Blogs

A hero can be anyone

“သူရဲကောင်းဆိုတာလူတိုင်းဖြစ်နိုင်တယ်။ ကလေးလေးတစ်ယောက်ရဲ့ပုခုံးပေါ်ကို ကုတ်အင်္ကျီလေးခြုံပေးပြီး အရာအားလုံးအဆုံသတ်မသွားသေးကြောင်း အားပေးနှစ်သိမ့်စကားလေးပဲပြောတဲ့သူတောင်မှ သူရဲကောင်းဖြစ်နိုင်တယ်”

“A hero can be anyone, even a man doing something as simple and reassuring as putting a coat on a young boy’s shoulders to let him know that the world hadn’t ended.”

အဖေရောအမေရော ကိုယ်ရှေ့မှာသေနတ်နဲ့ပစ်သတ်ခံလိုက်ရပြီးနောက် ဝမ်းနည်းတုန်လုပ်နေတဲ့ ၈နှစ်သားအရွယ် Bruce Wayne ကို ရဲအရာရှိ Jim Gordon ကကုတ်အင်္ကျီလေးခြုံပေးပြီးတော့ စိတ်အားမငယ်ဖို့ အားပေးနှစ်သိမ့်တယ်။ နောင် ၁၈နှစ်လောက်ကြာတော့ အဲဒီကောင်လေးဟာ ရာဇဝတ်သားတွေကို တိတ်တခိုးသုတ်သင်ရှင်းလင်းတဲ့ Batman ဖြစ်လာတယ်။ ဒါပေမယ့် ရဲတွေအပါအဝင် တစ်မြို့လုံးကလူတွေ Batman ဘယ်သူလဲဆိုတာမသိကြဘူး။ 

တစ်ခါတော့ တစ်မြို့လုံးကိုသေကြေဖျက်ဆီးပစ်နိုင်တဲ့ Atomic bomb ကို တစ်ယောက်တည်း အသေခံပြီး ပင်လယ်ထဲကိုသယ်သွားဖို့ Batman ကြိုးစားတယ်။ အဲဒီအချိန်မှာ ရဲချုပ်ဖြစ်နေတဲ့  Jim Gordon က 

“အရင်တုန်းကတော့ မင်းဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ခဲ့ဘူး”

“ဒါပေမယ့် အခုမင်းအသေခံပြီးတော့ လူတွေရဲ့အသက်ကိုကယ်တော့မှာ”

“အဲတော့ တစ်မြို့လုံးကလူတွေအနေနဲ့ သူတို့အသက်ကိုကယ်ခဲ့တဲ့ သူရဲကောင်း မင်းဟာ ဘယ်သူလဲဆိုတာတော့ သိသင့်တယ်မဟုတ်ဖူးလား” ဆိုတော့ Batman ကအပေါ်ဆုံးမှာရေးထားတဲ့စကားလေးပဲပြန်ဖြေလိုက်တယ်။

Nyan Zaw Htet

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

3 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…

4 months ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago