Poems

 

“Poetry begins in delight and ends in wisdom.”

-Robert Frost-

Strider

ရွှေဖြစ်တိုင်းအရောင်လက်နေတာမဟုတ်သလို

လျှောက်သွားနေတဲ့သူတိုင်းလဲ လမ်းပျောက်နေတာမဟုတ်ဘူး

အနိုင်မခံအရှုံးမပေးသူ

အမှောင်ထုက လွှမ်းခြုံထားတဲ့ ည
ဘုရားရှင်တွေကို တိုင်တည်ပြီးတော့ ကျေးဇူးတင်မိတယ်
အရှုံးမပေးတဲ့စိတ်ဓာတ်တွေ ငါ့ကိုဆောင်ကျဉ်းပေးခဲ့တဲ့အတွက်

အမေမှသားသို့

ကဲ…သား အမေ မင်းကိုပြောပြမယ်
ဘဝဟာ အမေ့အတွက်တော့ အကောင်းစားဖန်လှေခါးမျိုးမဟုတ်ခဲ့ဘူး
လှေခါးပေါ်မှာသံမှိုတွေလဲရှိခဲ့တယ်
ချွန်မြတဲ့ အပိုင်းအစတွေလဲရှိခဲ့တယ်
ကော်ဇော်မခင်းထားတဲ့ ဗလာကျင်းဖြစ်နေတဲ့နေရာတွေလဲရှိခဲ့တယ်

ရယ်မောနေသော နှလုံးသား

မင်းဘဝဟာ “မင်းဘဝ”ပဲ
အမှောင်ထဲမှာ အညံ့ခံပြီးအရှုံးပေးနေမနေနဲ့
စောင့်ကြည့်နေပါ
ထွက်လမ်းတွေရှိတယ်
“အလင်းရောင်” တစ်နေရာမှာရှိတယ်
အလင်းတွေအများကြီးတော့မဟုတ်ဘူး
ဒါပေမယ့် အဲဒီအလင်းက အမှောင်ထုကိုဖြိုခွင်းနိုင်တယ်

ကြောက်ရွံ့စိတ်တွေမရှိတဲ့နေရာ

ကြောက်ရွံ့စိတ်တွေမရှိဘဲ မြင့်မြင့်မားမားဦးမော့ထားနိုင်မဲ့နေရာ
အသိပညာတွေကို လွတ်လွတ်လပ်လပ်အခမဲ့သင်ယူနိုင်မယ့်နေရာ
ကမ္ဘာကြီးကို ကျဉ်းမြောင်းတဲ့တစ်ဦးပိုင်နံရံတွေနဲ့ အစိတ်အပိုင်းတွေအသီးသီးခွဲခြားမထားမဲ့နေရာ
နက်နဲတဲ့အမှန်တရားဆီက ထွက်ပေါ်လာတဲ့ စကားလုံးတွေရှိတဲ့နေရာ

အန်စာတုံးလှိမ့်လိုက်

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
အဲ့လိုမှမဟုတ်ရင် စတောင်မစနဲ့

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
မင်းချစ်သူကိုလဲ ဆုံးရှုံးရနိုင်တယ်
မင်းဇနီး၊မင်းဆွေမျိုးသားချင်း၊မင်းအလုပ်ကိုလဲဆုံးရှုံးရနိုင်တယ်
မင်းရူးလဲရူးသွားနိုင်တယ်

မျှော်လင့်ချက်

“မျှော်လင့်ချက်” ဆိုတာအတောင်ပံတွေပါတဲ့အရာလေးတစ်ခုပါပဲ
ငါ့ရဲ့အသည်းနှလုံးထဲမှာနားခိုနေတယ်
စကားလုံးတွေမပါပဲ သံစဉ်တွေ သီဆိုနေတာ
ဘယ်တော့မှရပ်မသွားဘူး