Quotes

Best way to find

“သင့်ကိုယ်သင်ဘယ်သူလဲဆိုတာသိဖို့ အကောင်းဆုံးနည်းလမ်းဟာ တပါးသူတွေကိုကူညီရင်းနဲ့ ဘဝကိုနှစ်မြုပ်ထားခြင်းဖြစ်တယ်”

မဟတ္တမ ဂန္ဒီ

 

 

You say you love rain

“မိုးကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် မိုးရွာရင် မင်းထီးဆောင်းပြီးလျှောက်တယ် နေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် နေသာနေတဲ့အချိန် မင်းအရိပ်အောက်လိုက်ခိုတယ် လေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် လေတိုက်ပြီဆိုရင် မင်းတံခါးတွေကိုပိတ်လိုက်တယ် ဒါကြောင့် မင်းငါ့ကိုချစ်တယ်လို့ပြောရင် ငါလန့်တာ”

ဘော့မာလေ

 

 

It is not fair

“ကိုယ်ကိုယ်တိုင်လုပ်ဖို့ဆန္ဒမရှိတဲ့အရာတွေကို သူများတွေကို လုပ်ခိုင်းဖို့ တောင်းဆိုနေတာဟာ မတရားတာပဲ” 

အယ်လနော ရုစဗဲ့

 

Ego says

“အတ္တကပြောတယ် အရာအားလုံးအဖြေပေါ်သွားတဲ့အချိန် မင်းငြိမ်းချမ်းသွားလိမ့်မယ်
စိတ်ကပြောတယ် ငြိမ်းချမ်းမှုကိုရှာ အရာအားလုံးအဖြေပေါ်လာလိမ့်မယ်”

When a country is well

“နိုင်ငံကကောင်းကောင်းအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ဆင်းရဲမှုတွေနဲ့ဆိုးရွားမှုတွေရှိနေတာရှက်စရာပဲ။ နိုင်ငံကကောင်းကောင်းမအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ချမ်းသာမှုတွေနဲ့ဂုဏ်ပြုခံရမှုတွေရှိနေတာရှက်စရာပဲ”

ကွန်ဖြူးရှပ်