Painting is poetry
“ပန်းချီဆိုတာ မြင်သာမြင်ပြီးမကြားရတဲ့ ကဗျာတစ်ပုဒ်။ ကဗျာဆိုတာ ကြားသာကြားပြီးမမြင်ရတဲ့ ပန်းချီတစ်ခု”
လီယိုနာဒို ဒါဗင်ချီ
“ပန်းချီဆိုတာ မြင်သာမြင်ပြီးမကြားရတဲ့ ကဗျာတစ်ပုဒ်။ ကဗျာဆိုတာ ကြားသာကြားပြီးမမြင်ရတဲ့ ပန်းချီတစ်ခု”
လီယိုနာဒို ဒါဗင်ချီ
“ခံစားမှုကအတွေးတွေကိုတွေ့ရှိသွားပြီး အတွေးတွေကစကာလုံးတွေကိုတွေ့ရှိသွားတဲ့အခါ ပြည့်စုံတဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတယ်”
ရောဘတ် ဖရိုစ်
…
ကဲ…သား အမေ မင်းကိုပြောပြမယ်
ဘဝဟာ အမေ့အတွက်တော့ အကောင်းစားဖန်လှေခါးမျိုးမဟုတ်ခဲ့ဘူး
လှေခါးပေါ်မှာသံမှိုတွေလဲရှိခဲ့တယ်
ချွန်မြတဲ့ အပိုင်းအစတွေလဲရှိခဲ့တယ်
ကော်ဇော်မခင်းထားတဲ့ ဗလာကျင်းဖြစ်နေတဲ့နေရာတွေလဲရှိခဲ့တယ်
…
…
ကြောက်ရွံ့စိတ်တွေမရှိဘဲ မြင့်မြင့်မားမားဦးမော့ထားနိုင်မဲ့နေရာ
အသိပညာတွေကို လွတ်လွတ်လပ်လပ်အခမဲ့သင်ယူနိုင်မယ့်နေရာ
ကမ္ဘာကြီးကို ကျဉ်းမြောင်းတဲ့တစ်ဦးပိုင်နံရံတွေနဲ့ အစိတ်အပိုင်းတွေအသီးသီးခွဲခြားမထားမဲ့နေရာ
နက်နဲတဲ့အမှန်တရားဆီက ထွက်ပေါ်လာတဲ့ စကားလုံးတွေရှိတဲ့နေရာ
…
မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
အဲ့လိုမှမဟုတ်ရင် စတောင်မစနဲ့
မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
မင်းချစ်သူကိုလဲ ဆုံးရှုံးရနိုင်တယ်
မင်းဇနီး၊မင်းဆွေမျိုးသားချင်း၊မင်းအလုပ်ကိုလဲဆုံးရှုံးရနိုင်တယ်
မင်းရူးလဲရူးသွားနိုင်တယ် …