ဒီစာအုပ်က ဘယ်လိုလူတွေနဲ့သင့်လျှော်လဲဆိုရင် Spiritual တွေ၊ Philosophy တွေစိတ်ဝင်စားတဲ့လူတွေနဲ့သင့်လျော်တယ်။ ဝတ္ထုဖတ်တတ်တဲ့လူတွေနဲ့ဖတ်လို့ရလောက်တယ်။ အဓိကက ဘဝကိုဘာလို့ရောက်လာတာလဲ။ ဒီဘုရားတွေ ဒီတရားတွေဒီကျမ်းတွေ ငါရင်ထဲက void ကိုမဖြည့်စွမ်းနိုင်ဘူး။ တစ်ခုခုလိုနေသေးတယ်။ မြင့်မြတ်တဲ့အရာ မြင့်မြတ်ဘဝနေထိုင်မှု။ meaning တစ်ခု။ အမှန်တရား အစစ်အမှန်ကဘာလဲ။ လစာရ အောင်မြင်ချမ်းသာ ကျော်ကြား ဒါတွေက အနှစ်သာရမဟုတ်ဖူး illusion တွေ တကယ်ဘဝဆိုတာဘာလဲ လူဆိုတာဘာလဲ ဘာကြောင့် ပျော်ရွှင် ဝမ်းနည်းရတာလဲ တကယ်လွှတ်လပ်မှု အဓိပ္ပာယ်ဆိုတာ ဘာလဲလို အစရှိတဲ့ မေးခွန်းတွေခဏခဏမေးမိတယ်ဆိုရင် ဒီစာအုပ်ကိုဖတ်ဖို့သင့်လျော်တယ်။
အဲ Siddhartha ဆိုလို့ ကျွန်တော်တို့ Gautama(ဂေါတမ) ကိုပြောတာမဟုတ်ဖူး။ Gautama ကလဲ ဘုရားမဖြစ်ခင်က သူနာမည်က သိဒ္ဓတ္ထမင်းသား(Siddhartha) ပဲ။ ဒါမယ့် စာရေးဆရာရဲ့ Siddharta ကသက်သက်။ ဒီ Siddharta ကလဲ စာအုပ်ထဲမှာ ကျွန်တော်တို့ Gautama နဲ့တွေ့တဲ့အခန်းတွေပါတယ်။ Siddhartha ကလဲ Gautama ငယ်ငယ်ကလိုပဲ အဖေကိုအာခံ စည်းစိမ်တွေစွန့်ပြီး တောထဲကိုဒိုး အမှန်တရားကိုရှာတယ်။ တခြား “သူရှေ့ကအမှန်းတရားကိုရှာတဲ့သူတွေ” ကိုလိုက်မေးလိုက်ကျင့်။ မကြိုက် သဘောမကျ။ ဟိုသွားဒီသွား Gautama သတင်းကိုကြား သူဆီသွားတွေ့။သူ့ teaching ကိုနားထောင်။ စိတ်တိုင်းမကျသေး။ ကွကိုထပ်စဉ်းစားဝေဖန်သုံးသပ်ကျင့်ကြံ။ အဲ့တော့အတွင်း ကောင်မလေးတစ်ယောက်ကိုမြင်။ သဘောကျ။ဖွန်ကြောင်။ ချစ်ကျွမ်းဝင်။စီးပွားရှာ။ သူဌေးဖြစ်။အိမ်ထောင်ကျ။ကလေးမွေး… ဒါပေမယ့်ဖြစ်စဉ်တောင်လျှောက် အိမ်ကထွက်လာတည်းက ခုထိမေးခွန်းတွေမေးတာမရပ်သွားခဲ့ဘူး။ သူရှောင်ရှားခြင်ခဲ့တဲ့ ဘဝတွေကိုပဲသူနေထိုင်မိနေခဲ့တယ်။ သူလွှတ်မြောက်ချင်ခဲ့တဲ့နေရာတွေမှာပဲ ပိတ်မိနေခဲ့တယ်။ Slumdog Millionaires ရုပ်ရှင်ကားလိုမျိုး သူတစ်ကယ်ဖြတ်သန်းခဲ့တဲ့ဘဝ experience တွေကိုပြန်လည်ဆင်ခြင်ပြီးတော့မှ အမှန်တရားကိုသဘောပေါက်သွားတယ်။
ဇာတ်လမ်းသွားရုပ်ရှင်လိုမျိုး ကိုယ့်ကိုယ်ကို Siddhartha လိုမျိုးဝင်ရောက်ခံစားပြီး သူဘယ်တော့များအမှန်တရားကိုတွေ့မလဲတွေ့မလဲနဲ့ သူမေးတဲ့မေးခွန်းတွေကို ကိုယ်လဲလိုက်မေး သူနဲ့အတူအမှန်တရားကိုလိုက်ရှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေပေါ် ဆင်ခြင်သုံးသပ် ဟိုဘုန်းကြီး ဟိုပုဂ္ဂိုလ်တွေရဲ့ဝါဒတွေမကြိုက်ဖူး။စွန့်ပစ်ရင်း ဇာတ်သိမ်းပိုင်း Climax မှာ အမှန်တရားကိုသဘောပေါက်သွားတဲ့အကြောင်းပေါ့။
Hinduism ကိုဖတ်ဖူးတဲ့သူတွေ Atman, Brahman, Moksha concept တွေနဲ့ရင်းနှီးတဲ့သူတွေဖတ်လို့ပိုအရသာရှိတယ်။ အတွေးအခေါ်တွေပါတဲ့အတွက် စာအုပ်ကပါးပေမယ့် “လေး” တယ်။ အတ္တတွေ “Self” တွေအကြောင်းကို explore လုပ်ထားတယ်။ လောကရဲ့ သဘာဝတရားတွေနဲ့ရောပြွန်းပြီ အမှန်တရားကိုဆင်ခြင်ဖော်ထုတ်ရမယ့်အပိုင်းတွေပါတယ်။ Siddhartha ရဲ့ဆင်ခြင်တုံတရားကြီးမားမှုကကို အမှန်တရားကိုမတွေ့နိုင်ပဲ ဖုံးကွယ်ထားစေခဲ့တယ်။ကိုယ်တစ်ကယ်တစ်ယောက်တည်း တောထွက်ပြီး အမှန်တရားရှာရသလိုပဲ စူးစမ်းမှု(curiosity) စွန့်စားမှု(adventure)နဲ့စတင်ပြီး အသိဉာဏ်ရရှိမှု(Wisdom) နဲ့အဆုံးသတ်သွားစေမယ့်စာအုပ်မျိုးပေါ့။