Blogs

အဝါရောင်ကိုက်ခဲမှု

မီးရောင်ကို sensitive ဖြစ်မယ်မှန်း ဥရောပစရောက်တော့မှသိတော့တယ်။ လွန်ခဲ့တဲ့ ၆နှစ်က Belgium ကိုကျောင်းတက်ဖို့စရောက်တော့ ကျောင်းသားအဆောင်က ကျွန်တော်နေမယ့်အခန်းကို စရောက်တော့ အခန်းမီးအရောင်ကိုမြင်လိုက်တာနဲ့တင် စိတ်ဓာတ်ကျနေပြီ။ မီးအရောင်က ဝါကျင့်ကျင့်အရောင်။ မှိန်မှိန်နဲ့။ထောင်ထဲမှာ အကျဉ်းသားကို မီးအဝါရောင်မှိန်မှိန်လေးနဲ့ပေးနေခိုင်းသလိုမျိုး ခံစားချက်ဝင်တယ်။ တော်တော်ကြာမှ နားလည်လိုက်တာက ဥရောပနိုင်ငံမှာရှိတဲ့ အိမ်တွေအလုပ်တွေကျောင်းတွေဆိုင်တွေမှာ မီးလုံးကို အဝါရောင် warm light ပဲသုံးကြတယ်ဆိုတာပါပဲ။ Restaurant တွေမှာ ချစ်သူရည်းစား ၂ယောက်ညစာစားရင် အဝါရောင် မှိန်မှိန်နဲ့ မီးရောင်အောက်မှာ အတူတူစားနေကြတာကို ရုပ်ရှင်ကားတွေထဲမှာမြင်ဖူးကြမှာပေါ့။ Romantic ဆန်စရာလေးပေါ့။ ဒါပေ့မယ့် အဲ့ဒီ အဝါရောင် warm light က ကျွန်တော့်ရဲ့ စိတ်ကျန်းမာရေ metal health ကိုအဲ့ဒီလောက် သက်ရောက်မှုရှိလိမ့်မယ်လို့ အရင်ကမထင်ထားမိခဲ့ဖူး။

မြန်မာနိုင်ငံမှာ မီးအဖြုရောင် Florencence lamp နဲ့ပဲ အသက်၂၀ကျော်ထိ ကြီးပြင်လာခဲ့ရတော့ အဝါရောင်ကို စတင်ထိတွေ့ရတဲ့အခါမှာ first impression မှာတင်စိတ်က ကျသွားတယ်။ထူးခြားတာက မီးအဖြုရောင်ကိုဘယ်မှာမှရှာလို့မရတာပဲ။ ဆိုင်တွေအကုန်လုံးက မီးအဝါရောင်တွေချည်းပဲရောင်းတာ။ ဘယ်ဆိုင်သွားသွားပါ။ မျက်နှာကြက်က အဝါရောင်တင်မကဘူး စာကြည့်စားပွဲက သားပွဲတင်မီး table lamp ကိုဖွင့်ကြည့်တော့ လဲ အဝါရောင် ဘယ်အခန်း ဘယ်အိမ် ဘယ်နေရာရောက်ရောက် အဝါရောင် တွေချည်းပဲ။ အတူတူကျောင်းလာတက်တဲ့ မြန်မာ ၂ယောက်နဲ့ ကျန်တဲ့ အာရှသားအတန်းဖော်တွေကတော့ ဘာမှ complaint တက်တဲ့ပုံမပေါ်ဘူး။ မီးရောင်ကိုထွေထွေထူးထူးမပြောကြပေမယ့် ကျွန်တော့်အတွက်တော့ ပထမ နှစ်ဝက် 1st term ၆လ Belgium မှာစာလုပ်ခဲ့ရတဲ့အချိန်တွေဟာ စိတ်အင်အားအပြည့်အဝမရပဲ စိတ်ဓာတ်က တစ်ဝက်လောက်ကျနေတဲ့ပုံစံမျိုးနဲ့ပဲနေခဲ့ရတယ်။ နေ့တိုင်း ညဘက်ရောက်လို့ အခန်းမီးဖွင့်တာနဲ့တင် စိတ်က မအီမသာ လုပ်ချင်စိတ်ကိုင်ချင်စိတ်မရှိနဲ့ motivation ကိုတော်တော်လျော့နည်းခဲ့တယ်။

ဒုတိယနှစ်ဝက် ပြင်သစ်ကိုစရောက်တဲ့အခါ အဆောင်အခန်းကို ပထမဦးဆုံးသွားရတဲ့နေမှာပေါ့ မမျှော်လင့်ထားတာလေးကြုံခဲ့ရတယ်။ အဲ့တာကတော့ အခန်းမျက်နှာကြက်ကမီးကတော့ ထုံစံအတိုင်း အဝါရောင် မှိန်မှိန်လေးတပ်ထားပေမယ့် စာကြည့်စားပွဲမှာတော့ မီးချောင်း အဖြုရောင် အချောင်းလေးတပ်ထားတာမြင်လိုက်ရတယ်။ မီးဖွင့်လိုက်တာနဲ့ စာပွဲခုံလေးက ဖြူပြီး လင်းထိန်သွားတာ မြင်လိုက်ရတော့ စိတ်ထဲမှာပျော်ပြီး ကျေနပ်သွားတယ်။ “တော်သေးတာပေါ့ မီးအဖြူလေးဟ” ဆိုပြီး စိတ်ထဲကျေနပ်နေတာ။ အခန်းမီးကတော့ အဝါရောင်မှိန်မှိန်ဖြစ်နေပေမယ့် စားပွဲတင်မီးကတော့ဖြူပြီးလင်းနေတော့ စာကြည့်တဲ့အခါ ကျွန်တော့်ရဲ့ စိတ်အာရုံစူးစိုက်နိုင်မှုနဲ့ စိတ်ကြည်လင်မှုလေးပေးစွမ်းတယ်။ အပြည့်အဝမဟုတ်ပေမယ့် 

အထွဠ်အထိပ်ကိုရောက်သွားတဲ့အချိန်ကတော့ နောက်ဆုံးနှစ် ပိုလန်ကိုရောက်သွားတဲ့အချိန်ပါပဲ။ ကျွန်တော့် ရဲ့ Master ကလဲ Erasmus Master Program တွေထဲကတစ်ခုဖြစ်တာကြောင့် အနည်းဆုံး ၂နိုင်ငံပြောင်းတက်ရပါတယ်။ Erasmus Masters တွေရဲ့အလှတရားတစ်ခုကလဲ အဲ့ဒီလို့ မတူညီတဲ့နိုင်ငံတွေက တက္ကသိုလ်တွေက ပေါင်းပြီးလုပ်တဲ့ Master ဘွဲ့တွေဖြစ်တဲ့အတွက် ကျောင်းသားတွေက တစ်ချို့ဘာသာတွေ တစ်ချို့နိုင်ငံ နဲ့ တစ်ချို့ဘာသာတွေကို တခြားနိုင်ငံပြောင်းတက်ရပါတယ်။ ဒါကြောင့်လဲ ကျွန်တော့် Advanced Master in ship design ဆို Belgium France နဲ့ Poland သုံးနိုင်ငံပြောင်းပြီးတက်ခဲ့ရတယ်။ အဲ့လိုနဲ့ နောက်ဆုံနှစ် Poland ရောက်တော့ အဆောင်မှာပဲနေရတော့ပေါ့။ အဲ့ဒီမှာ မီးအဝါရောင်ကို ဆက်သည်းမခံနိုင်တော့တာပါပဲ။ စာတမ်းပြုစုရမယ့် အချိန်ဖြစ်နေပြီ။ ဒီအဝါရောင် မီးရောင်နဲ့ကဘယ်လိုမှစိတ်က ဘယ်လိုမှတက်ကြွမလန်းဆန်း စာကိုစလုပ်ဖို့တောင် စိတ်မရှိ

တော့ဘူး။ ကိုလေးဖြူရဲ့ ငါ့မျက်စိကို ကျွမ်းလှောင်စေသောအဝ” ဆိုတဲ့ အဝါရောင်ကိုက်ခဲမှု သီချင်းထဲက စာသားအတိုင်းပဲ။ ဒီဝါကျင့်ကျင့်အရောင်ကို ဘယ်လိုမှသည်းမခံနိုင်တော့တဲ့အဆုံးမီးအဖြူရောင် ပတ်စိတ်တိုက်ရှာတော့တာပါပဲ။ ဘယ်ဆိုင်မှာမှမတွေ့တော့ နောက်ဆုံး online ကနေပဲ မီးလုံးကိုမှာလိုက်ရတဲ့ဘဝရောက်သွားတယ်။ မီးအဖြူလေးရမှာပဲ စိတ်ကပြန်ကြည်ပြီး စာကိုပြန်အာရုံစိုက်လိုက်ရတော့တယ်။ ကျောင်းဆောင်တစ်ဆောင်လုံးမီးအဝါရောင်တွေကြားမှာ မီးအဖြုရောင်လင်းနေတဲ့တစ်ခုတည်းသောအခန်းကတော့ ကျွန်တော့်အခန်းပေါ့။ 

ကျောင်းပြီးလို့ ၆လလောက်ရန်ကုန်ပြန်။ ပြီးတော့ နယ်သာလန်ပြန်ထွက် အလုပ်ရှာ။ အလုပ်ရတော့ ကြာကြာငှါးနေမယ့် အခန်းကိုရှာရတာပေါ့။ အခန်းရပြီဆိုတာနဲ့ အခန်းပြောင်းနေတဲ့မှာ ပထမဦးဆုံလုပ်တဲ့အလုပ်ကတော့ မီးလုံးလဲတာပါပဲ။ အဲ့ဒါလဲ တစ်မျိုးလုံးပတ်ရှာပေမယ့် အကုန်နီးပါးက warm light အဝါရောင်တွေချည်းပဲ။ နောက်ဆုံး ထုံးစံအတိုင်း Amazon ကနေပဲရှာပြီးမှာလိုက်ရတယ်။ IKEA မှာသွားရှာရင် ရနိုင်မှန်းသိပေမယ့် မြို့အစွန်မှာဝေးလွန်းလို့မသွားနိုင်တာနဲ့ online ကပဲမှာလိုက်ရတယ်။ နိုင်ငံခြားမှာနေလို့ online ကနေ ဘာပစ္စည်းတွေများထူးထူးခြားခြား မှာဝယ်နေသလဲဆိုတော့ မီးလုံးတွေဖြစ်နေတာကို ကိုယ်ဟာကိုပြန်စဉ်းစားမိရင်းစိတ်ထဲက ရယ်မိတယ်။ တစ်ရပ်ကွက်လုံးမှာ မီးအဖြုရောင်လေးတစ်လုံးတည်းထင်းပြီးလင်းနေတဲ့အခန်းကိုမြင်ရင် ကျွန်တော့်အခန်းလို့တပ်အပ်ပြောနိုင်တယ်။  “ဖြူဖြူ ထိန်ထိန် မောင်ဖိုးဉာဏ်တို့အိမ်” ပေါ့

 

Nyan Zaw Htet

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

3 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…

4 months ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago