Nyan Zaw Htet

You say you love rain

“မိုးကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် မိုးရွာရင် မင်းထီးဆောင်းပြီးလျှောက်တယ် နေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် နေသာနေတဲ့အချိန် မင်းအရိပ်အောက်လိုက်ခိုတယ် လေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် လေတိုက်ပြီဆိုရင် မင်းတံခါးတွေကိုပိတ်လိုက်တယ် ဒါကြောင့် မင်းငါ့ကိုချစ်တယ်လို့ပြောရင် ငါလန့်တာ”

ဘော့မာလေ

 

 

It is not fair

“ကိုယ်ကိုယ်တိုင်လုပ်ဖို့ဆန္ဒမရှိတဲ့အရာတွေကို သူများတွေကို လုပ်ခိုင်းဖို့ တောင်းဆိုနေတာဟာ မတရားတာပဲ” 

အယ်လနော ရုစဗဲ့

 

Ego says

“အတ္တကပြောတယ် အရာအားလုံးအဖြေပေါ်သွားတဲ့အချိန် မင်းငြိမ်းချမ်းသွားလိမ့်မယ်
စိတ်ကပြောတယ် ငြိမ်းချမ်းမှုကိုရှာ အရာအားလုံးအဖြေပေါ်လာလိမ့်မယ်”

When a country is well

“နိုင်ငံကကောင်းကောင်းအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ဆင်းရဲမှုတွေနဲ့ဆိုးရွားမှုတွေရှိနေတာရှက်စရာပဲ။ နိုင်ငံကကောင်းကောင်းမအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ချမ်းသာမှုတွေနဲ့ဂုဏ်ပြုခံရမှုတွေရှိနေတာရှက်စရာပဲ”

ကွန်ဖြူးရှပ်

 

Autumn leaves

ဆောင်းဦးတောင်နောက်တစ်ခါပြန်ရောက်ခဲ့ပြီ။ ဒါပေမယ့် မနှစ်ကဆောင်းဦးလို ကျွန်တော်မပျော်နိုင်သေးဘူး…

Artistic than to love people

“ပိုပြီးစဉ်းစားကြည့်လေလေ လူတွေအပေါ်ချစ်ခြင်းမေတ္တာထားနိုင်တာလောက် အမှန်တကယ်အနုပညာဆန်တဲ့အရာမျိုးမရှိဘူးလို့ ငါပိုပြီးခံစားမိလေလေပဲ” 

ဗင်ဆင့်ဗန်ဂိုး

 

 

Fast enough

“အရာအာလုံးဟာ ထိန်းချုပ်မှုအောက်မှာပဲရှိနေတယ်လို့ထင်ရတယ်ဆိုရင် မင်းသွားတာသိပ်မမြန်သေးဘူး” 

မာရီယို အန်ဒရီတီ