"လိုချင်တာရနေတာ ပျော်ရွှင်မှုမဟုတ်ဘူး။ ရနေတာလေးကိုလိုချင်တာမှ ပျော်ရွှင်မှု"
"ဘဝဆိုတာ မလုံလောက်တဲ့ အကြောင်းပြချက်တွေကနေ လုံလောက်တဲ့အဆုံးသတ်ချက်တွေရအောင် ရေးဆွဲတဲ့အနုပညာ"
အဖော်မဲ့လို့အားငယ်နေတာ ဆင်းရဲမှုတစ်ခုပါ။ တစ်ယောက်တည်းနေရလို့ကျေနပ်နေတာ ချမ်းသာမှုတစ်ခုပါ။
"မေတ္တာတရားရဲ့စွမ်းအားက ဩဇာအာဏာတပ်မက်မှုတွေကို အနိုင်ယူသွားတဲ့အခါ ကမ္ဘာကြီးငြိမ်းချမ်းသွားလိမ့်မယ်"
မင်းအတွင်းစိတ်ထဲမှာရှိတဲ့မင်းပုံစံက မင်းကိုကိုယ်စားမပြုဘူး မင်းဘာလုပ်လဲကသာမင်းကိုကိုယ်စားပြုတာ
လူကြီးတွေအားလုံး အမှားနဲ့မကင်းတာကိုနားလည်တဲ့နေ့ဟာ ကိုယ်အရွယ်ရောက်တဲ့နေ့၊ အဲ့ဒီအမှားတွေကိုခွင့်လွှတ်နိုင်နေ့ဟာ ကိုယ်လူကြီးဖြစ်တဲ့နေ့၊ ကိုယ့်အမှားတွေကို ကိုယ်ခွင့်လွှတ်နိုင်တဲ့နေ့ဟာ ဆင်ခြင်တုံ့တရားပြည့်ဝတဲ့နေ့
အနုပညာရှင်တွေက အမှန်တရားကိုပြောဖို့ မုသားကိုအသုံးချတယ်။ နိုင်ငံရေးသမားတွေက အမှန်တရားကိုဖုံးဖို့ မုသားကိုအသုံးချတယ်
"လူ့အဖွဲ့အစည်းက ရာဇဝတ်သားသာ မကြာခဏခွင့်လွှတ်ပေးတာ စိတ်ကူးယဉ်တဲ့သူကိုတော့ ဘယ်တော့မှခွင့်မလွှတ်ပေးဖူး"
ကျွန်တော် ကြုံခဲ့သမျှစမ်းသပ်မှုတွေထဲမှာ အခက်အခဲဆုံးကတော့ (ဘုရား)ဆုတောင်းခြင်းပဲ