လူတိုင်းနီးပါး ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝမှာ ကိုယ့် အကြိုက်ဆုံးဆရာ(favourite teacher)တစ်ယောက်တော့ရှိတတ်ကြတယ်။ ကျွန်တော့်အတွက်လဲ အင်မတန်မှ အထင်ကြီးလေးစားအတုယူရတဲ့ အသက်ကြီးတဲ့အချိန်တဲ့ တခြားသူတွေကိုပြန်ပြောင်းပြောပြချင်တဲ့ဆရာကြီးတစ်ယောက်ရှိတယ်။ ကျွန်တော် ရေကြောင်းတက္ကသိုလ်ဒုတိယနှစ်တုန်းက Mechanics စသင်ပေးတဲ့ ဆရာကြီးပေါ့။ ဆရာကြီးကို လေးစားအားကျမိတဲ့ အမှတ်တရတွေထဲက မှတ်မိသလောက်လေးပြန်ပြောရရင်ဖြင့်
မင်္ဂလာမရှိဘူး
သူ့ရဲ့ပထမဦးဆုံး Lecture မှာကျောင်းသားတွေတစ်ယောက်မှမရှိဘူး။ဘာလို့လဲဆိုတော့ ကျောင်းကအခုမှစဖွင့်ဖွင့်ချင်းဆိုတော့ ကျွန်တော်တို့ကျောင်းသားတွေစိတ်ထဲမှာ သူ့အတန်းမစလောက်သေးဘူးထင်လို့ အားလုံးကပြန်သွားကြတယ်။နောက်ဆုံးချိန်လဲဖြစ်နေတာလဲပါတယ်။ နောက်နေ့မနက်အတန်းထဲရောက်တော့မှ whiteboard ပေါ်မှာရေးထားတဲ့ဒီစာကြီးကိုမြင်လိုက်ရတယ်။
“ဆရာလာသွားသည်။ တပည့်များမရှိပါ”
အဲ့တာမြင်တော့မှ ကျွန်တော့စိတ်ထဲမှာ
“ဟ…သေပြီ။မနေ့ကတုန်းကအတန်းရှိတယ်ဟ…”
အဲ့လိုနဲ့ဆရာကြီးရဲ့ပထမဦးဆုံးအတန်းဝင်မယ့်အချိန်ကိုရောက်လာတယ်။ တစ်ခါမှလဲမမြင်ဘူးသေးဘူး။ဆရာဆိုတော့ပိုစိတ်ဝင်စားတယ်။ကျွန်တော်တို့နိုင်ငံမှာက ဆရာမတွေနဲ့ပဲသင်ခဲ့ရတာများတယ်လေ။အဲဲဒီတော့ ဆရာဆိုဘယ်လိုမျိုးကြီးဖြစ်မလဲလို့စိတ်ဝင်စားမိတယ်။ အဲ့လိုနဲ့ဆရာကြီးက Theatre ဘက်ကိုလမ်းလျှောက်လာတာလှမ်းမြင်ရတယ်။ ဆရာကြီးကအသက်ကြီးကြီး၊အသားကမဲမဲနဲ့မျက်နှာကြီးကခပ်တင်းတင်းပုံစံကြီးနဲ့ဆိုတော့အခန်းအပေါက်ဝကိုဝင်လာတာမြင်မြင်လိုက်ချင်းပဲလူကရှိန်နေတယ်။ အတန်းထဲရောက် Stage ပေါ်တက်တော့ ထုံးစံအတိုင်းကျွန်တော်တို့ကျောင်းသားတွေကမတ်တတ်ထပြီး
“မင်္ဂလာပါ ဆရာ” လို့နှုတ်ဆက်လိုက်တယ်။အဲ့မှာ ဆရာကြီးပြန်ဖြေတဲ့စကားကိုဒီနေ့ထိမမေ့သေးဘူး။
“ဘာမှ မင်္ဂလာမရှိဘူး” တဲ့။
“သေပြီဟေ့။ ဒီဆရာကြီးကကြမ်းမယ့်ပုံကြီးပဲ” “ဟိုနေ့က သူ့အတန်းတစ်ယောက်မှမရှိလို့တင်းနေတာဖြစ်မယ်” လို့တွေးမိတာပေါ့။ပြီးမှ ဆရာကြီးက “မင်းတို့စာသင်ခန်းကြီးက ကြည့်ပါဦးကွာ။ညစ်ပတ်စုတ်ပြတ်နေတာ။ဘယ်လိုလို့ မင်္ဂလာရှိမှာတုန်း” ဆိုပြီး Theatre ထဲမှာညစ်ပတ်နေတာတွေကိုပြောရော။ဟုတ်လဲဟုတ်တာပဲ။နံရံကဆေးတွေကလဲမကောင်း whiteboard ကလဲညစ်နေသေးတယ်။ အဲ့တော့ဆရာကြီးက “မင်္ဂလာမရှိဘူး” လို့ပြောတာလဲမှန်တာပေါ့။ နောက်မှသိလိုက်တာ ဆရာကြီးရဲ့ Type ကအဲ့လိုမျိုးပဲ ပွင့်ပွင့်လင်းလင်းနဲ့ စိတ်ထဲရှိတာကိုအရှိအတိုင်းပဲပြောတတ်တာ။ဘယ်တုန်းမှ ဖိန့်ဖိန့်တွေမပြောဘူးလေ။ အဲ့လို ပုံစံကြောင့်ပဲ ဆရာကြီးရဲ့ Lecture လွတ်လပ်ပေါ့ပါးပြီးရယ်နေရတာ။ ဘာမှထူးထူးခြားခြားဟာသတွေပြောနေစရာမလို့ဘူး။သူရဲ့ ပွင့်ပွင့်လင်းလင်းပြောတဲ့စတိုင်ကိုကရယ်ရတာ။ ကျွန်တော်ကိုယ်၌ကလဲ အသေပွင့်လင်းတဲ့လူဆိုတော့ ဆရာကိုအသေသဘောကျတာပေါ့။(ဘန်းစကားနဲ့ရေးလိုက်မှထိတယ်လို့ထင်လို့ အသေလို့သုံးလိုက်တာပါ။) ကျောင်း ၅နှစ်တာကာလအတွင်းတက်ခဲ့တဲ့အတန်းတွေထဲမှာ ဆရာကြီးအတန်းတက်ရတာ ချုပ်ချယ်ထားထဲခံစားချက်မျိုး၊ကျဥ်းကျပ်တဲ့ခံစားချက်မျိုး၊ မလွတ်မလပ်နဲ့သည်းခံပြီး သက်ပြင်းလေးချပြီး “တက်ရပြန်ဦးမယ်” ဆိုတဲ့ခံစားချက်မျိုးတစ်ခါမှမရှိခဲ့။ ကြောက်စိတ်ကြီးတွေနဲ့ရှိန်နေရမယ့် ခံစားချက်မျိုးလဲမရှိ။ လုံးဝလွတ်လွတ်လပ်ပေါ့ပေါ့နဲ့အေးအေးဆေးဆေးသင်ရမယ်ဆိုတယ့် feeling မျိုးဝင်တယ်။ သူ့အတန်းကရယ်လဲရယ်ရတာကို။
ရဲခေါ်မှာ
ဆရာကြီးခဏခဏပြောတတ်တဲ့ စကားလုံးတွေထဲမှာကျွန်တော်မှတ်မိနေတဲ့ စကားလုံးက ရဲခေါ်မှာ ဆိုတဲ့စကားပဲ။ ဘာကြောင့် ရဲခေါ်မှာဆိုတဲ့ စကားကိုမှရွေးသုံးရလဲတော့ ကျွန်တော်မသိဘူး။ ဘာနေရာမှာသူသုံးလဲဆိုတာတော့ ကျွန်တော်မှတ်မိတယ်။ စားမေးပွဲပြီးသွားတဲ့အခါ မဖြေနိုင်တဲ့ကျောင်းသားတွေက “ထုံးစံအတိုင်း” ဆရာကြီးအိမ်ကို မိဘနဲ့အတူသွားပြီးကန်တော့ကျတယ်ထင်ပါတယ်။ အဲဒီအခါကျရင် ဆရာကြီးကအရမ်းစိတ်ဆိုးတာ။ အဲဒါကြောင့် သူစာရှင်းပြနေတဲ့အချိန် ခဏခဏပြောတယ်။ “မင်းတို့ကောင်တွေ စားမေးပွဲပြီးမှ ငါ့ဆီမလာနဲ့နော် အဲ့ကျ ငါရဲခေါ်မှာ” ဆိုပြီးရုပ်တည်နဲ့ပြောတာ။ ဒါပေမယ့် အဲ့လို ဆရာကြီးရုပ်တည်နဲ့ပြောတဲ့လေသန်က ကျွန်တော်အတွက်တော့ အမြဲတမ်းရယ်ချင်စရာပဲ။
အဆင်မပြေဘူး
တခါသူအတန်းထဲမှာစာသင်နေတုန်း ပါမောက္ခချုပ်က Round လှည့်လာတယ်နဲ့တူတယ်။ ကျွန်တော်တို့ Theatre ဘက်ကိုလျှောက်လာတယ်။ အဲ့အချိန်ထဲက ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကိုဖြစ်တော့မှာကြိုသိနေသလိုခံစားရတယ်။ ပါချုပ်က အတန်းထဲရောက်ရော ဆရာကြီးကိုမြင်တော့ “ဟာ..ဆရာ အဆင်ပြေရဲ့လားလို့” သဘောအရမေးလိုက်တာပေါ့။ အဲ့မှာ ဆရာကြီးဘာပြန်ဖြေမလဲဆိုတာ ကျွန်တော်တို့ကျောင်းသားတွေရိတ်မိပြီးသားဖြစ်မှာပါ။
“အေး…အဆင်မပြေဖူးကွ” တဲ့
ကျွန်တော်က တခွီခွီနဲ့ရယ်တာပေါ့။ ဆရာကြီးက ပါချုပ်ထက်လဲအသက်လဲကြီးတာကို။ ရယ်မိရခြင်းအကြောင်းအရင်က သာမန်လူ့သဘောအရတွေ့လို့နှုတ်ဆက်တဲ့အနေနဲ့ “အဆင်ပြေရဲ့လား” လို့ပါချုပ်ကမေးတာ။ တကယ်အဆင်ပြေမပြေသိချင်တဲ့သဘောမဟုတ်ဘူး။ ပြီးတော့ တော်ရုံတန်ရုံဆရာ၊ဆရာမတွေဆိုရင် ပါချုပ်ကအဲ့လိုနှုတ်ဆက်ရင် “သြော်…ဟုတ်ကဲ့အဆင်ပြေပါတယ် ဆရာ” လို့ပဲပြန်ဖြေကြမှ။ ဒါပေမယ့် ဆရာကြီးက ပွင့်ပွင့်လင်းလင်းသမား။စကားကို ဖိန့်ဖိန့်တွေမပြောတတ်ဖူးလေ။အဲ့ဒါကြောင့် “အဆင်ပြေရဲ့လား” လို့လာမေးတော့ “အေး…အဆင်မပြေဖူးကွ” လို့ဒဲ့ကြီးပြန်လွှတ်လိုက်တော့ မေးတဲ့ပါချုပ်တောင်မျက်နှာက အင်တင်တင်ဖြစ်သွားတယ်။ ပြီးမှ Theatre ကမသန့်မရှင်းဖြစ်နေတဲ့အကြောင်းတွေကိုပြောပြ။အဲ့ဒါတွေကြောင့် သင်ရတာဘယ်လိုလို့အဆင်ပြေမတုန်းလို့ဆရာကြီးကပြန်ပြောတယ်။
တပည့်နှစ်မျိုး
အဲ့နေ့ကိုကျွန်တော်မမေ့ဘူး။ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ အခုထိရှိနေတုန်းပဲ။လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော် 2nd year ကျောင်းသား ဆရာကြီးရဲ့ mechanics အတန်းတက်နေတဲ့အချိန်ပေါ့။ ဆရာကြီးက whiteboard မှာ lectures ပေးနေတယ်။ ကျွန်တော်က စာလိုက်ကူးနေတယ်။ အဲ့ဒီမှာ ဆရာကြီးက ဘာသွားစဥ်းစားမိလို့လဲမသိ ရုတ်တစ်ရက်စာရေးနေရင်နဲ့ဒီစကားလေထပြောတယ်။
“လောကမှာတပည့် ၃မျိုးရှိတယ်ကွ”
စာကုန်းရေးနေတဲ့ကျွန်တော်လဲ “ဟ….ဘာတုန်းဟ” ဆိုပြီးကျွန်တော့် attention က ဆရာကြီးဆီရောက်သွားတယ်။ ဆရာကြီးကပြောတယ်။
“လောကမှ တပည့်၃မျိုးရှိတယ်ကွ”
“ဆရာထက်တော်တဲ့တပည့်၊ ဆရာနဲ့တူတဲ့တပည့်၊ ဆရာလောက်မတော်တဲ့တပည့်”
“ငါကတော့ တပည့်၂မျိုးပဲလိုချင်တယ်”
“ဆရာထက်တော်တဲ့တပည့်ရယ် ဆရာနဲ့တူတဲ့တပည့်”
“ဒါမှလဲ နောက်ကျောင်းသားတွေပိုတော်လာမှပေါ့” တဲ့
“ငါကတော့ တပည့်၂မျိုးပဲလိုချင်တယ်”“ဆရာထက်တော်တဲ့တပည့်ရယ် ဆရာနဲ့တူတဲ့တပည့်”
ဆရာကြီးရဲ့စကားက အင်မတန်တန်ဖိုးရှိတယ်။ တပည့်တွေက ဆရာလောက်တောင် မကျွမ်းဖူးဆိုရင် သူကတချိန်ဆရာပြန်လုပ်ရင် သူအောက်ကျောင်းသားတွေကလဲ သူလောက်ပဲအများဆုံးသိလိမ့်မယ်။ အဲ့လိုပုံစံမျိုးနဲ့ Generation to generation ဆက်တိုက် ထက်မြက်တဲ့ Professionals တွေထွက်လာမှာမဟုတ်ပဲ အရည်အသွေးတွေက တဖြည်းဖြည်းကျသွားမှာပေါ့။ အဲ့ဒါကြောင့် အနည်းဆုံးကိုယ်ဟာ ကိုယ့်ကိုပညာသင်ပေးတဲ့ ဆရာလောက်နီးပါး ကျွမ်းကျင်နာလည်အောင် ကြိုးစားအာထုတ်သင့်တယ်။ ဒါမှလဲ ကိုယ်ပညာရှင်တစ်ယောက်ဖြစ်လာပြီး နောက်လူတွေကို ပညာတွေပြန်သင်ပေးရင် ရှေ့ကလက်ဆင့်ကမ်းခဲ့တဲ့ ပညာတန်ဖိုးတွေ မလျော့သွားတော့မှာ။ ဆရာကြီးရဲ့ ဒီစကားလေးကို ဘယ်တော့မှမေ့မှာမဟုတ်ဖူး။ တန်ဖိုးရှိတယ်။
မရိုက်ဖြစ်ခဲ့သောဓာတ်ပုံ
ဌာနရဲ့အဝင်တံခါးဝမှာ နောက်ဆုံးနှစ်ဘွဲ့ရသွားတဲ့ စီနီယာကျောင်းသားကြီးတွေနဲ့ ဆရာ၊ဆရာမတွေနဲ့တွဲရိုက်ထားတဲ့posterကြီးကပ်ထားတယ်။ ဆရာကြီးလဲပါတယ်။ အဲ့တုန်းက ကျွန်တော် 3rd year ကျောင်းသားပေါ့။ အဲ့ Poster ကြီးတွေ့တော့ “သြော်…ငါလဲဘွဲ့ရရင် ဒီလိုမျိုးရိုက်မှာ။” အဲ့အခါကျရင် ဆရာကြီနဲ့ ဓာတ်ပုံတစ်ပုံလောက်တွဲရိုက်ဦီးမယ်လို့ စိတ်ထဲက တွေးပြီးပျော်နေသေးတယ်။ ကိုယ့်ရဲ့ favourite teacher ကို။ အဲ့ဒီတုန်းက ကျွန်တော်တို့တွေလူတိုင်းဖုန်းမကိုင်နိုင်ဘူး။ sims card တစ်ခုကို ၁၀သိန်း၊၁၅သိန်းလောက်ပေးရှိတဲ့ခေတ်။ ကျွန်တော် final year ရောက်မှသာ ဖုန်းလေးဝယ်နိုင်တာ။ဒါတောင် ၁သိန်းလောက်ပေးရတယ် sims card ကို။အဲ့တော့ အဲ့အချိန်တုန်းက ဖုန်းလဲမရှိတော့ အခုခေတ်ကျောင်းသားတွေလို့ ဖုန်းလေးထုတ်ပြီး “ဖြတ်ခနဲ့” ဓာတ်ပုံမရိုက်နိုင်ဘူး။ အဲ့တော့ ဆရာကြီးနဲ့အမှတ်တရဓာတ်ပုံလေးမရိုက်နိုင်ခဲ့ဘူးပေါ့။
3rd year ဒုတိယနှစ်ဝက်စာမေးပွဲပြီးသွားတဲ့အချိန်ပေါ့။ အိမ်မှာအေးဆေးနေနေတုန်း သူငယ်ချင်းတစ်ယောက်ဖုန်းဝင်လာတယ်။
“ဟျောင့်….ဆရာကြီး…ဆုံးသွားပြီ” တဲ့
အဲ့သြသွားတယ်။ ရုတ်တစ်ရက်ကြီးဘယ်လိုဖြစ်သွားတာလဲပေါ့။ ဆရာကြီးဆုံးသွားရခြင်းအဓိကအကြောင်းအရင်ကိုကျွန်တော်မမှတ်မိတော့ဘူး။ သွေးတွေအန်တယ်ဆိုတာတော့မှတ်မိသေးတယ်။ သူအတန်းထဲမှာ ချောင်းခဏခဏဆိုတာတော့သတိထားမိတယ်။ ရုတ်တစ်ရက်ဆုံးသွားရလောက်အောင် ဆိုရွားတဲ့အနေအထားတွေမှမတွေ့တာ။ သူဆုံးသွားတဲ့အချိန် ကျွန်တော်တို့ Thermodynamics စာမေးပွဲအဖြေလွှာတွေသူစစ်နေတုန်းတန်းလန်းကြီးနဲ့ဆုံးသွားတာ။ သူငယ်ချင်းဖုန်းချသွားတော့ စိတ်ထဲမှာ “သြော်…ငါဆရာကြီးနဲ့အမှတ်တရ ဓာတ်ပုံတစ်ပုံလောက်တွဲမရိုက်လိုက်ရပါလား” ဆိုတဲ့အတွေးလေးဝင်လာပြီး စိတ်မကောင်းဖြစ်မိတယ်။
ဆရာကြီးကို မီးသဂြိုလ်စက်ခန်းထဲမထည့်ခင်အချိန်ထိ ဘေးမှာကျွန်တော်ရှိခဲ့တယ်။ စိတ်မကောင်းဘူး။ တကယ်လို့ ဓာတ်ပုံလေးတစ်ပုံလောက်သာတွဲရိုက်မိခဲ့ရင် အခုကျွန်တော်ရေးတဲ့ မှတ်စုထဲမှာ ဆရာကြီးနဲ့ပုံလေးထည့်မိမှာ။ ဒီစာရေးနေတဲ့ အချိန် ဆရာကြီးဆုံးသွားတာ ၉နှစ်နီးပါးရှိပြီ။ ဒါပေမယ့် ကျွန်တော့်မှတ်ဉာဏ်ထဲမှာ မမေ့သေးဘူး။ ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ရတာ အရမ်းဂုဏ်ယူတယ်။ ဆရာကြီးတဲ့ “တပည့်၂မျိုး” စကားလေးကိုဘယ်တော့မှမေ့မှာမဟုတ်ဘူး။တချိန်ချိန် လူအများစုကို စကားပြောခွင့်ရတဲ့တစ်နေ့ ဆရာကြီးနဲ့ အကြောင်းတွေပြန်ဝေမျှဖို့ စိတ်ကူးထားတယ်။ ကျွန်တော် အခုရေးတဲ့စာလေးသာ ဆရာကြီးမြင်ရင် သူရင်ထဲ ကျေနပ်ပီတိဖြစ်နေမှာပဲဆိုတာ စိတ်ကူးပုံဖော်မိရင်း…
ဆရာကြီး ဦးသိန်းထွန်းအောင်သို့
Artificial intelligence creates content for the site, no worse than a copywriter, you can also use it to write articles. 100% uniqueness :). Click Here:
https://stanford.io/3FXszd0
Free. Sign up to receive $100, Trade to receive $5500. Click Here:
https://millionairego.page.link/free
Create super-engaging Instagram captions with this AI powered Instagram caption generator. This free AI powered Instagram caption generator will create the perfect caption for your photo and help you get more likes, followers and comments. Click Here:
https://stanford.io/3Fmnnxo
It is in reality a great and useful piece of info.
I am happy that you just shared this helpful info with us.
Please keep us informed like this. Thank you for sharing.
Feel free to visit my web page … nordvpn coupons inspiresensation
I am really happy to read this web site posts which contains plenty of useful information, thanks for providing these statistics.
Feel free to visit my page – nordvpn coupons inspiresensation – shorter.me –
350fairfax nordvpn coupon code
Its like you read my mind! You seem to know so much approximately this, like you
wrote the e book in it or something. I think that you just could do with a few percent to drive
the message house a little bit, however instead of that, that
is great blog. A fantastic read. I’ll certainly be back.