Poems

 

“Poetry begins in delight and ends in wisdom.”

-Robert Frost-

Rebel roses

တော်လှန်းရေး အကြောင်းစဥ်းစားရဲ့ သင်းကွဲနေတဲ့ နှင်းဆီတွေဆိုပြီး Rogue roses ဆိုတဲ့ စကားလေးကို ဘာသာပြန််မိပြီးသဘောကျလို့ R alphabet နဲ့စတဲ့ စပ်ဆက်တဲ့ စကားလုံးတွေရှာပြီးစပ်ခဲ့တာ။

Midnight Loneliness

လွန်ခဲ့တဲ့ နှစ်ရက်က စပ်ခဲ့တဲ့ ကဗျာလေး။ သန်းခေါင်ယံ အချိန်တစ်ယောက်တည်း ဘယ်သူမှမသိတဲ့  ခံစားချက်တွေ၊စိတ်ဖိစီးမှုအကြောင်း Journaling ရေးနေရင်းနဲ့ပဲ စပ်မိတာ။

Train Station

Leylastad ဘူတာကနေ ကျွန်တော်နေတဲ့ Rotterdam ဘူတာကို ပြန်လာရင်း နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ခံစားချက်တွေ ဝင်လာခဲ့တာနဲ့ စပ်မိခဲ့တာ။

The grieving tulip

နယ်သာလန်နိုင်ငံကို ကိုယ်စားပြုတဲ့ပန်းလို့ဆိုလိုရတဲ့ Tulip ပန်းလေးကို ဥပမာယူရင်းရေးမိတဲ့ ကဗျာ။

Dreaming of reality

အဲဒီအချိန်ကာလမှာဖြစ်ပေါ်နေတဲ့ ကျွန်တော့်ရဲ့ အချစ်ခံစားချက်ကို Tao philosophy ထဲမှာဖတ်ဖူးတဲ့ Chaung Tzu ရဲ့ လိပ်ပြာလေးကို အိမ်မက်မက်တယ် ဆိုတဲ့အတွေးအခေါ်ကိုနဲ့ပေါင်းစပ်ပြီးရေးဖွဲ့ခဲ့တာ။

My life is

ကျွန်တော့်ဘဝအပေါ်မှာ မြင်တဲ့ခံစားချက်ကိုဖော်ပြဖို့ စကားလုံးတွေရှာရင်း တွေ့မိတဲ့အခါရေးမိတဲ့ကဗျာ။

Imprisoned Heart

လွန်ခဲ့တဲ့ ၂လလောက်က မြတ်နိုးအေးရဲ့ ဓာတ်ပုံကို Facebook မြင်မိပြီး သူ့အလှကိုခံစားမိတဲ့ ခံစားချက်ပေါ်မှာထပ်ကွန့်မြူးပြီးတော့ ရေးမိတဲ့ ကဗျာ။

Poetic Picture

ကဗျာဆိုတာကြားပြီးမမြင်ရတဲ့ ပန်းချီကားတစ်ချပ်လိုဖြစ်ပြီး ပန်းချီဆိုတာမြင်ပြီးမကြားရတဲ့ ကဗျာတစ်ပုဒ်လိုပဲဆိုတဲ့ Da Vinci ရဲ့စကားလေးကို  သတိရရင်း စိတ်ထဲက ကိုယ့်နှစ်သက်တဲ့ မိန်းကလေး တစ်ယောက်က ကိုယ့်ကဗျာကိုကြည့်ရင်း ပန်းချီဆွဲသလို ကိုယ့်ကလဲသူ့ပန်းချီကိုကြည့်ရင်း ကဗျာစပ်မိတယ် ဆိုတဲ့ Romantic ဆန်တဲ့ အပြန်အလှန်တွယ်ယှက်မှုသဘောကို ခံစားရင်းစပ်မိတာ။