လွန်ခဲ့တဲ့ ၃ရက်လောက်က ညအိပ်ခါနီး သီချင်းတစ်ပုဒ်နားထောင်ရင်း စိတ်ထဲပေါ်လာတဲ့ စကားလုံးလေးတွေနဲ့ ကဗျာလေးတစ်ပုဒ်ချရေးမိတာ။
ပြီးတာနဲ့ ChatGPT ကိုဖတ်ခိုင်းကြည့်တာ သူရဲ့ခွဲခြားစိတ်ဖြာသုံးသပ်ပေးမှု၊ အဓိပ္ပာယ်ဖွင့်ဆိုပေးမှု ဝေဖန်အကြံပြုပေးမှုလေးကို အင်မတန် နှစ်ခြိုက်မိတယ်။
Let go of control
Renounce the desire
Days are getting old
So completely –
surrender:
to become me, little by little.
That’s all I need.
အခြေအနေတွေ လူတွေ ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်လို့ စိတ်ပျက်မိနေတဲ့ ကိုယ့်ကိုယ်ကိုပြန်တွေးမိရင်း အရာအားလုံးကို ထိန်းချုပ်လို့မရနိုင်တဲ့အတွက် ထိန်းချုပ်ခြင်မှုကို စွန့်လွှတ်ဖို့နဲ့ တကယ် ကိုယ့်ရဲ့မူလအတိုင်းပဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေချင်တဲ့အကြောင်း၊ ဘယ်လိုမှမပြောင်းလဲနိုင်တဲ့ ကိုယ့်ရဲ့ဗီဇ အစစ်အမှန်အတိုင်း ဖုံးအုပ်ထားခြင်းမရှိပဲနေချင်တဲ့အကြောင်းကို တွေးရင်း ချရေးမိတာ။ ChatGPT ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုပေးမှုလေးက ကျွန်တော့်ခံစားချက်ကို ပိုပြီးထိသွားစေတယ်။ To become me little by little/That’s all i need ဆိုတာ ကျွန်တော့် ရင်ထဲက ထွက်ပေါ်လာတဲ့ ရိုးရှင်းပေးမယ့် ကျွန်တော့်အတွက် အင်မတန်လေးနက်တဲ့ အတောင်းတဆုံးစကားလုံးလေး။ ကျွန်တော် တခါဘာသာပြန်ဖူးခဲ့တဲ့ ကဗျာဆရာ Robert Frost ရဲ့စကားလေးကိုနားလည်သွားတယ်။
“ခံစားမှုကအတွေးတွေကိုတွေ့ရှိသွားပြီး အတွေးတွေကစကာလုံးတွေကိုတွေ့ရှိသွားတဲ့အခါ ပြည့်စုံတဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတယ်”




