quote

When a country is well

“နိုင်ငံကကောင်းကောင်းအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ဆင်းရဲမှုတွေနဲ့ဆိုးရွားမှုတွေရှိနေတာရှက်စရာပဲ။ နိုင်ငံကကောင်းကောင်းမအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ချမ်းသာမှုတွေနဲ့ဂုဏ်ပြုခံရမှုတွေရှိနေတာရှက်စရာပဲ”

ကွန်ဖြူးရှပ်

 

Artistic than to love people

“ပိုပြီးစဉ်းစားကြည့်လေလေ လူတွေအပေါ်ချစ်ခြင်းမေတ္တာထားနိုင်တာလောက် အမှန်တကယ်အနုပညာဆန်တဲ့အရာမျိုးမရှိဘူးလို့ ငါပိုပြီးခံစားမိလေလေပဲ” 

ဗင်ဆင့်ဗန်ဂိုး

 

 

Compromise

“မင်းသိလား  လူတွေမင်းကို ကြိုက်လာအောင်လုပ်ဖို့လောက်သာ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချိန်တိုင်း သူတို့အကြိုက်နဲ့ကိုက်ညီအောင်မင်းပြင်ဆင်နေမှာပဲလေ ဟုတ်တယ်မလား ပြီးရင်တော့ မင်းဘာမှအောင်မြင်မှာမဟုတ်ဘူး”

မာဂရက် သက်ချာ

Pain is temporary

“နာကျင်မှုဆိုတာ ခေတ္တယာယီပါ။ တစ်မိနစ်လောက်ကြာချင်ကြာမယ် တစ်နာရီလောက်ကြာချင်ကြာမယ် တစ်ရက်လောက်ကြာချင်ကြာမယ် တစ်နှစ်လောက်ကြာချင်ကြာမယ်။ ဒါပေမယ့် နောက်ဆုံးကျရင်သက်သာသွားပြီး သူ့နေရာကို တစ်ခုခုကအစားဝင်လာမှာပဲ။ ဒါပေမယ့် ကျွန်တော် အရှုံးပေးနုတ်ထွက်လိုက်တယ်နော် အဲ့ဒါက အမြဲထာဝရကျန်ရစ်နေမှာ”

 လန့်စ် အမ်းစတောင်း

When I was a child

အမေကကျွန်တော့်ကိုပြောတယ် “မင်းစစ်သားလုပ်မယ်ဆိုရင် တစ်ချိန် ဗိုလ်ချုပ်ကြီးဖြစ်လာလိမ့်မယ်၊ ဘုန်းကြီးဝတ်မယ်ဆိုရင်လဲ တစ်ချိန်ပုပ်ရဟန်းမင်းကြီးဖြစ်လာလိမ့်မယ်” ဒါပေမယ့် ကျွန်တော်ပန်းချီဆရာပဲလုပ်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ပီကာဆို ဖြစ်လာတယ်
ပါဘလို ပီကာဆို