Charles Bukowski

ရယ်မောနေသော နှလုံးသား

မင်းဘဝဟာ “မင်းဘဝ”ပဲ
အမှောင်ထဲမှာ အညံ့ခံပြီးအရှုံးပေးနေမနေနဲ့
စောင့်ကြည့်နေပါ
ထွက်လမ်းတွေရှိတယ်
“အလင်းရောင်” တစ်နေရာမှာရှိတယ်
အလင်းတွေအများကြီးတော့မဟုတ်ဘူး
ဒါပေမယ့် အဲဒီအလင်းက အမှောင်ထုကိုဖြိုခွင်းနိုင်တယ်

အန်စာတုံးလှိမ့်လိုက်

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
အဲ့လိုမှမဟုတ်ရင် စတောင်မစနဲ့

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
မင်းချစ်သူကိုလဲ ဆုံးရှုံးရနိုင်တယ်
မင်းဇနီး၊မင်းဆွေမျိုးသားချင်း၊မင်းအလုပ်ကိုလဲဆုံးရှုံးရနိုင်တယ်
မင်းရူးလဲရူးသွားနိုင်တယ်