Nyan Zaw Htet

Stay

ဘယ်သူမှ ကျွန်တော့်ကိုတကယ်သိအောင် အနားမှာကြာကြာမနေဖူးတဲ့ အကြောင်းကိုခံစားချက်မိရင်း ရေးလိုက်တာ။ …

Feeling blue

အပြင်သွားရင်းလမ်းမှာ ထုံးစံအတိုင်း အမြဲလိုလိုအုံ့မှိုင်းနေတဲ့ နယ်သာလန် ရာသီဥတုကို ကြည့်ရင်း နေရောင်ကိုမထိတွေ့ရတဲ့အခါ ဖြစ်လာတဲ့ ရင်ထဲကဆွေးတမြေ့မြေ့နဲ့ခံစားချက်လေးကို ခံစားရပြီးရေးမိတာ… …

❝မင်းပါဝင်ပေးမယ့် အပိုင်းကဘာများဖြစ်နေမလဲ❞

ငါတို့တွေ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ချစ်စရာကောင်းလို့လုပ်နေတာမဟုတ်ဘူး။ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ငါတို့ဟာ လူသားမျိုးနွယ်ဝင်တွေဖြစ်နေလို့လုပ်နေတာ။ …

You

Molly Lewis ရဲ့ Crushed Velvet သီချင်းကို နားထောင်ရင်း ရေးတဲ့ကဗျာ။ အဲ့သီချင်းကို နားထောင်နေရင်း ကန္တာရထဲမှာလွှင့်မျောနေပြီး  တစ်စုံတစ်ခုကို တောင်းတနေတဲ့ ခံစားချက်မျိုးဖြစ်လာတယ်။ …

Surrender

 လွန်ခဲ့တဲ့ ၃ရက်လောက်က ညအိပ်ခါနီး သီချင်းတစ်ပုဒ်နားထောင်ရင်း စိတ်ထဲပေါ်လာတဲ့ စကားလုံးလေးတွေနဲ့ ကဗျာလေးတစ်ပုဒ်ချရေးမိတာ။ …

❝Erasmus တံတားပေါ်က❞

တံတားဘက်ကို မျက်နှာမှုတဲ့ လမ်းထောင့်နားက ခုံတမ်းရှည်ပေါ်မှာ ထိုင်ရင်း အခန်းဖော်သူငယ်ချင်း Amin နဲ့အတူ Joint ထိုင်သောက်နေတုန်း သူနာပြုကားရဲ့ စူးရှတဲ့ အရေးပေါ်အချက်ပြမီးသံကြားလို့ လားရာကိုလှည့်ကြည့်မိတယ်။ …

A Beautiful Mess

အိပ်ရာကထတော့ ရှုပ်ပွနေတဲ့အခန်းကိုကြည့်။ အဝတ်အစားတွေကို ခုံပေါ်မှာပဲအမြဲတင်တင်ထား။ ဖုန်တွေကမသုတ်တာကြာ။ တံမြက်စည်းမလှည်းတာ ၃ပတ်လောက်ရှိ။ ပစ္စည်းတွေက နေရာတိုင်းလိုလိုအစီအစဉ်ကျမရှိရှုပ်ပွ။ စိတ်က အသေကြီးဖြစ်လိုဖြစ်နေတာ ၂ပတ်လောက်ရှိတော့ ဘာမှမလုပ်ချင်။ အဲ့လိုရှုပ်ပွတဲ့ မနက်ခင်းကြီးကိုကြည့်ပြီး အရှိတိုင်းဓာတ်ပုံရိုက်ချင်တဲ့ စိတ်ကပေါ်လာတာနဲ့ မျက်နှာတောင်မသစ်ရသေးဘူး ကင်မရာယူပြီး ဓာတ်ပုံရိုက်တော့တာပဲ။ …

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

❝လက်နက်များကိုနှုတ်ဆက်ခြင်း❞
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ ခြေထောက် ဗုံးထိဒဏ်ရရတဲ့ကြားက တခြားရဲဘော်တွေကို ဘေးကင်းရာကယ်ထုတ်ပေးခဲ့တဲ့ အတွက် အီတလီကချီးမြင့်တဲ့ ဆုတံဆိပ်ကိုရခဲ့ဖူးတယ်။ ခြေထောက်ဒဏ်ရာကြောင့် ဆေးရုံမှာ အကြားကြီးတက်ခဲ့ရပြီး အဲ့တုန်းကကြုံခဲ့တဲ့အဖြစ်အပျက်တွေကို အခြေခံပြီးတော့ နောက် ၁၂နှစ်လောက်ကြာတဲ့ အခါမှာ “A Farewell To Arms” ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။

…

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။  …