Run for your life

သိပ်ချစ်တဲ့အမွှာညီမနှစ်ယောက်။ အဝတ်အစားဆိုဆင်တူ၊ အစားဆိုကြိုက်တာတူ။ တစ်ယောက်သေတာနဲ့နောက်တစ်ယောက်ကလဲလိုက်သေမယ်ဆိုလောက်အောင်ချစ်တယ်။ တစ်နေ့ အိမ်မီးလောင်တယ်။ တစ်ယောက်ကပိတ်မိပြီးမေ့မြောသွားတယ်။ ကျန်တစ်ယောက်ကအော်ခေါ်ပေမယ့် ဘယ်လိုမှမနိုးဘူး။ နောက်ဆုံး မီးကြီးလာတော့ သူကိုထားခဲ့ပြီးထွက်ပြေးလိုက်ရတယ်။ တစ်ယောက်ကသေပြီး တစ်ယောက်ကလွှတ်မြောက်သွားတယ်။

Seventeen years by her side
Broke the same bed
Wore the same clothes and we said
We’re sisters with nothing between
If one of us falls
The other will soon be following
Both of you fell the same day
You don’t know why
One of you never woke up
And you laid by her down on the floor
Desperate to hear her footsteps again
But this house is on fire
We need to go
အဲ့ဒီမှာ တေးရေးဆရာက မီးလောင်ထဲမှာကျန်ခဲ့အမွှာနေရာကနေဝင်ရောက်ခံစားပြီးကျန်တဲ့အမွှာပြောတယ်
“မင်းအသက်ရှင်ဖို့တွက်ပြေးပါ ချစ်ဆုံးရေ
ပြေးပါ…ပြီးရင်အရှုံးမပေးပါနဲ့
မင်းအတွက်မင်းရှိရင်ရပြီ
မီးငြိမ်းသွားရင် မင်းပြန်လာခဲ့လို့ရတယ်

ကောင်းတာတွေကိုပဲယူပြီး ကျန်တဲ့ဟာတွေအကုန်ထားခဲ့လိုက်ပါ”

Run for your life my love,
Run and you don’t give up
With, all that you are
And all that you want
Run for your life right now
And if you don’t know how
Come back a few
Take all that’s true
And leave all that’s broke behind
Run for your life

တေးရေးဆရာက အမွှာညီမနှစ်ယောက်မှာ ကျန်ခဲ့တဲ့တစ်ယောက်က ငါ့အမွှာကသေပြီး ငါကတော့ ဘာကြောင့်အသက်ရှင်ကျန်ခဲ့ရတာလဲ Why me? ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားနေရတဲ့ guilt ကိုကုစားဖို့အတွက်ရေးတယ်။ ဒီသီချင်းလေးက ကံဆိုးမိုးမှောင်ကျမှု၊ ဆင်းရဲဒုက္ခရောက်မှုတွေနဲ့အတူ အောင်ပွဲခံမှု၊ မိမိမှာရှိနေတာလေးနဲ့ကျေနပ်ရောင့်ရဲနေနိုင်မှုတို့ကိုဖော်ညွှန်းတယ်။ ဒီအပြင် မိမိကိုယ်ကိုယ်အပြစ်ရှိသလိုခံစားနေရမှုကနေ လွှတ်မြောက်အောင် တတ်နိုင်သမျှရုန်းထွက်ပါဆိုတာ တေးရေးဆရာပေးချင်တဲ့အဓိက  Message လေးဖြစ်ပါတယ်။

Music video လေးကလဲလှတယ်။ မတူညီတဲ့အရပ်ဒေသမှာရှိတဲ့လူတွေကိုရိုက်ပြတယ်။ ပြီးတော့အဲ့လူတွေက တစ်နေရာကိုရုတ်တရက်ထပြေးတယ်။ ပြေးတာကို slow motion နဲ့ရိုက်ပြတာမိုက်တယ်။ တီးဝိုင်းအဖွဲ့သားတွေရောထပြေးတယ်။ နောက်ဆုံးအားလုံးတစ်နေရာမှာတူတူစုံပြီးတူတူပြေးရင်းပြီးသွားတယ်။Alternative rock ကိုကြိုက်တဲ့သူတွေသဘောကျကြလိမ့်မယ်။ သီချင်းကကြာလှပြီ။ The Fray ဆိုတဲ့ အဖွဲ့ကဆိုထားပါတယ်။ TV မှာ သီချင်းကောင်းတွေရွေးပေးတဲ့အစီအစဉ်တစ်ခုမှာနားထောင်မိရင်းကြိုက်ခဲ့တာ။


အခုဒီစာရေးနေတဲ့အချိန်တောတွင်းမှာပဲ ကျွန်တော်တို့ဆီမှာအာဏာရှင်ဖက်စစ်လူသတ်စစ်တပ်ရဲ့လေယာဉ်နဲ့ဗုံးကျဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ အိုးအိမ်တွေဖြတ်စီးခံရ ချစ်တဲ့သူတွေကိုဆုံးရှုံးပြီးထွက်ပြေးနေရတယ်။ တိမ်းရှောင်နေကျရတယ်။ သေတာတောင်ပြန်လာမတွေ့နိုင်။ကောင်းကောင်းတောင် မသင်္ဂြိုလ်ပေးနိုင်။ဘာမှတောင်မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အပစ်တင် အပစ်ရှိသလို guilty နေတဲ့လူတွေအများကြီးရှိမှာပဲဆိုတာစဉ်းစားမိရင်း ဒီသီချင်းလေးသွားသတိရပြန်နားထောင်မိတယ်။