Poems

အနိုင်မခံအရှုံးမပေးသူ

အမှောင်ထုက လွှမ်းခြုံထားတဲ့ ည
ဘုရားရှင်တွေကို တိုင်တည်ပြီးတော့ ကျေးဇူးတင်မိတယ်
အရှုံးမပေးတဲ့စိတ်ဓာတ်တွေ ငါ့ကိုဆောင်ကျဉ်းပေးခဲ့တဲ့အတွက်

အခြေအနေတွေရဲ့သားကောင်အဖြစ်ကျရောက်ခဲ့ပေမယ့်
ငါ မျက်နှာတစ်ချက်တွန့်မသွားသလို အော်ဟစ်ငိုမကြွေးသွားဘူး
ကံကြမ္မာရဲ့ပြင်းထန်တဲ့ရိုက်နက်ချက်တွေအောက်မှာ
ငါနာကျင်ကြေမွနေပေမယ့် ခေါင်းငုံ့အရှုံးမပေးသွားဘူး
ဒေါသနဲ့မျက်ရည်တွေပြည့်နက်နေတဲ့ ဒီလောကကြီးရဲ့အဆုံးမှာ
သေခြင်းတရားကိုတောင် တချိန်မှာ ရင်ဆိုင်ရမှာပဲ
ဒါပေမယ့် ရှေ့ဆက်ဖြတ်သန်းရမယ့်နေ့တွေမှာ
ဘယ်အရာကိုမှ ငါကြောက်ရွံ့နေမှာမဟုတ်ဘူး
သွားရမယ့်လမ်းက ဘယ်လောက်ပဲ ကျဉ်းမြောင်းပြီးကြမ်းတမ်းနေပါစေ
ဘဝရဲ့ဘေးဒဏ်တွေ ဘယ်လောက်ပဲကျရောက်လာပါစေ
ငါဟာ ငါ့ကံကြမ္မာဖန်တီးမယ့် အရှင်သခင်
ငါဟာ ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်
                                                                                      ဝီလီယန် အာနက်စ် ဟန်လေ
Invictus
Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds and shall find me unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate,
I am the captain of my soul.
                                                                    William Ernest Henley

Nyan Zaw Htet

Share
Published by
Nyan Zaw Htet
Tags: ကဗျာ

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

4 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…

4 months ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago