သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့ ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်
အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ ခြေထောက် ဗုံးထိဒဏ်ရရတဲ့ကြားက တခြားရဲဘော်တွေကို ဘေးကင်းရာကယ်ထုတ်ပေးခဲ့တဲ့ အတွက်…
စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။
စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။
အရွယ်ရောက်ခါစအချိန်တည်းက စိတ်ကူးထဲမှာခံယူထားတဲ့ အရာတစ်ခုရှိခဲ့တယ်။ တကယ်မရှိတဲ့ စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ အနာဂတ်က ပုဂ္ဂိုလ်တစ်ယောက် (Imaginary person) ပေါ့
"လိုချင်တာရနေတာ ပျော်ရွှင်မှုမဟုတ်ဘူး။ ရနေတာလေးကိုလိုချင်တာမှ ပျော်ရွှင်မှု"
“ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့အချိန်တွေရှိလာနိုင်တယ်ဆိုတာငါကြိုသိပြီးသားပါ။ကြီးမားတဲ့ရန်သူတွေ အောက်မှာ သေးငယ်စွာနဲ့ တစ်ယောက်တည်း မသေချာမရေရာနဲ့ပေါ့”
နောက်ဆုံး စခန်းသိမ်းလိုက်နိုင်ပြီဆိုတော့မှ သူငယ်ချင်းရဲဘော်နှစ်ယောက်က သူ့ဓာတ်ပုံရှေ့မှာထိုင်ရင်း အမျှဝေပေးတယ်။ အမျှဝေပေးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း သူ့ပါးပြင်ပေါ်က မျက်ရည်တွေအတားအစည်းမဲ့စီးကျလာတယ်။