Strider
ရွှေဖြစ်တိုင်းအရောင်လက်နေတာမဟုတ်သလို
လျှောက်သွားနေတဲ့သူတိုင်းလဲ လမ်းပျောက်နေတာမဟုတ်ဘူး …
ရွှေဖြစ်တိုင်းအရောင်လက်နေတာမဟုတ်သလို
လျှောက်သွားနေတဲ့သူတိုင်းလဲ လမ်းပျောက်နေတာမဟုတ်ဘူး …
လွန်ခဲ့တဲ့ ၃နှစ် ၂၀၂၀ ခုနှစ်ဝန်းကျင် စိတ်ကျရောဂါကိုခံစားနေရတဲ့အချိန် Tattoo တစ်ခုသွားထိုးဖြစ်ခဲ့တယ်။ …
“မင်းအတွင်းစိတ်ထဲမှာရှိတဲ့မင်းပုံစံက မင်းကိုကိုယ်စားမပြုဘူး မင်းဘာလုပ်လဲကသာမင်းကိုကိုယ်စားပြုတာ”
“လူကြီးတွေအားလုံး အမှားနဲ့မကင်းတာကိုနားလည်တဲ့နေ့ဟာ ကိုယ်အရွယ်ရောက်တဲ့နေ့၊ အဲ့ဒီအမှားတွေကိုခွင့်လွှတ်နိုင်နေ့ဟာ ကိုယ်လူကြီးဖြစ်တဲ့နေ့၊ ကိုယ့်အမှားတွေကို ကိုယ်ခွင့်လွှတ်နိုင်တဲ့နေ့ဟာ ဆင်ခြင်တုံ့တရားပြည့်ဝတဲ့နေ့”
“အနုပညာရှင်တွေက အမှန်တရားကိုပြောဖို့ မုသားကိုအသုံးချတယ်။ နိုင်ငံရေးသမားတွေက အမှန်တရားကိုဖုံးဖို့ မုသားကိုအသုံးချတယ်”
“လူ့အဖွဲ့အစည်းက ရာဇဝတ်သားသာ မကြာခဏခွင့်လွှတ်ပေးတာ စိတ်ကူးယဉ်တဲ့သူကိုတော့ ဘယ်တော့မှခွင့်မလွှတ်ပေးဖူး”
ငယ်ငယ်တုန်းက ကိုယ့်ကိုကျွေးမွေးအုပ်ထိန်းသူ Caregiver နဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးဟာ ကိုယ်အရွယ်ရောက်လာတဲ့အခါမှာရှိတဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအပြုအမှုအပေါ်ကို လွှမ်းမိုးမှုရှိတယ်လို့ဖတ်ဖူးတယ်။ အထူသဖြင့် ကျွန်တော်ရဲ့ စိတ်ဖိအားနဲ့စိတ်ခံစားမှု ထိန်းညိမှု Regulate လုပ်နိုင်စွမ်းက ပုံမှန်လူတစ်ယောက်ထက်ပိုပြီးခက်ခဲနေပါလားဆိုတာ အသက် ၃၀ဝန်းကျင်လောက်ရောက်တဲ့အခါသတိထားမိလာတယ်။ အထူးသဖြင့် စိတ်ညစ်စရာတွေခံစားချက်တွေ ဥပမာ ဒေါသထွက်သင့်ရင် ထွက်ရမယ်နေရာမျိုးမှာမထွက်ပဲ မြိုသိပ်လိုက်တယ်။ ရုတ်တရက်ကြည့်ရင် ဒေါသထိန်းချုပ်နိုင်တာ ကောင်းတာပဲလိုမြင်နိုင်ပေမယ့် တကယ်က ဒေါသကိုမြုံထားလိုက်ပြီး ဒေါသလုံးဝမဖြစ်သလို တခြားစိတ်ကိုချက်ချင်း စက္ကန့်ပိုင်းအတွင်းဖွင့်ပြီးနေထိုင်နိုင်တယ်။ …
အမှိုက်ပုံးနှင့်တူသော စိတ်ဖိအားနှင့် မီးတောင်နှင့်တူသော စိတ်ခံစားမှုRead More »
“ကျွန်တော် ကြုံခဲ့သမျှစမ်းသပ်မှုတွေထဲမှာ အခက်အခဲဆုံးကတော့ (ဘုရား)ဆုတောင်းခြင်းပဲ”
“ကမ္ဘာပျက်မယ့်အရေးကို ရင်ဆိုင်နေရတဲ့အချိန်ရောက်ရင်တောင်မှ အပေးအယူဘယ်တော့မှမလုပ်နဲ့”