အရာအားလုံးပြီးပြည့်စုံနေပြီချွတ်ယွင်းချက်တွေမရှိရင် ဘဝကြီးက dull ဖြစ်ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။ ဘာလိုလဲဆိုတော့ perfect တွေဖြစ်လွန်းတော့ ဘာမှကြိုးစားအားထုတ်စရာမရှိ ခံစားစရာမရှိတော့ပဲ ပျင်းခြောက်ခြောက်ကြီး။ Perfect moment, perfect career, perfect love, perfect trip ဆိုရင် အားလုံးက perfect ဖြစ်နေရင် တည်မြဲသွားလိမ့်မယ်။ Why?
ပြီးပြည်စုံတယ်ဆိုတဲ့အရာတစ်ခုဟာ ချို့ယွင်းချက်မရှိတော့ဘူး။ ချို့ယွင်းချက်မရှိတဲ့အရာဟာ ပျက်စီးစရာအကြောင်းမရှိတော့ဘူး။ ပျက်စီးစရာအကြောင်းမရှိတော့ဘူးဆိုရင် အဲ့အရာက ထာဝရတည်မြဲသွားလိမ့်မယ်။ဒါဆို မတည်မြဲမှုနိယာမ(Impermanence) ကိုချိုးဖောက်ရကြတယ်။ ဒါကြောင့် လောကမှာ ဘယ်အရာမှမတည်မြဲနိုင်အောင် မပြီးပြည့်စုံမှု၊ချို့ယွင်းမှု၊အပြစ်အနာအဆာ (Imperpection) လေးတွေ သဘာဝတရားကြီးကထည့်ထားတာ။
ငါလိုတရဘဝကိုရနေပြီလို့ စိတ်ကူးယဉ်စမ်းသက်ချက် (thought experiment)လုပ်ကြည့်ပါ။ တောင်းတတိုင်းအကုန်ရနေပြီဆိုတဲ့ဘဝကြီးနဲ့ ဘယ်နှစ်ရက်ဘယ်နှစ်လကြာအောင်ငါနေနိုင်မယ်ထင်သလဲလို့ မေးကြည့်ပါ။ တကယ်ဆွဲမက်ဖွယ်ရာကောင်းတဲ့ဘဝကြီးဖြစ်နေမလားလို့ ကြီးမားမြင့်မြတ်တဲ့ ဆင်ခြင်ဉာဏ်နဲ့တွေးဆကြည့်ပါ။
တကယ်တော့ ဘဝမှာအာလုံးပြည်စုံနေတဲ့သူတွေဟာ ပုံပြင်တွေထဲလိုကောင်းကင်ဘုံပေါ်ရောက်နေတဲ့ နတ်သားတွေလိုမျိုးပဲ လိုချင်တာ အကုန်ရနေမှတော့ဘာမှစွမ်းအင်ထုတ်သုံးစရာမရှိတော့ဘူး။ စွမ်းအင်မရှိတော့ လည်ပတ်မှုတွေမလုပ်နိုင်ပဲ ရပ်တန့်ပြီးသေနေရော။ချို့ယွင်းမှုတွေ မပြီးပြည့်စုံမှုရှိနေတဲ့အခါမှသာ ကျွန်တော်တို့က စွမ်းအင်တွေစိုက်ထုတ်ရတယ်။ စွမ်းအင်ရှိတဲ့အတွက်ကြောင့်သာ ဘဝရဲ့ယန္တရားတွေကို လည်ပတ်နိုင်ပြီး ရှင်သန်နေနိုင်တယ်။
အို…ဒါဆိုဘဝက ဝိရောဓိဖြစ်နေတာပေါ့ How paradoxical! မပြည့်စုံမှုတွေရှိနေတာကိုက ပြည့်စုံစေတာ “Imperfection completes perfection“ မပြည်စုံမှုတွေ အပြစ်အနာအဆာတွေရှိနေလို့သာ ကျွန်တော်တို့ဟာ အဓိပ္ပာယ်ရှိနေတာ၊ ရှင်သန်နေတာ၊ လည်ပတ်နေတာ။ ဂျပန်လူမျိုးတွေရဲ့ Wabi Sabi philosophy အရလဲ မပြည်စုံမှု အပြစ်အနာအဆာ(Imperpection)ရှိနေတာကိုက “အလှတရား” (Beauty) ပဲလို့ပြောခဲ့ကြတယ်။ Yin and Yang နဲ့က တစ်ခုခုကို အစွန်းတဖက်မှာပဲမတည်မြဲပဲ ၂ခုစလုံးက တစ်ချိန်တည်းမှာ တူတူတည်မြဲနေတာ။ ဘဝရဲ့ငြီးငွေ့မှုတွေ မပျော်ရွှင်မှုတွေဆိုတာ ပြီးပြည်စုံမှုတွေကိုတကူးတက အငမ်းမရ အစွန်းရောက်ပြီးလိုက်ရှာနေရခြင်းရဲ့ရလဒ်တွေကြောင့်သာဖြစ်တယ်။ ဒါကြောင့် ဘဝဆိုတာ မပြည်စုံပါလားဆိုပြီးတော့ မပြည့်စုံမှုအပြစ်အနာအဆာ(Imperfection)လေးတွေကို တူညီစွာလက်ခံနိုင်ပြီဆို တချိန်တည်းမှာပဲ ကျွန်တော်တို့ ပြည်စုံသွားပြီး သဟဇာတဖြစ်တဲ့ ငြိမ်းချမ်းမှု(peace)ကိုခံစားနေရလိမ့်မယ်ထင်ပါရဲ့…
“We will find peace when we realize and accept that life is imperfectly perfect.”
သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့ ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်
အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…
စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။
စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။