Blogs

❝ထမင်းတောင် ည၁၀နာရီခွဲမှစားဖြစ်တယ်❞

“You took the picture of us.”

ဆိုပြီး ရွှေရောင်ဆံပင် ကောက်ကောက်နဲ့ အမျိုးသမီးက လမ်းလျှောက်နေတဲ့ကျွန်တော့်ကို ဘေးနားကပ်ပြောတော့ သူ့ကိုလှည့်ကြည့်လိုက်တယ်။ 

…

❝𝐁𝐞𝐲𝐨𝐮𝐧𝐝 𝐦𝐨𝐮𝐧𝐭𝐚𝐢𝐧𝐬 𝐭𝐡𝐞𝐫𝐞 𝐚𝐫𝐞 𝐦𝐨𝐮𝐧𝐭𝐚𝐢𝐧𝐬❞

“𝐃𝐞̀𝐲𝐞̀ 𝐦𝐨̀𝐧, 𝐠𝐞𝐧 𝐦𝐨̀𝐧” ဆိုတဲ့ ဟေတီလူမျိုးတွေရဲ့စကားပုံ(𝐇𝐚𝐢𝐭𝐢𝐚𝐧 𝐩𝐫𝐨𝐯𝐞𝐫𝐛) တစ်ခုရှိတယ်။  …

❝ဘဝမှာရှိသမျှအရာအားလုံးကိုပုန်ကန်တာနေမှာပေါ့❞

ကမ္ဘာ့စက်ဘီး အစီးများဆုံးနိုင်ငံဖြစ်တဲ့အလျှောက် ဒီနိုင်ငံမှာ လူဦးရေထက် စက်ဘီးအစီးရေပိုများတယ်။အပြင်သွား ကျောင်းသွား အလုပ်သွားတဲ့အခါ လူတိုင်းက စက်ဘီးတွေစီးကြတယ်။ အင်တာနက်ပေါ်မှာ ဖတ်ဖူးတဲ့ဟာသ တစ်ခုကို ကျွန်တော်သဘောကျတယ်။  …

❝ဘာဖြစ်လို့ 𝐀𝐧𝐧𝐮𝐚𝐥 𝐖𝐚𝐥𝐥 𝐏𝐥𝐚𝐧𝐧𝐞𝐫 ကိုသုံးသင့်သလဲ❞

မနှစ်ကစပြီး တစ်နှစ်လုံးစာမြင်ရတဲ့ Annual Wall Planner ကိုစသုံးကြည့်တယ်။ ဒါပေမယ့် ကြိုတင်ပြီးတော့ အစီအစဉ်တွေမှတ်ထားဖို့သုံးတာမဟုတ် ကိုယ်လုပ်ခဲ့တဲ့အလုပ်၊ ကိုယ့်ရဲ့ ပန်းတိုင် (𝐆𝐨𝐚𝐥𝐬) တွေရဲ့ တိုးတက်မှု(𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬) ကိုခြုံငြုံပြီးကြည့်ချင်တဲ့အတွက်ကြောင့်သုံးတာ။ …

ကျွန်တော့် စာဖတ်နည်း ၂နည်း

၆နှစ်အတွင်း ဖတ်ခဲ့တဲ့ စာအုပ်တွေပြန်ရေတာ

  • စုစုပေါင်း ၂၁ အုပ်
  • 2019 – 2023  ၆အုပ်
  • 2023 – 2024  ၆အုပ်
  • 2024 – 2025  ၉အုပ်

စာဖတ်အား ကောင်းလာအောင်နဲ့ စာဖတ်တဲ့ အခါ အာရုံစူးစိုက်မှုကောင်းအောင် ပြန်လုပ်ရင်း ကျွန်တော် သုံးတဲ့ စာဖတ်နည်း ၂ခု ပြန်ပြောပြမယ်။ …

❝မင်းပါဝင်ပေးမယ့် အပိုင်းကဘာများဖြစ်နေမလဲ❞

ငါတို့တွေ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ချစ်စရာကောင်းလို့လုပ်နေတာမဟုတ်ဘူး။ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ငါတို့ဟာ လူသားမျိုးနွယ်ဝင်တွေဖြစ်နေလို့လုပ်နေတာ။ …

❝Erasmus တံတားပေါ်က❞

တံတားဘက်ကို မျက်နှာမှုတဲ့ လမ်းထောင့်နားက ခုံတမ်းရှည်ပေါ်မှာ ထိုင်ရင်း အခန်းဖော်သူငယ်ချင်း Amin နဲ့အတူ Joint ထိုင်သောက်နေတုန်း သူနာပြုကားရဲ့ စူးရှတဲ့ အရေးပေါ်အချက်ပြမီးသံကြားလို့ လားရာကိုလှည့်ကြည့်မိတယ်။ …

A Beautiful Mess

အိပ်ရာကထတော့ ရှုပ်ပွနေတဲ့အခန်းကိုကြည့်။ အဝတ်အစားတွေကို ခုံပေါ်မှာပဲအမြဲတင်တင်ထား။ ဖုန်တွေကမသုတ်တာကြာ။ တံမြက်စည်းမလှည်းတာ ၃ပတ်လောက်ရှိ။ ပစ္စည်းတွေက နေရာတိုင်းလိုလိုအစီအစဉ်ကျမရှိရှုပ်ပွ။ စိတ်က အသေကြီးဖြစ်လိုဖြစ်နေတာ ၂ပတ်လောက်ရှိတော့ ဘာမှမလုပ်ချင်။ အဲ့လိုရှုပ်ပွတဲ့ မနက်ခင်းကြီးကိုကြည့်ပြီး အရှိတိုင်းဓာတ်ပုံရိုက်ချင်တဲ့ စိတ်ကပေါ်လာတာနဲ့ မျက်နှာတောင်မသစ်ရသေးဘူး ကင်မရာယူပြီး ဓာတ်ပုံရိုက်တော့တာပဲ။ …

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

❝လက်နက်များကိုနှုတ်ဆက်ခြင်း❞
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ ခြေထောက် ဗုံးထိဒဏ်ရရတဲ့ကြားက တခြားရဲဘော်တွေကို ဘေးကင်းရာကယ်ထုတ်ပေးခဲ့တဲ့ အတွက် အီတလီကချီးမြင့်တဲ့ ဆုတံဆိပ်ကိုရခဲ့ဖူးတယ်။ ခြေထောက်ဒဏ်ရာကြောင့် ဆေးရုံမှာ အကြားကြီးတက်ခဲ့ရပြီး အဲ့တုန်းကကြုံခဲ့တဲ့အဖြစ်အပျက်တွေကို အခြေခံပြီးတော့ နောက် ၁၂နှစ်လောက်ကြာတဲ့ အခါမှာ “A Farewell To Arms” ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။

…