Poems

ကြောက်ရွံ့စိတ်တွေမရှိတဲ့နေရာ

ကြောက်ရွံ့စိတ်တွေမရှိဘဲ မြင့်မြင့်မားမားဦးမော့ထားနိုင်မဲ့နေရာ
အသိပညာတွေကို လွတ်လွတ်လပ်လပ်အခမဲ့သင်ယူနိုင်မယ့်နေရာ
ကမ္ဘာကြီးကို ကျဉ်းမြောင်းတဲ့တစ်ဦးပိုင်နံရံတွေနဲ့ အစိတ်အပိုင်းတွေအသီးသီးခွဲခြားမထားမဲ့နေရာ
နက်နဲတဲ့အမှန်တရားဆီက ထွက်ပေါ်လာတဲ့ စကားလုံးတွေရှိတဲ့နေရာ

မမောပန်းနိုင်တဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အကောင်းတကာအကောင်းဆုံးဖြစ်အောင် ကြိုးပန်းလုပ်ဆောင်နေမှုတွေရှိတဲ့နေရာ
ငြီးငွေ့ဖွယ်ရာကောင်းတဲ့သဲကန္တာရကြီးထဲမှာ ကြည်လင်စွာစီးဆင်းနေတဲ့စမ်းချောင်းလေးရှိနေသကဲ့သို့ အသုံးမဝင်တော့တဲ့ အယူအဆ အစွဲဟောင်းတွေထဲမှာအကျိုးသင့်အကြောင်းသင့် ဆင်ခြင်နိုင်စွမ်းတွေ မပျောက်ကွယ်သွားမယ့်နေရာ
စဉ်ဆက်မပြတ်ကြီးမားကျယ်ပြန့်နေတဲ့ အတွေးအခေါ်တွေ၊လုပ်ဆောင်မှုတွေနဲ့အတူ လွတ်လပ်တဲ့နိဗ္ဗာန်ဘုံရှိရာနေရာကိုခေါ်ဆောင်သွားနိုင်အောင်လို့
အဖဘုရားသခင်…
ကျွန်တော့်တိုင်းပြည်ကို လှုပ်နှိုးလှည့်ပါ။

ရဘင်ဒရာနတ် ဒဂိုး

-။-

Where the mind is without fear and the head is held high;
Where knowledge is free;
Where the world has not been broken up into fragments by narrow domestic walls;
Where words come out from the depth of truth;
Where tireless striving stretches its arms towards perfection;
Where the clear stream of reason has not lost its way into the dreary desert sand of dead habit;
Where the mind is led forward by thee into ever-widening thought and action;
Into that heaven of freedom, My Father, let my country awake.

Ravindranath Tagore

Watch me reciting this poem on Youtube

Nyan Zaw Htet

Recent Posts

❝Erasmus တံတားပေါ်က❞

သူနာပြုကားက တံတားပေါ်ကိုဖြတ်ပြီး တခြားတဖက်ကိုလျင်မြန်စွာမောင်းနေတာမြင်တော့  ဘေးကဖုန်းပွတ်နေတဲ့ သူငယ်ချင်းမကြားမိလောက်တဲ့ အသံတိုးတိုးလေးနဲ့ပါးစပ်က စကားတစ်ခုကိုရေရွတ်မိတယ်

4 days ago

A Beautiful Mess

အပြစ်အနာအစာတွေအကုန်မြင်နေရတဲ့ အပ်ကွဲကြောင်းတွေနဲ့ ပန်ကန်းလုံးလေးကမှ တကယ့်အမှန်တရား တကယ့်ဖြစ်တည်မှု အလှတရားဆိုတဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကိုမြင်စေတယ်

3 weeks ago

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ…

4 months ago

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

6 months ago

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

8 months ago

Haiku – Part 1

မြူတွေကလွှမ်း တောင်ပတ်လမ်း စမ်းရေတသွင်သွင်

8 months ago