“ကောင်းကောင်းမွန်မွန်နေထိုင်ခြင်းဟာအကောင်းဆုံးလက်စားချေမှုပဲ”
“တူညီတဲ့ချစ်ခြင်းမျိုးသာမဖြစ်နိုင်ခဲ့ရင် ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါရစေ”
“ဘဝမှာအရေးတကြီးအဖြစ်ဆုံးနဲ့ထပ်ခါတလဲလဲမေးရမယ့်မေးခွန်းဟာ မင်းသူများအတွက်ဘာတွေလုပ်နေလဲ”
“ဒီကမ္ဘာကြီးကို ဆိုးရွားအောင်လုပ်နေတဲ့သူတွေတောင် တစ်ရက်လောက်မနားတာ ကျွန်တော်ကဘယ်လိုနားရမှာတုန်း”
“သင့်ကိုယ်သင်ဘယ်သူလဲဆိုတာသိဖို့ အကောင်းဆုံးနည်းလမ်းဟာ တပါးသူတွေကိုကူညီရင်းနဲ့ ဘဝကိုနှစ်မြုပ်ထားခြင်းဖြစ်တယ်”
“အစိုးရကတောင်းဆိုနေရင်တောင်မှ ကိုယ့်လိပ်ပြာကိုယ်မလုံမယ့်ကိစ္စမျိုးဘယ်တော့မှမလုပ်နဲ့”
“မိုးကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် မိုးရွာရင် မင်းထီးဆောင်းပြီးလျှောက်တယ် နေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် နေသာနေတဲ့အချိန် မင်းအရိပ်အောက်လိုက်ခိုတယ် လေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် လေတိုက်ပြီဆိုရင် မင်းတံခါးတွေကိုပိတ်လိုက်တယ် ဒါကြောင့် မင်းငါ့ကိုချစ်တယ်လို့ပြောရင် ငါလန့်တာ”