လှပသော အပြစ်အနာအဆာလေးများ

အရာအားလုံးပြီးပြည့်စုံနေပြီချွတ်ယွင်းချက်တွေမရှိရင်  ဘဝကြီးက dull ဖြစ်ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။ ဘာလိုလဲဆိုတော့ perfect တွေဖြစ်လွန်းတော့ ဘာမှကြိုးစားအားထုတ်စရာမရှိ ခံစားစရာမရှိတော့ပဲ ပျင်းခြောက်ခြောက်ကြီး။ Perfect moment, perfect career, perfect love, perfect trip ဆိုရင် အားလုံးက perfect ဖြစ်နေရင် တည်မြဲသွားလိမ့်မယ်။ Why? 

ပြီးပြည်စုံတယ်ဆိုတဲ့အရာတစ်ခုဟာ ချို့ယွင်းချက်မရှိတော့ဘူး။ ချို့ယွင်းချက်မရှိတဲ့အရာဟာ ပျက်စီးစရာအကြောင်းမရှိတော့ဘူး။ ပျက်စီးစရာအကြောင်းမရှိတော့ဘူးဆိုရင် အဲ့အရာက ထာဝရတည်မြဲသွားလိမ့်မယ်။ဒါဆို မတည်မြဲမှုနိယာမ(Impermanence) ကိုချိုးဖောက်ရကြတယ်။ ဒါကြောင့် လောကမှာ ဘယ်အရာမှမတည်မြဲနိုင်အောင် မပြီးပြည့်စုံမှု၊ချို့ယွင်းမှု၊အပြစ်အနာအဆာ (Imperpection) လေးတွေ သဘာဝတရားကြီးကထည့်ထားတာ

ငါလိုတရဘဝကိုရနေပြီလို့ စိတ်ကူးယဉ်စမ်းသက်ချက် (thought experiment)လုပ်ကြည့်ပါ။ တောင်းတတိုင်းအကုန်ရနေပြီဆိုတဲ့ဘဝကြီးနဲ့ ဘယ်နှစ်ရက်ဘယ်နှစ်လကြာအောင်ငါနေနိုင်မယ်ထင်သလဲလို့ မေးကြည့်ပါ။ တကယ်ဆွဲမက်ဖွယ်ရာကောင်းတဲ့ဘဝကြီးဖြစ်နေမလားလို့ ကြီးမားမြင့်မြတ်တဲ့ ဆင်ခြင်ဉာဏ်နဲ့တွေးဆကြည့်ပါ။

တကယ်တော့ ဘဝမှာအာလုံးပြည်စုံနေတဲ့သူတွေဟာ ပုံပြင်တွေထဲလိုကောင်းကင်ဘုံပေါ်ရောက်နေတဲ့ နတ်သားတွေလိုမျိုးပဲ လိုချင်တာ အကုန်ရနေမှတော့ဘာမှစွမ်းအင်ထုတ်သုံးစရာမရှိတော့ဘူး။ စွမ်းအင်မရှိတော့ လည်ပတ်မှုတွေမလုပ်နိုင်ပဲ ရပ်တန့်ပြီးသေနေရော။ချို့ယွင်းမှုတွေ မပြီးပြည့်စုံမှုရှိနေတဲ့အခါမှသာ ကျွန်တော်တို့က စွမ်းအင်တွေစိုက်ထုတ်ရတယ်။ စွမ်းအင်ရှိတဲ့အတွက်ကြောင့်သာ ဘဝရဲ့ယန္တရားတွေကို လည်ပတ်နိုင်ပြီး ရှင်သန်နေနိုင်တယ်။ 

အို…ဒါဆိုဘဝက ဝိရောဓိဖြစ်နေတာပေါ့ How paradoxical! မပြည့်စုံမှုတွေရှိနေတာကိုက ပြည့်စုံစေတာ “Imperfection completes perfection မပြည်စုံမှုတွေ အပြစ်အနာအဆာတွေရှိနေလို့သာ ကျွန်တော်တို့ဟာ အဓိပ္ပာယ်ရှိနေတာ၊ ရှင်သန်နေတာ၊ လည်ပတ်နေတာ။ ဂျပန်လူမျိုးတွေရဲ့ Wabi Sabi  philosophy အရလဲ  မပြည်စုံမှု အပြစ်အနာအဆာ(Imperpection)ရှိနေတာကိုက “အလှတရား” (Beauty) ပဲလို့ပြောခဲ့ကြတယ်။ Yin and Yang နဲ့က တစ်ခုခုကို အစွန်းတဖက်မှာပဲမတည်မြဲပဲ ၂ခုစလုံးက တစ်ချိန်တည်းမှာ တူတူတည်မြဲနေတာ။ ဘဝရဲ့ငြီးငွေ့မှုတွေ မပျော်ရွှင်မှုတွေဆိုတာ ပြီးပြည်စုံမှုတွေကိုတကူးတက အငမ်းမရ အစွန်းရောက်ပြီးလိုက်ရှာနေရခြင်းရဲ့ရလဒ်တွေကြောင့်သာဖြစ်တယ်။  ဒါကြောင့် ဘဝဆိုတာ မပြည်စုံပါလားဆိုပြီးတော့  မပြည့်စုံမှုအပြစ်အနာအဆာ(Imperfection)လေးတွေကို တူညီစွာလက်ခံနိုင်ပြီဆို တချိန်တည်းမှာပဲ ကျွန်တော်တို့ ပြည်စုံသွားပြီး သဟဇာတဖြစ်တဲ့ ငြိမ်းချမ်းမှု(peace)ကိုခံစားနေရလိမ့်မယ်ထင်ပါရဲ့…

“We will find peace when we realize and accept that life is imperfectly perfect.”

6 thoughts on “လှပသော အပြစ်အနာအဆာလေးများ”

  1. A secret weapon for anyone who needs content. I dont need to tell you how important it is to optimize every step in your SEO pipeline. But unfortunately, its nearly impossible to cut out time or money when it comes to getting good content. At least thats what I thought until I came across Article Forge. Built by a team of AI researchers from Stanford, MIT, Carnegie Mellon, Harvard, Article Forge is an AI content writer that uses deep learning models to research, plan out, and write entire articles about any topic with the click of a button. Their team trained AI models on millions of articles to teach Article Forge how to draw connections between topics so that each article it writes is relevant, interesting and useful. All their hard work means you just enter a few keywords and Article Forge will write a complete article from scratch making sure every thought flows naturally into the next, resulting in readable, high quality, and unique content. Put simply, this is a secret weapon for anyone who needs content. I get how impossible that sounds so you need to see how Article Forge writes a complete article with the Click Here:👉 https://stanford.io/3FXszd0

Leave a Comment

Your email address will not be published. Required fields are marked *