အခန်းကိုအလည်လာတဲ့ Dutch ကောင်မလေးက မီးဖိုချောင်မှာဟင်းချက်နေတဲ့ကျွန်တော့်ကိုမြင်တော့ နှုတ်ဆက်ရင်းနဲ့ မေးတယ်။
“What are you cooking?”
“Um…I’m cooking Lentils soup”
ပဲစိမ်းဟင်းချိုချက်နေတာလိုကျွန်တော်ဖြေလိုက်တယ်။ ဘေးက သူကောင်လေး ကျွန်တော့်အခန်းဖော်က ထပ်မေးတယ်။
“How long have you been eating this soup?
“3 weeks” သုံးပတ်လောက်ရှိပြီလိုဖြေလိုက်တော့။ Dutch မလေးက
“Are you autistic?” လို့မေးတော့ ကျွန်တော်ရုတ်တရက်ကြောင်သွားတာ။ ကျွန်တော်က ဟင်းတစ်မျိုးတည်းကို ၃ပတ်လောက်ချက်နေတာကို။ ဒါကြောင့်ကျွန်တော်ကို သူကသံသယရှိလို့မေးတာ။ သူကလဲ psychology နဲ့ philosophy ကိုကျောင်းတက်နေတဲ့သူဆိုတော့ mental health အပိုင်းကိုသာမန်ထက်ပိုသိတဲ့သူမို့ မင်း autistic ဖြစ်လားလို့မေးတော့ ကိုယ့်ကိုယ့်တောင် ပြန်သတိထားကြည့်လိုက်တယ်။ တခြားအခန်းဖော်တွေကတော့ ဒါချည်းပဲချက်နေတာလို့ပဲတစ်ခါတစ်ရံမှတ်ချက်ပြုတတ်တယ်။
ကျွန်တော့်မှာ Perfectionist behavior ရှိမှန်းတော့သိပေမယ့် autism ရှိမယ်လိုတော့ တစ်ခါမှမစဉ်းစာမိဘူး။ အဲ့တော့ ကိုယ်လဲ “I don’t know. Maybe.” လိုပဲပြန်ဖြေလိုက်တယ်။ ပြီးမှညရောက်တော့ autism symptoms အကြောင်းကို နည်းနည်း research ပြန်လုပ်ကြည့်မိတယ်။ အဲ့ဒီမှာ တစ်ချို့ လက္ခဏာတွေကျွန်တော့်ဆီမှာရှိမှန်းသတိထားမိတယ်။
Autism လို့ပြောလိုက်ရင် Forrest Gump ကိုတော့ ခေါင်းထဲမှာပေါ်လာတာပဲ။ တော်တော်များများလဲသိကြတဲ့အတိုင်း Forrest Gump မှာ autism ရှိတယ်။ မလေးစားသလိုတော့ဖြစ်သွားနိုင်ပေမယ့် ကျွန်တော်တွေ့ဖူးတဲ့ autism ရှိတဲ့လူတွေအများစုဟာ ဉာဏ်ထိုင်းတယ်။ “Retard” လို့ အင်္ဂလိပ်လိုသုံးတယ်။ ဉာဏ်ထိုင်းတာမှ သာမန်လူတစ်ယောက်မှရှိသင့်တဲ့ဉာဏ်ရည်ထက်ကိုနိမ့်ကျနေတဲ့အတွက် အဲ့လူတွေဟာ ပညာသင်ဖို့ လူတွေနဲ့သာမန်လိုပြောဆိုဆက်ဆံဖို့တောင်ခက်တယ်။
ဒါပေမယ့် Rain man ထဲက Tom Cruise ရဲ့ အစ်ကိုဆိုလဲ autistic ဖြစ်နေတာ။ ဒါပေမယ့်သူကြတော့ ဉာဏ်ရည်ကချွန်းထွက်နေပြီး calculator တောင်မလိုပဲ ဂဏန်းတွေတွက်ချက်နိုင်တယ်။ရန်ကုန်လမ်းညွှန်လို့စာအုပ်ထဲကရှိသမျှဆိုင်တွေရဲ့ဖုန်းနံပါတ်တွေကိုအကုန်မှတ်မိတယ်။ ထီးပေါက်မယ့်ဂဏန်းတွေကိုတောင် အတိအကျတွက်ချက်နိုင်တဲ့အထိ သင်္ချာဉာဏ်ကောင်းနေတာ။ ဒါပေမယ့်သူလဲ autistic ဖြစ်နေလို့ ပုံစံကကြောင်တောင်တာင်နဲ့ တခြားပုံမှန်လူတစ်ယောက်လုပ်နိုင်တာတွေသူမလုပ်နိုင်ဘူး။ ကျွန်တော်က Rain man ထဲကဘိုးတော်လောက်ဉာဏ်မကောင်းသလို Forrest Gump လောက်လဲဉာဏ်မထိုင်းဘူး။ ဒါပေမယ့် ကျွန်တော်မှာလဲ Autistic behavior အချို့ရှိနေတယ်လို့စမ်းစစ်မိတယ်။
လေ့လာမိသလောက် Autism ဟာ spectrum ဖြစ်တယ်လို့တွေ့မိတယ်။ Spectrum ဖြစ်တဲ့အတွက် ပုံစံတစ်မျိုးတည်းရယ်လို့သီးသန့်မဟုတ်ပဲ ကျယ်ပြန့်တဲ့ မတူညီတဲ့လက္ခဏာပေါင်းစုံရှိတယ်လို့ပြောကြတယ်။ ဆိုလိုချင်တာက တစ်ယောက်နဲ့တစ်ယောက် Autistic behavior မတူနိုင်ဘူးပေါ့။ ပုံမှန်ဖြစ်လေ့ရှိတဲ့ လက္ခဏာအချို့ကို England နိုင်ငံအခြေစိုက်ကျန်းမာရေးလုပ်ငန်းဖြစ်တဲ့ National Health Service(NHS) website မှာအောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
Autistic people may:
Common signs of autism in adults include:
You may also have other signs, like:
အပေါ်ကအချက်တွေထဲက ၅ချက်လောက် ကျွန်တော်မှာရှိနေတာကိုသွားတွေ့တယ်။ ပထမအချက်က စိုးရိမ်တာ(Anxious)
လူအများတွေရှိတဲ့နေရာ ပွဲတွေ တွေစုံပွဲတွေရောက်ရင် စိတ်ကနေသာထိုင်သာမရှိ၊ တစ်ခုခုစကားပြောလွဲချော်သွားမှာ၊ တစ်ခုခုတလွဲတချော်လုပ်မိသွားမှာကိုတချိန်လုံးစိတ်က စိုးရိမ်နေတတ်တယ်။ အခန်းအနားတွေ Party လို Bar လိုနေရာမျိုးတွေ လူများစွာကိုတွေရမယ်ဆိုတဲ့ နေရာမျိုးတွေဆိုစိတ်က စိုးရိမ်စိတ်တွေနဲ့နေရခက်လာပါရော။ လူစုလူဝေးတွေနဲ့စကားပြောရမယ် Activities တွေလုပ်ရမယ်ဆိုတဲ့အခါတိုင်း တစ်ချိန်လုံး စိတ်ကစိုးရိမ်နေတော့တာ။ ဘာမှမဟုတ်တဲ့ဟာလေးတွေကိုတွေးပြီး စကားပြောမှားသွားမှာ လုပ်တာလွဲသွားမှာကိုအတွေးလွန်ပြီး စိုးရိမ်နေတတ်တော့တာပါပဲ။ဒါကြောင့် လူစုံနဲ့တွေရလုပ်ရတဲ့ ဘယ်Activities မျိုးမဆို မလုပ်မနေရအရေးကြီးတဲ့ ကိစ္စကလွဲ၍ တတ်နိုင်သမှ ကျွန်တော်ရှောင်တယ်။
နောက်တစ်ချက်ကတော့ မျက်လုံးအကြည့်ချင်းရှောင်တတ်တာ။
ရင်းနှီးပြီးသားမိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောရင်တောင် မျက်လုံးချင်းအကြားကြီးဆိုင်ပြီးမပြောပဲ တမင်တကာ အကြည့်ကိုလွှဲလွှဲလိုက်ပြီးပြောတတ်တယ်။ ဆက်တိုင်အကြာကြီးကြည့်ပြောရင် ကျွန်တော့ စိတ်ကစိုးရိမ်သလိုလို နေရထိုင်ရခက်လာလို့ အကြည့်ကိုတဖက်လွှဲလိုက် ပြီးမှပြန်ကြည့်လိုက်နဲ့ပြောတတ်တယ်။ တခြားလူတွေက အဲ့အပြုအမူကို သတိထားမိလားမသိပေမယ် ကျွန်တော်ကိုယ်တိုင်ကတော့ အမြဲတမ်းလိုလို စိတ်ထဲမှာ “အကြည့်လွှဲလိုက်တော့ အကြည့်လွှဲလိုက်တော့” ဆိုပြီးစိတ်ကပြောနေတဲ့အချိန်အတွင်းသတိပေးလာတတ်တာ။ လူတစ်ယောက်ကို အကြည့်ချင်းဆုံပြီးဆက်တိုက်စကားပြောဖို့ခက်တယ်။ ကြားထဲမှာပြတ်တောင်ပြတ်တောင်းနဲ့ အကြည့်ကိုလွှဲပြီးပြောမှပဲနေလိုရတော့တယ်။ အင်မတန်ကိုမှ ရင်းနှီးကျွမ်းဝင်တဲ့ မိသားစုဝင် သူငယ်ချင်းအနည်းငယ်လောက်သာ သက်တောင်သာသာနဲ့ အေးဆေး မျက်စိတည့်တည့်ကြည့်ပြီး စကားပြောလို့ရတယ်။ ကျန်တဲ့လူတွေနဲ့ဆိုရင် စကားပြောတိုင်း ခဏခဏအကြည့်လွှဲမှရတယ်။
နောက်တစ်ချက်က အလုပ်တစ်ခုခု အတွေးတစ်ခုခု ထပ်ခါတလဲလဲ လုပ်တတ်တွေးတတ်တာပါ။
အဲဒီအပြုအမူက ကျွန်တော့်မှာ သိသာထင်ရှားအောင် ပြင်းထန်တယ်။ အလုပ်တစ်ခုကို ကြိုက်ပြီလုပ်ပြီဆိုရင် ဒါကိုပဲအမြဲတမ်းအကြာကြီးစွဲလုပ်တတ်တဲ့အကျင့်။ ဥပမာ အင်္ကျီတစ်ထည်ကိုကြိုက်ပြီဆိုရင် ဒါပဲနေ့တိုင်းနီးပါးဝတ်တော့ သူငယ်ချင်းတွေက အပြင်မှာတွေ့တိုင်း ဘယ်သွားသွားဒီအင်္ကျီချည်းပဲလိုတောင်ပြောတယ်။ ဟင်းတစ်မျိုးကို ချက်ပြီးဆိုရင် ဒါကိုပဲ မနက်နေ့လည်ညတစ်လလုံးနီးပါးစားတယ်။ နောက်တစ်မျိုးပြောင်းလိုက်ပြီးဆိုရင်လဲ အဲ့တစ်မျိုးတည်းကို မနက် နေ့လည် ည ချက်ပြီးစားတယ်။ အဲ့တာကြောင့် အလည်လာတဲ့ Dutch မှက ဒါကြီးပဲနေ့တိုင်းချက်စားနေလို့ သူက သံသယဖြစ်ပြီး Are you autistic? ဖြစ်လားလို့မေးတာ။ နောက်ရက်အနည်းငယ်ကြာမှ သူကောင်လေးကပြောပြတယ်။ သူ့ကောင်မလေးကိုယ်တိုင်ကလဲ Autistic ဖြစ်နေလို့ မင်းကို ကြည့်ရင်းမင်းရော autistic ဖြစ်သလားလို့သူကမေးတာတဲ့။ အတွေးတစ်ခုကို တွေးမိပြီဆိုရင်လဲ ကောင်းတဲ့အတွေးဖြစ်ပစေ ဆိုးတဲ့အတွေးဖြစ်ပေစ အကြိမ်အကြိမ် အခါအခါနေတိုင်း အဲဒီအကြောင်းအရာကိုထိန်းချုပ်ရခက်လောက်အောင်တွေးမိတယ်။ ပြောပြီးသား စကားတွေကိုလဲ ၂ခါ၃ခါ ထပ်တလဲလဲပြောမိတတ်တယ်။ တက္ကသိုလ်ကျောင်းသား ဘဝတုန်းကစလို့ ယနေ့အချိန်ထိ သူငယ်ချင်းတွေနဲ့စကားပြောရင် ပြောပြီးတဲ့အကြောင်းအရာတွေကို ထပ်ခါတစ်လဲလဲနေတိုင်းပြောမိလို့ သူငယ်ချင်းတွေက ၂ခါရှိပြီနော် ၃ခါရှိပြီနော်လို့ ခဏခဏစတတ်တယ်။ အမြဲတမ်းလိုလို ကျွန်တော်စကားဆုံးတဲ့အထိ ဒီကောင်တွေကစောင့်နားထောင်နေပြီး ပြီးတော့မှ ၂ခါရှိနေပြီ ၃ခါရှိနေပြီဆိုပြီး စပ်ဖြီးဖြီးလုပ်ပြီးရယ်ကြတယ်။
နောက်အချက်တစ်ခုကလဲ အသေးအမွှာလေးတွေကို သတိထားမိတာပါပဲ။
လူတစ်ယောက်ကိုတွေတာနဲ့ သူအင်္ကျီအစလေးက ဘယ်နားကထွက်နေတာ။ သူ့လည်ပင်းလေးမှာ မဲ့လေးပါနေတာ။ စားသောက်ဆိုင်တွေ စူပါမားကဒ်တွေမှာ ဝန်ထမ်းတွေတွေ့ရင် သူတို့ရင်ဘတ်နာမည်ကိုအရင်ကြည့်ကြည့်မိတာ။ လူတစ်ယောက်ချင်းဆီရဲ့ ခြေလှမ်းတွေကိုမှတ်မိနေတာ။ ကျောင်းမှာဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် အပြင်ကခြေလှမ်းသံကြားရုံနဲ့ ဘယ်သူလာနေလဲဆိုတာသိနေတာ။ Belgium မှာကျောင်းတက်တုန်းကဆို အဆောင်မှာ သူငယ်ချင်းတွေက ကိုယ့်အခန်းကိုကြိုမပြောထားပဲနဲ့ ဒီအတိုင်းတခါတရံရောက်လာတဲ့အခါ အပြင်ကတံခါးခေါက်သံကြားတာနဲ့ သူငယ်ချင်းနာမည်ကို လှမ်းအော်ပြီး “Come in ဘယ်သူ” ဆိုပြီးပြောလိုက်တော့ သူငယ်ချင်းက ငါမှန်းမင်းဘယ်လိုလုပ်သိတာလဲမေးတော့ ကိုယ်တောင်ကြောင်သွားဖူးတယ်။ တကယ်က အပြင်က ခြေရှပ်သံကြားတည်းက ဘယ်သူလဲဆိုတာ ကျွန်တော်ကကြိုသိနေလို့ နာမည်ပြောပြီးဝင်ခဲ့လိုက်လို့ပြောမိတာ။ လူတစ်ယောက်နဲ့တစ်ယောက် ခြေလှမ်းသံကွာခြားမှုဆိုတာ ပုံမှန်ဆိုခွဲခြားရခက်ပါတယ်။ ခန္တာကိုယ်တည်ဆောင်ပုံ အရပ်အမောင်း အလေးချိန် သူစီးနေကြဖိနပ်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ခြေလှမ်းသံကွာခြားပါတယ်။ သိုပေမယ့် အဲ့ဒီကွာခြားမှုလေးက အင်မတန်သေးငယ်ပြီးသိသာထင်ရှားမှုမရှိတဲ့အတွက် ပုံမှန်လူတွေတော်တော်များများက သတိမထားတတ်ကြဖူး။ ကျွန်တော်တို့လို အပြုအမူရှိတဲ့လူတွေကသာ အဲ့လိုအသေးအမွှားလေတွေကိုသတိထားမိနေတတ်တာ။ ငယ်ငယ်တုန်းက အဖေရုံးကပြန်လာပြီဆိုရင် သူကားကလမ်းထဲဝင်လာပြီဆိုတာနဲ့ လမ်းထဲမှာကစားနေတဲ့ ကလေးကို ဟွန်းတီးတတ်တယ်။ မြောက်များစွာသောကားတွေရှိပါလျက်နဲ့ ဟွန်းသံလမ်းထိပ်ကကြားလိုက်ရုံနဲ့ ဒါအဖေကားဆိုတာ သိတဲ့အတွက် ဖေကြီးပြန်လာပြီဆိုပြီး ပြေးပြေးဆင်းတတ်တာ။ အမေကတော့ အစကအံံ့သြဖူးတာပေါ့။ နောက်ပိုင်းနေ့တိုင်း ကျွန်တော်က ကားဟွန်းသံကြားရုံနဲ့အဖေကားဆိုတာသိပြီးပြေးဆင်းနေတဲ့အတွက် အမေကရိုးတောင်နေသွားတယ်။ အမေကိုယ်တိုင်က ကျွန်တော့်ရဲ့ အဲ့ဒီလိုအသေးအမွှားကိုမှတ်မိနေတတ်တဲ့အကျင့်ကို ခဏခဏစမ်းဖူးတယ်။ အထူးသဖြင့် TV မှာ အဆိုတော်တစ်ယောက်သီချင်းဆိုနေတာတွေရင် အမေ့က နောက်ဖေးမှာရောက်နေတဲ့ ကျွန်တော့်ကို လှမ်းလှမ်းပြီး “နင့်အခုဆိုနေတာ ဘယ်အဆိုတော်လဲသိလား” လို့သူကဉာဏ်လှမ်းလှမ်းစမ်းတာ။ တကယ်က သူမေးတဲ့အဆိုတော်တွေဆိုတာ ကျွန်တော်တို့ခေတ်ကမဟုတ် သူတို့ခေတ်ကအဆိုတော်ကြီးတွေ သူတို့သီချင်းတွေလဲ ကျွန်တော်မှနားမထောင်ဖူးတာ။ ဒါပေမယ့် အဲ့အဆိုတော်ရဲ့ သီချင်းတစ်ပုဒ်ပဲ နားထောင်ပါစေဦးတော့ ကျွန်တော့်ကနောက်ပိုင်းဘယ်အချိန်ချိန်ရောက် အဲ့အဆိုတော်ရဲ့အသံကိုမှတ်မိနေတတ်တာ။ အဲ့ဒီတော့ TV မှာလာနေတဲ့သီချင်းကို ကျွန်တော်တခါမှနားမထောင်ဖူးဘူး။ ဒါပေမယ့် အဲ့အဆိုတော်ရဲ့တခြားသီချင်းတစ်ပုံကိုနားထောင်ဖူးတဲ့အတွက် ဒီအဆိုတော်အသံဖြစ်မယ်ဆိုတာတမ်းသိနေတာ။ အဲ့ဒီတော့ အမေလှမ်းမေးတိုင်း ကိုယ်ကပြန်ဖြေလိုက်ရင်အမြဲတမ်းမှန်နေတတ်တာ။ ကိုယ်ထွက်ကြည့်လိုက်လို့ မှန်သွားပြိီဆိုတိုင်း အနိုင်ရသလိုအမေ့ ရှေ့မှာ “တွေ့လား သားမှန်တယ်” ဆိုပြီးအောင်ပွဲခံရတာလဲနေ့တိုင်းရဲ့ ပျော်ရွှင်စရာတစ်ခုလိုပါပဲ။ အဲ့ဒီအပြုအမူတွေကို ကျွန်တော် တော်တော်ကြာတဲ့အထိ ကိုယ်ဟာကိုသတိမထားမိခဲ့ပါဘူး။ ကျောင်းပြီး ဘွဲ့ရအလုပ်ဝင်ပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့မှကိုယ်ဟာကို သတိထားမိလာခဲ့တယ်။
နောက်ဆုံး အချက်တစ်ခုကလဲ။ တစ်ခုခုလုပ်ခါနီး အသေးစိတ်ပြင်ဆင်တတ်တာပါပဲ။
ဘယ်လောက်ဆိုးသလဲဆိုရင် စာအုပ်တစ်အုပ်ဖတ်တော့မယ်ဆိုရင်တော့ ဒီစာအုပ်မှာ စာမျက်နှာ ဘယ်မျက်နှာရှိတယ်။ အဲဒီတော့ တစ်နေ့ဘယ်နှစ်မျက်နာဖတ်ရင် ဘယ်နှစ်ရက်ကြာတဲ့အခါ ဒီစာအုပ်ကိုပြီးမယ်ဆိုတဲ့အထိ အသေးစိတ်ဆွဲပြီးဖတ်တတ်တယ်။ တကယ်က စာအုပ်ဖတ်တာကိုအဲ့လို အသေးစိတ်ဆွဲလို့မှမရတာ။ တကယ်က တစ်နေ့ ဘယ်နှစ်မိနစ်လောက်ဆိုရင်လုံလောက်ပြီ။ ဒါပေမယ့် ကျွန်တော်က အဲ့လိုအင်မတန် အသေးစိတ်အထိ အစီအစဥ်ချပြီးလုပ်တတ်တယ်။ ကျောင်းသားဘဝ စာလုပ်ဖို့ အချိန်ဇယားလုပ်ရင် ချီးပါ သေးပေါက် အိမ်သာတတ်မယ် အချိန်ကအစ ဘယ်အချိန်မှာဘာလုပ်မယ်ဆိုပြီး အတိအကျနဲ့ အစီအစဥ်ဆွဲပြီးလုပ်ခဲ့ဖူးတယ်။ အစီအစဥ်ဆွဲပြီးလုပ်တတ်တဲ့အကျင့်ကကောင်းတဲ့ အကျင့်ဖြစ်ပေမယ့် အင်မတန်အသေးစိတ်ပြီးတိကျလွန်းတဲ့အခါ တစ်ခါတစ်ရံကျွန်တော့်အတွက် စိတ်ဒုက္ခဖြစ်တတ်ပါတယ်။ သူများတွေနဲ့တွဲလုပ်တဲ့အခါ အထူးသဖြင့် Plan ဆွဲပြီးမလုပ်တတ်တဲ့လူတွေနဲ့ကြုံရင် ပိုဆိုးကုန်တာပါပဲ။ သူတို့က ကျွန်တော်ဆွဲထားတဲ့ plan ကိုလိုက်နိုင်စွမ်းမရှိတတ်ကြဖူး။ အင်မတန်အသေးစိတ်တတ်လို့ပါ။ အဲ့လိုအခါမျိုးကြရင်ကျွန်တော်က စိတ်မရှည်နိုင်သလိုဖြစ်တတ်သလို သူတို့ဘက်ကလဲ ကျွန်တော့်အပေါ် နားလည်မှုလွဲတတ်ကြတယ်။ ငွေရေးကြေးရေးဆိုရင်လဲ တစ်လကို ဘယ်လောက်စုမယ်ဆိုရင် ဘယ်နှစ်နှစ်ကြာတဲ့အခါ ဘယ်လောက်ရနေမယ်။ကိုယ်လိုချင်တဲ့ Target ရဖို့ အချိန် ဘယ်နှစ်လ ဘယ်နှစ်နှစ်ယူရမလဲဆိုတာမျိုးကို အသေအချာ အစီအစဥ် Plan ဆွဲပြီးလုပ်တတ်တဲ့အကျင့်ရှိပါတယ်။ ကျွန်တော် အလုပ် Naval Archiect ကိုတောင်မှ တတိယနှစ်ကျောင်းသား လောက်တည်းက ၈နှစ်တာ စီမံကိန်းဆိုပြီးဆွဲပြီးလုပ်ခဲ့တာ။ ကျောင်းပြီးသွားရင် မြန်မာနိုင်ငံမှာ ၂နှစ် ပြီးရင်နိုင်ငံခြားမှာ ၂နှစ် ပြီးရင်ကျောင်းသွားတက်မယ် ၂နှစ်ပြီးရင် အလုပ်ပြန်ရှာပြီးတည်ငြိမ်အောင်လုပ်မယ် ၂နှစ် စုစုပေါင်း ၈နှစ်ဆိုပြီး Plan ဆွဲပြီးလုပ်ခဲ့တာ။ တကယ်လဲ အဲ့ဒီ Plan အတိုင်းသွားခဲ့လို့လဲ ကျွန်တော့် Naval Architect career ကိုဒီနေ့ချိန်ထိ တစိုက်မတ်မတ်လုပ်လာနိုင်ခဲ့တယ်။ အဲ့ဒီတော့ တစ်ခုခုကို အသေးစိတ်အသေအချာ Plan ဆွဲပြီးလုပ်တတ်တဲ့အကျင့်ကတော့ ကျွန်တော့် အတွက် ကောင်းကျိုးက 80% ဆိုကျိုးက 20% လောက်ဖြစ်လိမ့်မယ်ထင်တယ်။
ဒါကြောင့် ဒီအပေါ်ကအချက်တွေဖြစ်တဲ့ ကျွန်တော့်ရဲ့ စိုးရိမ်တတ်တာ၊တစ်ခုခုကိုထပ်ခါတလဲလဲလုပ်တတ်တာ၊အသေးအမွှားလေးတွေကိုသတိထားတတ်တာ၊တစ်ခုခုမလုပ်ခင် အသေးစိတ်အသေချာ အစီအစဥ်ဆွဲတတ်တာ ကြည့်မိရင်း ကျွန်တော့်မှာ Autism ရှိကောင်းရှိလိမ့်မယ်လို့ သုံးသပ်မိတယ်။ပြင်းထန်မှုအဆင့်နဲ့ ဖြစ်တဲ့ပုံစံကွာခြားနိုင်တဲ့ Autism က spectrum ဖြစ်တဲ့အတွက်။ စာဖတ်သူအနေနဲ့လဲ ဒီလို Autism behaviour အကြောင်းအနည်းငယ်သိပြီး ဗဟုသုတရသွားတယ်ဆိုရင် ကိုယ်မှာဖြစ်စေ တပါးသူ ကိုယ်မိသားစုဝင် ကိုယ့်အပေါင်းအသင်းမိတ်ဆွေမှာဖြစ်စေ Autism ရှိနေနိုင်တယ်ဆိုတဲ့အချက်ကိုသတိထားမိလိမ့်မယ်လို့ယုံပါတယ်။ အဲ့ဒီအခါ အဲလိုလူတွေအပေါ်မှာ နားလည်နိုင်စွမ်း(Understanding)၊ စာနာနိုင်စွမ်း(Sympathy)နဲ့ သည်းခံပေးနိုင်စွမ်း(Tolerance) တွေမြင့်လာမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါပြီ။
သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့ ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်
အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…
စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။
စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။