တံတားဘက်ကို မျက်နှာမှုတဲ့ လမ်းထောင့်နားက ခုံတမ်းရှည်ပေါ်မှာ ထိုင်ရင်း အခန်းဖော်သူငယ်ချင်း Amin နဲ့အတူ Joint ထိုင်သောက်နေတုန်း သူနာပြုကားရဲ့ စူးရှတဲ့ အရေးပေါ်အချက်ပြမီးသံကြားလို့ လားရာကိုလှည့်ကြည့်မိတယ်။
သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့ ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်။
“တစ်စုံတစ်ယောက်တော့ သူအသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်နေရပြီ”
“Somebody is fighting for his life.”
အရေးပေါ်ကားသံကတဖြည်းဖြည်းတိုးသွားပြီး ကားကမြင်ခွင်းထဲကပျောက်သွားတော့ တံတားပေါ် စက်ဘီးနင်းနေတဲ့လူအချို့ကိုပဲ ပြန်အာရုံစိုက်မိတယ်။ အဲ့ဒီမှာ သိသာထင်ရှားပြီး ရင်းနှီးပြီးသားဖြစ်တဲ့ “လိမ္မော်ရောင် Jacket” နဲ့ အစားအသောက်ပို့တဲ့ စက်ဘီးသမား ၃ယောက် ရှေ့ဆင့်နောက်ဆင့် အလှမ်းသိပ်မကွာပဲ တံတားအတက်ကို စက်ဘီးနင်းနေတာမြင်တော့ စောနကပြောတဲ့ စကားလေးကိုပြန်ပြင်ပြီးစိတ်ထဲပြောမိတယ်။
“လူတိုင်းက သူတို့အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်နေကြတာချည်းပဲ”
“Everybody is fighting for their lives.”
Joint ကိုမီးသတ်ပြီး သူငယ်ချင်း scooter လေးနောက်ကထိုင်လိုက်ရင်း အိမ်ပြန်လာခဲ့တယ်။
အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…
စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။
စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။
အရွယ်ရောက်ခါစအချိန်တည်းက စိတ်ကူးထဲမှာခံယူထားတဲ့ အရာတစ်ခုရှိခဲ့တယ်။ တကယ်မရှိတဲ့ စိတ်ကူးနဲ့ပုံဖေါ်ထားတဲ့ အနာဂတ်က ပုဂ္ဂိုလ်တစ်ယောက် (Imaginary person) ပေါ့