The best revenge
“အကောင်းဆုံးလက်စားချေမှုက သူလို့မျိုး ဒဏ်ရာအနာတရဖြစ်အောင်လုပ်တဲ့လူ မဖြစ်ဖို့ပဲ”
Courage isn’t the strength
“သတ္တိရှိတယ်ဆိုတာရှေ့ဆက်ဖို့ခွန်အားရှိတယ်ဆိုတာကိုဆိုလိုတာမဟုတ်ဘူး။ ခွန်အားမရှိတဲ့အချိန်ရှေ့ဆက်နိုင်တာမှသတ္တိ”
Who looks outside dreams
“အပြင်ဘက်ကိုကြည့်တဲ့သူက စိတ်ကူးတွေယဉ်တယ် အတွင်းထဲကိုကြည့်တဲ့သူက အမှန်တကယ်နိုးထတယ်”
Most People are other people
“လူအများစုဟာအခြားသူတွေပဲ။သူတို့ရဲ့အတွေးအခေါ်ဆိုတာလဲ အခြားသူတွေရဲ့အကြံဉာဏ်တွေ။သူတို့ဘဝဟာလဲအခြားသူတွေရဲ့ဘဝတွေကိုလိုက်ပြီးအတုခိုးပြီးနေနေတာ။သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေဆိုတာလဲကိုးကားချက်တစ်ခုသာ”
You will never leave a footprint
“အမြဲတမ်း ခြေဖျားထောက်ပြီးသွားနေမယ်ဆိုရင် ကြာရှည်ခံမယ့်ခြေရာမျိုးတွေမင်းဘယ်တော့မှ ချန်ထားနိုင်မှာမဟုတ်ဘူး”
Have a heart that never hardens
“ဘယ်တော့မှ မမာကြောတဲ့နှလုံးသား ဘယ်တော့မှ မမောပန်းတဲ့စိတ်နဲ့ ဘယ်တော့မှနာကျင်အောင်မလုပ်မဲ့ အထိအတွေမျိုး ပိုင်ဆိုင်ပါ”
He who has a why
“ဘာကြောင့်အသက်ရှင်ရမလဲဆိုတာသိတဲ့သူဟာ ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးမဆို ကြံကြံခံနိုင်တယ်”










