Poems

 

“Poetry begins in delight and ends in wisdom.”

-Robert Frost-

ကြောက်ရွံ့စိတ်တွေမရှိတဲ့နေရာ

ကြောက်ရွံ့စိတ်တွေမရှိဘဲ မြင့်မြင့်မားမားဦးမော့ထားနိုင်မဲ့နေရာ
အသိပညာတွေကို လွတ်လွတ်လပ်လပ်အခမဲ့သင်ယူနိုင်မယ့်နေရာ
ကမ္ဘာကြီးကို ကျဉ်းမြောင်းတဲ့တစ်ဦးပိုင်နံရံတွေနဲ့ အစိတ်အပိုင်းတွေအသီးသီးခွဲခြားမထားမဲ့နေရာ
နက်နဲတဲ့အမှန်တရားဆီက ထွက်ပေါ်လာတဲ့ စကားလုံးတွေရှိတဲ့နေရာ

အန်စာတုံးလှိမ့်လိုက်

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
အဲ့လိုမှမဟုတ်ရင် စတောင်မစနဲ့

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
မင်းချစ်သူကိုလဲ ဆုံးရှုံးရနိုင်တယ်
မင်းဇနီး၊မင်းဆွေမျိုးသားချင်း၊မင်းအလုပ်ကိုလဲဆုံးရှုံးရနိုင်တယ်
မင်းရူးလဲရူးသွားနိုင်တယ်

မျှော်လင့်ချက်

“မျှော်လင့်ချက်” ဆိုတာအတောင်ပံတွေပါတဲ့အရာလေးတစ်ခုပါပဲ
ငါ့ရဲ့အသည်းနှလုံးထဲမှာနားခိုနေတယ်
စကားလုံးတွေမပါပဲ သံစဉ်တွေ သီဆိုနေတာ
ဘယ်တော့မှရပ်မသွားဘူး