ပြီးခဲ့တဲ့ စနေ့နေ့က Amsterdam ကရုပ်ရှင်ပြပွဲလေးကိုသွားကြည့်ခဲ့တယ်။ လူအများကြီးလာမယ်လို့ မျှော်လင့်ထားပေမယ့်လဲ အယောက် ၂၀ကျော်လောက်ပဲရောက်လာတယ်။ ရထားမရှိတာကြောင့် ဘယ်သူမှမလာမှာကိုတောင် စိုးရိမ်နေခဲ့တာ ရောက်လာကြကိုပဲစိတ်ကကျေနပ်တယ်။ တစ်လ လောက်ပြင်ဆင်ခဲ့ရတာလေး အဆင်ဆင်ပြေပြေနဲ့ပြီးသွားခဲ့မှပဲ စိတ်ကဒုန်းဒုန်းချနိုင်တော့တယ်။
ပြတဲ့ ရုပ်ရှင်ကားက ၄ကားလုံးထဲမှာ ကြိုက်တာက The Unknown infinity ကိုအကြိုက်ဆုံး ရိုက်ပြကွက်တွေကမိုက်တယ်။ သူများတွေတော့ သိပ်မကြိုက်ဖူးထင်တယ်။ ပထမကား Guilt ပိုင်ဖြိုးသုတို့ဟာတော့ ရုံစောင့်နေရလို့ မမှီလိုက်။ ဒုတိယအကြိုက်ဆုံးကတော့ နောက်ဆုံးကား (Together အတူတကွ) ပဲ။ မျက်ရည်ကျခဲ့ရတယ်။
သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့ ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်
အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…
စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။
စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။