်ပြထားတယ်။ဒုက္ခသုက္ခတွေရောက်ပြီး နောက်ဆုံးကမ်းပေါ်ကိုပြန်ရောက်သွားတဲ့အချိန် အဖေ့ရဲ့လက်ကလေးကမ်းလိုက်တာကိုပြရင်း သီချင်းလေးဆုံးသွားတယ်။ အဖေနဲ့အမှတ်တရဖြစ်စရာသိပ်မရှိတဲ့ ကျွန်တော့်အတွက်တော့ ဒီသီချင််းက ပထမကဦးဆုံးနားထောင်တည်းက ရင်ထဲကိုထိတာပဲ။
သေကြောင်းကြံသွားတဲ့အဆိုတော် Scott Hutchison ကိုဂုဏ်ပြုတဲ့အနေနဲ့ Coldplay ကဒီသီချင်းလေးရေးတယ်။အခုချိန်ထိထွက်ခဲ့သမျှ Coldplay သီချင်းတွေထဲမှာ ကျွန်တော်ဒုတိယမြောက်အကြိုက်ဆုံးသီချင်းပေါ့။ Bully လုပ်ခံရမှု၊စိတ်ကျရောဂါ(Depression) အကြောင်းကိုဖော်ညွှန်းထားတယ်။
လောကကြီးမှာ လူတစ်ချို့က သာမန်လူ့အဖွဲ့အစည်းနဲ့နေသားမကျဘူး။သူတို့သွားချင်တဲ့လမ်းကြောင်း၊သူတို့နေထိုင်ချင်တဲ့ ဘဝပုံစံကလူ့အဖွဲ့အစည်း သဟာဇတမဖြစ်ဘူး။ ဒါပေမယ့် သူတို့အကောင်းဆုံးကြိုးစားပြီးအဆင်ပြေအောင်နေတယ်။ အဲ့လိုအဆင်ပြေအောင်နေရင်းပဲ နောက်ဆုံးမခံနိုင်တဲ့အဆုံး ဘဝကို အရှုံးပေးလိုက်ရတယ်။အဲ့လိုအရှုံးမပေးပဲ ရှေ့ဆက်ပြီးတိုက်ပွဲဝင်နေတဲ့လူတွေလဲရှိတယ်။ Coldplay က အဲ့လို ဘဝကိုအရှုံးပေးလိုက်တဲ့သူတွေရော အရှုံးမပေးပဲဆက်လက်တိုက်ပွဲဝင်နေတဲ့လူတွေရော အကုန်လုံးဟာ “ကမ္ဘာ့ချန်ပီယံ” တွေပါပဲဆိုတာကို
လူအများစုက အရှေ့အရပ်ကို သွားနေတဲ့အချိန် ကိုယ်က အနောက်အရပ်ကိုခရီးနှင်နေတယ်။ဆိုလိုချင်တာက ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေ၊အတွေးအမြင်တွေက လူအများစုနဲ့ဆန့်ကျင်နေတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်။ဒါပေမယ့် အကောင်းဆုံးမျှော်လင့်ပြီး အနောက်အရပ်ကိုခရီးသွားနေတဲ့သူတွေကို Coldplay က
အဲ့လိုကိုယ်ရဲ့စိတ်ကူးအိမ်မက်တွေအတွက် ကြိုးစားရုန်းကန်နေရတဲ့အချိန် Singer အပေါ်မှာ ယုံကြည်တဲ့သူတစ်ဦးပဲရှိတယ်။ အဲ့ပုဂ္ဂိုလ်ကိုသီချင်းစာသားထဲမှာ “She” လို့ပဲပြောသွားတယ်။ အဲ့ “She” ကဘယ်သူလဲဆိုတာကို Singer ကမဖော်ပြသွားဘူး။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ တကမ္ဘာလုံးမှာ မင်းဟာ ငါ့အတွက်တော့ အကောင်းဆုံးလူသားပဲဆိုတာကို
နောက်ဆုံး၂ပုဒ်မှာ Coldplay ကကိုယ်ယုံကြည်ရာ စိတ်ကူးအိမ်မက်တွေကို လွတ်လွတ်လပ်လပ် သတ္တိရှိရှိနဲ့လိုက်ပြီး စွန့်စားဖို့ ကျွန်တော် 90s kids တွေတော့သိတယ် ရုပ်ရှင်လောကမှာနာမည်ကြီး Academy ၄ခုရခဲ့တဲ့ E.T ဇာတ်ကားထဲကလို E.T ကိုဆက်ဘီးပေါ်တင်နင်းရင် ကောင်ကင်ပေါ်ကိုပျံသွားသလိုမျိုး မဖြစ််နိုင်ဘူးလို့ထင်ရတဲ့ Miracle တွေကိုလုပ်ဆောင်ဖို့အတွက် singer ကလက်မလျော့နိုင်တဲ့အကြောင်း။ ဘာလို့လဲဆိုတော့ ငါက “ကမ္ဘာချန်ပီယံ” ဖြစ်တဲ့အတွက်ဆိုတာကို
အဖေဖြစ်တဲ့သူဆုံးသွားလို့သောကရောက်နေတဲ့ ချစ်သူကို အားပေးနှစ်သိမ့်ဖို့ Chris Martin ကဒီသီချင်းလေးရေးပေးတယ်။ Chris ကသူတို့ရေးခဲ့တဲ့သီချင်းတွေထဲမှာ ဒီသီချင်းကအရေးကြီးဆုံးသီချင်းဖြစ်လိမ့်မယ်လို့ပြောဖူးတယ်။ သီချင်းနားထောင်တဲ့သူကို singer က အားပေးနှစ်သိမ့်မှု (Words of encouragement) တွေပေးတယ်။ ဒုက္ခတွေထဲက ပြန်လည်နာလည်ထူနိုင်ဖို့အားပေးတယ်။
When you try your best but you don’t succeed
When you get what you want but not what you need
When you feel so tired but you can’t sleep
Stuck in reverse
ကိုယ်ချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့ သူအတွက် singer က ထပ်တူခံစားတာရကြောင်းကို
And the tears come streaming down your face
When you lose something you can’t replace
When you love someone but it goes to waste
Could it be worse?
Lights will guide you home
And ignite your bones
And I will try to fix you
Personally အရ ဒီသီချင်းက ကျွန်တော့်အကြိုက်ဆုံး Coldplay သီချင်းပဲ။ သီချင်း Lyrics အစကအဆုံးထိအကုန်လုံးက နားထောင်လိုက်ရတဲ့သူအတွက် Encouragment, sympathy တို့ရတယ်။ နောက်ဆုံး guitar solo ဝင်လာတဲ့အပိုင်းက ဒီသီချင်းရဲ့ အလှဆုံးအပိုင်းပဲ။ Pain တွေ Losses တွေထဲကနေ recover ဖြစ်ဖို့ အားပေးနှစ်သိမ့်နိုင်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းလောက်ဘယ်သီချင်းမှကောင်းမယ်မထင်။
ကမ္ဘာပေါ်မှာ “ည” ကိုကိုယ်စားပြုနိုင်တဲ့ အကောင်းဆုံး သိီချင်းကိုပြပါဆိုရင် Coldplay ရဲ့ Midnight ကိုရွေးရလိမ့်မယ်။တီးလုံးရဲ့ဖန်တီးမူက “ည” ရဲ့ခံစားချက်နဲ့လိုက်ဖက်တယ်။ ညဘက်တစ်ယောက်တည်းတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန် ဒါမှမဟုတ် ညဘက်အပြင်မှာလမ်းလျှောက်နေတဲ့အချိန် ဒီသီချင်းနားထောင်ကြည့်ရင်လူက တောနက်ထဲမှာတစ်ယောက်တည်းသွားနေသလိုမျိုး Feeling ကိုပေးတယ်။ တစ်ယောက်တည်းမကြောက်ဖူးလားဆိုတော့ကြောက်တယ်။ဒါပေမယ့် သတ္တိမရှိဘူးလားဆိုတော့လဲ သတ္တိရှိတဲ့ ရသမျိုးခံစားရတယ်။ စာသားတွေက အဓိပ္ပာယ်လေးနက်ပြီး ဘဝရဲ့အဖြစ်အပျက်တွေကိုရည်ညွှန်းရေးဖွဲ့ထားတယ်။
“မနက်ခင်းမိုးသောက်မရောက်ခင် မှောင်မိုက်နေတဲ့ညနက်ထဲ
မိုးချိုးမုန်တိုင်းတွေရဲ့ဝဲဂယက်ကြားထဲမှာ
ဘဝရဲ့ထိုးနက်ချက်အမျိုးမျိုးကိုခံယူနေရပြီး ဘာမှမျှော်လင့်ချက်တွေမရှိတော့တဲ့အချိန်
ငါ့အတွက်အလင်းရောင်လေးတစ်ခုတော့ ချန်ထားပေးထားပါ” ဆိုပြီး
“In the darkness before the dawn
In the swirling of this storm
When I’m rolling with the punches and hope is gone
Leave a light, a light on”
Original Music video ကလဲမိုက်တယ်။ ဒါပေမယ့် Live performance တစ်ခုမှာဆိုသွားတာလေးက မီးရောင်တွေအောက်မှာ Lighting effect တွေနဲ့ဆိုတော့ပိုမိုက်တယ်။ တခြား Band တွေနဲ့မတူထူးခြားတဲ့ Live performance တစ်ခုပဲ။ ခံစားကြည့်လိုက်။ အဆုံးသတ်မှာနားမှာဝင်လာတဲ့ Beat ကိုကျွန်တော်အင်မတန်ကြိုက်တယ်။ ညဘက် တစ်ယောက်တည်း Solitude ကိုခံစားဖို့အတွက် ဒီသီချင်းကအကောင်းဆုံးဖြစ်လိမ့်မယ်။
Coldplay ရဲ့လူအများလျစ်လျူရှုခံရတဲ့ သီချင်းကောင်းတွေထဲက တစ်ခုကိုပြပါဆိုရင် “A message” ကိုရွေးရလိမ့်မယ်။ X and Y Album ထဲက Fix you ထက်အရင်ကျွန်တော်ကြိုက်ခဲ့တဲ့သီချင်း။ အခုချိန်ထိလဲ Coldplay သီချင်းတွေထဲမှာ ပြန်ပြန်နားထောင်ဖြစ်တဲ့သီချင်း။ ကိုယ်တိုင် ဂစ်တာတီးပြီးရံဖန်ရံခါပြန်ပြန်ဆိုဖြစ်တဲ့သီချင်း။ Fan တွေကလဲ ဒီသီချင်းကို one of the most underrated songs လို့ပြောကြတယ်။
2010 Haiti နိုင်ငံငလျင်လှုပ်တုန်း လူပေါင်းများစွာသေတဲ့အခါတုန်းက ကယ်ဆယ်ရေးရန်ပုံငွေပွဲအတွက် Coldplay က ဒီသီချင်းလေးကိုဆိုပေးဘူးသေးတယ်။ဒီသီချင်းလေးက အားပေးနှစ်သိမ့်မှုတွေ၊ချစ်ခြင်းမေတ္တာတွေပါတယ်။
ဒီသီချင်းရေးသားရခြင်းရည်ရွယ်ချက်တစ်ခုကလဲ Chris က စိတ်သောကရောက်နေတဲ့ သူ့ချစ်သူ(လက်ရှိဇနီးဟောင်း)အတွက် ရည်ရွယ်ပြီးရေးထားတာဖြစ်နိုင်တယ်။ ဘာလိုလဲဆိုတော့ X and Y Album ထွက်တဲ့အချိန်မှာ သူ့ချစ်သူက အဖေဆုံးလို့ Depression ဝင်နေတဲ့အချိန်ဖြစ်တာကို။
သီချင်းရဲ့ Composition ကိုကျွန်တော်ကြိုက်တယ်။ အစပိုင်းမှာ Acoustic guitar နဲ့ဝင်လာပြီးနောက်ပိုင်းမှာ Eletric guitar riff လာတာကလဲ coldplay ရဲ့style ပဲ။ သိပ် popular မဖြစ်လို့နဲ့တူတယ် Coldplay ကဒီသီချင်းအတွက် Official music video တောင်မလုပ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ hardcore fan တွေအတွက်တော့ ဒီသီချင်းက masterpiece ပဲ။
မေတ္တာတရား(Love)၊တန်းတူညီမျှမှု(Equality)၊နာကျင်မှု(Pain)၊ရုန်းကန်မှု(Struggles)၊လူသာချင်းစာနာမှု(Humanity)၊မျှော်လင့်ချက်(Hope) တို့ကိုဖော်ညွှန်းထားတဲ့သီချင်း။ တိုက်တိုက်ဆိုင်ဆိုင် ဒီAlbum က Covid မဖြစ်ခင် ၁ လလောက်အလိုမှာထွက်လာတာ။ Coldplay က 2020 မှာ ကမ္ဘာမှာကြီးမားတဲ့ ဖြစ်ရပ်တွေ၊ဒုက္ခတွေကြုံမယ်ဆိုတာ ကြိုမြင်နေသလားအောက်မေ့ရတယ်။
South Africa နိုင်ငံမှာ “Ubuntu” လို့ခေါ်တဲ့ Philosophy တစ်ခုရှိတယ်။ အဓိပ္ပာယ်က “လူသားချင်းစာနာမှု့(Humanity)” လို့ခေါ်တယ်။ “I am because we are” လို့လဲဘာသာပြန်လို့ရတယ်။ကျွန်တော်တို့တွေအသက်ရှင်နေနိုင်ခြင်းဟာ ပတ်ဝန်းကျင်ကတခြားလူတွေအသက်ရှင်နေနိုင်လို့။ တခြားလူတွေသာမရှိရင်ကျွန်တော်တို့ တစ်ယောက်တည်း အသက်ရှင်မနေနိုင်ဘူး။ ဒါကြောင့် “I am because we are” လို့ပြောတာ။ အဲ့ဒါကြောင့် ဒုက္ခသုခတွေကြားထဲမှာ လူတွေ တစ်ယောက်ကိုတစ်ယောက်ရိုင်းပင်းကူညီပြီးနေထိုင်ဖို့ Coldplay ကရည်ညွှန်းတယ်။
Singer ကပြောတယ်
ကြည့်ကြည့်ပါဦး လောကကြီးမှာလူတွေဘာတွေဖြစ်နေကြတုန်း
ငါတို့ဘာတွေလုပ်ကြမလဲ
လူတိုင်းနာကျင်နေကြတယ်
လူတိုင်းဝမ်းနည်းငိုကြွေးနေကြတယ်
လူတိုင်းတစ်ယောက်နဲ့တစ်ယောက်အလိမ်အညာတွေနဲ့လှည့်စားနေကြတယ်
လူတိုင်းကျရှုံးနေကြတယ်
လူတိုင်း စိတ်ကူးအိမ်မက်တွေရှိကျသလို စိုးရိမ်မှု၊သံသယတွေလဲရှိကြတယ်
ဒီလောကကြီးမှာ မင်းဟာငါ့ရဲ့သွေးချင်းညီအစ်ကိုလိုမျိုးပဲ
ဘာလို့မင်းကို ငါကရန်သူလို့သတ်မှတ်ရမှာလဲ
လူတိုင်းတစ်ယောက်နဲ့တစ်ယောက် အသားအရောင်တွေခွဲခြားဆက်ဆံနေကြတယ်
လူတိုင်းတစ်ယောက်နဲ့တစ်ယောက်ချစ်ကြသလို
တစ်ယောက်နှလုံးသားကို တစ်ယောက်နာကျင်ကြေမွအောင်လုပ်နေကြတယ်
ဒါပေမယ့် အဲ့လိုအခြေအနေတွေရောက်ခဲ့ရင်တောင် ဘဝကိုအရှုံးမပေးပဲရှေ့ဆက်ပါ
ရှေ့ဆက်ကြုံရမယ် နေ့စဥ်ဘဝတွေအတွက် ကြံကြံခံအားတင်းထားပါဆိုတာကို
ကမ္ဘာပေါ်မှာ လူတစ်ယောက်ကို စိတ်သက်သာရာရအောင်အလုပ်နိုင်ဆုံးသီချင်း၁၀ပုဒ်(Top 10 most relaxing songs in the world)ထဲမှာ Coldplay ရဲ့ဒီသီချင်းက နံပါတ်၅နေရာမှာရှိနေတာတွေ့တော့ ကျွန်တော်အံသြသွားတယ်။အဲ့ဒါကြောင့် ဒီသီချင်းနားထောင်တိုင်းစိတ်ထဲကပေါ့ပါးသလိုမျိုးခံစားနေရတာကိုဆိုတာသဘောပေါက်သွားတယ်။ Viva la Vida Album ထွက်လာတုန်းက လွန်ခဲ့တဲ့ ၁၂နှစ်ကျွန်တော် second year ဒါမှမဟုတ် third yearကျောင်းသားအရွယ်လောက်ပဲရှိလောက်ဦးမယ်။ စနားထောင်တုန်းက Viva la vida ကိုပဲကြိုက်တာ (မကြိုက်တဲ့လူရောရှိပါ့မလား)။ အဲ့သီချင်းနဲ့ Grammy တောင်ရခဲ့တာ။ ဒါပေမယ့် နောက်ပိုင်း အဲ့Album တခြားအပုဒ်တွေကိုနားထောင်ရင်းနဲ့ နှစ်သက်မိတဲ့သီချင်းတွေက “Cemetries of London” တို့ “Strawberry string” တို့ “Death and all of his friends”။ အဲ့အထဲကမှ “Strawberry string” ကိုပိုကြိုက်တယ်။ နားထောင်တာပိုကြာလာလေလေ “Viva la vida” ထက်တောင် “Strawberry swing” ကိုပိုကြိုက်လာလေလေပဲ။အဲ့ဒါကြောင့် ကျွန်တော့်အကြိုက်ဆုံး List ထဲမှာ နာမည်ကြီး viva la vida တောင်မရွေးပဲ ဒီသီချင်းကိုပဲရွေးရတယ်။
သီချင်းရဲ့ တီးလုံးသံစဥ်ပေါင်းစပ်မှုကလှတယ်။ဖော်မပြတတ်ဘူး။ နားထောင်ရင် ပေါ့ပါးလွတ်လပ်တဲ့ အပူအပင်ကင်းမဲ့တဲ့ “Carefree vibe” ကိုပေးတယ်။Acoutics guitar သံစဥ်ဝင်လာတဲ့အပိုင်းက ဒီသီချင်းရဲ့အလှဆုံးနဲ့ ကျွန်တော်အကြိုက်ဆုံးအပိုင်းပဲ။ နားထောင်ရင် အဲ့အပိုဒ်လေးရောက်လာတာကိုစောင့်နေရတဲ့ Feeling လေးကမိုက်တယ်။ Music video လေးဖန်တီးထားတာကလဲစိတ်ဝင်စားစရာကောင်းတယ်။ Scientifically အရ လူတွေရဲ့ စိုးရိမ်းစိတ်ကိုလျော့ချနိုင်တဲ့သီချင်းလေးတစ်ပုဒ်ဖြစ်နေတာကိုသိလိုက်ရတော့ ပိုလို့တောင်နှစ်သက်မိပြီး ပြန်ပြန်နားထောင်ဖြစ်တယ်။
သီချင်းနာမည်ကိုကြားကတည်းက Positive vibes တွေပါနေတယ်ဆိုတာ ခန့်မှန်းမိလို့ရတယ်။ Singer ကသူ့ချစ်သူနဲ့ခေါင်းမိုးပေါ်မှာအတူတူထိုင်ပြီး ကြယ်တွေကိုငေးကြည့်ရင် သူတို့ဘဝရဲ့အမှတ်ရစရာ အတွေ့အကြုံတွေကိုပြန်လည်တမ်းတပြီးခံစားနေမှုကိုဖော်ကျူးထားတယ်။ ဒဏ်ရာဒဏ်ချက်တွေအတူတူမျှဝေခံစားရင်းပဲ ဘဝရဲ့ထူးခြားဆန်းကြယ်လှပမှုတွေအကြောင်းကိုသူ့ချစ်သူကိုပြောပြတယ်။ သူ့အတွက်ဒီလိုအချိန်မှာ လောကကြီးတစ်ခုလုံးကိုမေ့လိုက်ပြီး မင်းဘေးမှာနားမှာပဲနေချင်တဲ့အကြောင်းကိုပြောပြတယ်။
ထူးခြားချက်က ဒီmusic video အတွက် coldplay ကသူရဲ့ fan တွေကိုယ်တိုင်ရိုက်ထားတဲ့ random video တွေပို့ခိုင်းလိုက်ပြီး အဲ့ video clips လေးတွေအကုန်ပေါင်းပြီး Official music video လုပ်ထားတာလေးကချစ်စရာကောင်းတယ်။ ဒီသီချင်းရဲ့ lyrics ရော melody ကိုကျွန်တော် အင်မတန်ကြိုက်တယ်။ Chris အော်တဲ့အပိုဒ်လေးကိုအကြိုက်ဆုံးပဲ။နားထောင်တဲ့လူကို positive vibes တွေပေးတယ်။ Video လေးကိုကြည့်ရင် ကိုယ်မှာရှိနေတဲ့အရာတွေနဲ့ Life ကို enjoy လုပ်ဖို့ message မျိုးရတယ်။ နောက်ဆုံးစာသားလေးက “ဒီနေ့ဟာ Amazing day” ပါပဲတဲ့။
သေချာတယ် ကျွန်တော့်စာဖတ်တဲ့သူစိတ်ထဲမှာ နာမည်ကြီးတဲ့ The Scientist တို့ Yellow တို့ Viva la vida တို့ Something just like this ကျွန်တော့် List ထဲမှာဘာကြောင့်မပါတာလဲလို့တွေးနေလိမ့်မယ်။ အဲ့သီချင်းတွေလဲကြိုက်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်Personally အရ လွှမ်းမိုးမှုအရှိဆုံး၊အကြိုက်ဆုံး ၁၀ပုဒ်ကိုပဲရွေးထားတာပါ။ ကျွန်တော့် List ထဲမှာမပါတဲ့ စာဖတ်သူကြိုက်တဲ့ Coldplay သီချင်းရှိရင်လဲသိချင်ပါရဲ့။
သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့ ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်
အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…
စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။
စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။