“ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့အချိန်တွေရှိလာနိုင်တယ်ဆိုတာငါကြိုသိပြီးသားပါ။ကြီးမားတဲ့ရန်သူတွေ အောက်မှာ သေးငယ်စွာနဲ့ တစ်ယောက်တည်း မသေချာမရေရာနဲ့ပေါ့”
နောက်ဆုံး စခန်းသိမ်းလိုက်နိုင်ပြီဆိုတော့မှ သူငယ်ချင်းရဲဘော်နှစ်ယောက်က သူ့ဓာတ်ပုံရှေ့မှာထိုင်ရင်း အမျှဝေပေးတယ်။ အမျှဝေပေးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း သူ့ပါးပြင်ပေါ်က မျက်ရည်တွေအတားအစည်းမဲ့စီးကျလာတယ်။
ကိုယ့်ဟာကိုယ်တောင်ရိက္ခာမလုံလောက်ချိန်မှာ စစ်ဘေးရှောင်တွေကိုကူညီပေးဖို့ သူတို့မှာရှိတဲ့ ရိက္ခာတွေကိုခွဲပေးနေရတာကြောင့် သူတို့အတွက် တောထဲက “ဆူးမရှိတဲ့အရွက်” တွေပဲခူးပြီးချက်စားပါတယ်လို့