❝တောင်တက်ခရီး❞
မြူတွေကလွှမ်း
တောင်ပတ်လမ်း
စမ်းရေတသွင်သွင်

❝ကင်မရာစုံတွဲ❞
DSLR ကိုယ်စီနဲ့
လက်ခြင်းချိတ်ပြီး
သဘာဝအလှကို အမဲလိုက်ကြတယ်

❝သစ်ပင်❞
နေပြီဆို
သေသည်အထိ
ဘယ်တော့မှမရွေ့တော့ဘူး

❝တောင်ကြားကအိမ်❞
သဘာဝတံတိုင်းတွေကြား
သစ်သားအိမ်ကလေးက
နွေမိုးဆောင်းကို အံ့တုလို့

