Ego says

5 years ago

“အတ္တကပြောတယ် အရာအားလုံးအဖြေပေါ်သွားတဲ့အချိန် မင်းငြိမ်းချမ်းသွားလိမ့်မယ် စိတ်ကပြောတယ် ငြိမ်းချမ်းမှုကိုရှာ အရာအားလုံးအဖြေပေါ်လာလိမ့်မယ်”

Life is either

5 years ago

“ဘဝဆိုတာ ရဲဝံ့တဲ့စွန့်စားမှုတစ်ခုဖြစ်ရင်ဖြစ် မဖြစ်ရင် အလကားပဲ”

When a country is well

5 years ago

“နိုင်ငံကကောင်းကောင်းအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ဆင်းရဲမှုတွေနဲ့ဆိုးရွားမှုတွေရှိနေတာရှက်စရာပဲ။ နိုင်ငံကကောင်းကောင်းမအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ချမ်းသာမှုတွေနဲ့ဂုဏ်ပြုခံရမှုတွေရှိနေတာရှက်စရာပဲ”

Autumn leaves

5 years ago

ဆောင်းဦကျ သစ်ရွက်လေးတွေရဲ့အလှကိုခံစားရင် အပူအပင်တွေမရှိပဲ ကျွန်တော်ပျော်ချင်မိပါရဲ့...

Artistic than to love people

5 years ago

“ပိုပြီးစဉ်းစားကြည့်လေလေ လူတွေအပေါ်ချစ်ခြင်းမေတ္တာထားနိုင်တာလောက် အမှန်တကယ်အနုပညာဆန်တဲ့အရာမျိုးမရှိဘူးလို့ ငါပိုပြီးခံစားမိလေလေပဲ” 

Life can only be understood

5 years ago

“ဘဝဆိုတာနောက်ပြန်ကြည့်မှပဲနားလည်နိုင်တယ်။ ဒါပေမယ့် အသက်ရှင်ဖို့အတွက်တော့ရှေ့ဆက်မှရမယ်” 

Fast enough

5 years ago

“အရာအာလုံးဟာ ထိန်းချုပ်မှုအောက်မှာပဲရှိနေတယ်လို့ထင်ရတယ်ဆိုရင် မင်းသွားတာသိပ်မမြန်သေးဘူး”

Compromise

5 years ago

“မင်းသိလား  လူတွေမင်းကို ကြိုက်လာအောင်လုပ်ဖို့လောက်သာ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချိန်တိုင်း သူတို့အကြိုက်နဲ့ကိုက်ညီအောင်မင်းပြင်ဆင်နေမှာပဲလေ ဟုတ်တယ်မလား ပြီးရင်တော့ မင်းဘာမှအောင်မြင်မှာမဟုတ်ဘူး”

Pain is temporary

5 years ago

“နာကျင်မှုဆိုတာ ခေတ္တယာယီပါ။ တစ်မိနစ်လောက်ကြာချင်ကြာမယ် တစ်နာရီလောက်ကြာချင်ကြာမယ် တစ်ရက်လောက်ကြာချင်ကြာမယ် တစ်နှစ်လောက်ကြာချင်ကြာမယ်။ ဒါပေမယ့် နောက်ဆုံးကျရင်သက်သာသွားပြီး သူ့နေရာကို တစ်ခုခုကအစားဝင်လာမှာပဲ။ ဒါပေမယ့် ကျွန်တော် အရှုံးပေးနုတ်ထွက်လိုက်တယ်နော် အဲ့ဒါက အမြဲထာဝရကျန်ရစ်နေမှာ”

Agony

5 years ago

“မင်းရင်ထဲမှာ ပြောမပြရသေးတဲ့ အဖြစ်အပျက်တစ်ခုကို သယ်ဆောင်ထားတာလောက် နာကျင်ရတဲ့ဝေဒနာမရှိတော့ဘူး”