Vision
…
…
အမေတို့က သူတို့ခေတ်က Beatles ကဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်းပြောတယ်။ ကျွန်တော့်အလှည့်ကျ ကျွန်တော့်သားသမီးရှိခဲ့ရင် Coldplay ဘယ်လို့ကြီးကျယ်ခန်းနားကြောင်းပြောရလိမ့်မယ်။Coldplay ကိုကြိုက်တာ တစ်ခါလာလဲ အသည်းကွဲအချစ်သီချင်းတွေဆိုနေတာမဟုတ်ပဲ အတွေးအခေါ်တွေ(Philosophy)၊ စိတ်ကူးစိတ်သန်းတွေ(Inspiration)၊အိမ်မက်တွေ(Dream)၊ဘဝအကြောင်း(Life)၊မေတ္တာတရား(Love)၊မျှော်လင့်ချက်(Hope)၊အားပေးနှစ်သိမ့်မှု(Encouragement) တွေအကြောင်းရေးဖွဲ့သီဆိုတာကြောင့်ကြိုက်တာ။
…
အဖွားဝတုတ်,
အဖွားရေ သားအဖွားကိုအရမ်းသတိရတယ်။ အဖွားအခုချိန်ရှိနေသေးရင် ကောင်းမှာပဲ။ သားဒီတစ်လောစိတ်တွေအရမ်းညစ်နေတယ်အဖွား။ သားဆရာဝန်တောင်ပြနေရတယ်။သားစိတ်ဓာတ်တွေအရမ်းကျနေလို့။အမေ့ကိုတောင်မပြောရသေးဘူး။သူ့ပြောလဲ သူစိတ်ညစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ဘူးလေ။ သားအခု covid ကြောင့် work from home ပဲလုပ်ရင်းစိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်တွေကျလာတာပဲ။ အဖွားလဲ Covid ကြီးကိုမကြုံလိုက်ရတာပဲ ကံကောင်းတယ်။လူတွေအားလုံး ဒီကပ်ရောဂါကြီးကြောင့်ဒုက္ခရောက်နေကြတာလေ။သားသိတာပေါ့ အဖွားသာအခုအသက်ရှင်နေသေးရင် သားကိုဘယ်လို ဂရုစိုက်ဖို့ပြောမလဲဆိုတာ။ အခုဒီမှာ သားတစ်ယောက်တည်း အဖွား။ အပြင်လဲသိပ်မသွားရဘူး။သူငယ်ချင်းတွေလဲတစ်ယောက်မှမရှိဘူး။မြန်မာလူမျိုးတွေတောင်တစ်ယောက်မှခုထိမတွေ့သေးဘူး။အဲ့တော့ကြာလာတော့ အထီးကျန်လာတယ်အဖွား။ သားအလုပ်က စိတ်ဖိစီးမှုကအရမ်းများတယ် အဖွား။ စနေရော တနင်္ဂနွေရောသားကောင်းကောင်းမနေနိုင်ဘူး။စိုးရမ်းစိတ်တွေများလာတော့ကြာတော့စိတ်ဓာတ်ပဲကျလာတယ်။ ဆရာဝန်နဲ့ကြတော့မှနည်းနည်းသက်သာလာတယ်အဖွား။သားမှာဖြစ်တာ သာမန်စိုးရိမ်မှုမဟုတ်ပဲ စိုးရိမ်းမှုလွန်ကဲတဲ့ Anxiety disorder ရှိနေတာ။ အလုပ်ကို လွဲသွားမှာ မှားသွားမှာကိုအရမ်းစိုးရိမ်နေတာ။ သူဌေးကလဲ အရမ်း demanding ဖြစ်တာ။ ပြီးတော့တဖက်ကလဲ စိတ်ထွက်ပေါက်လဲမရှိတော့ သားကြာလာတော့ မခံစားနိုင်တော့ဘူး။ ဘာလုပ်လုပ် သားပျော်မှမပျော်တော့တာ။ ရုပ်ရှင်ကြည့်ကြည့်၊ဂိမ်းဆော့ဆော့ ဒီအတိုင်းပဲ စိတ်ဓာတ်ကပိုပိုကျလာလေပဲ။ သားတစ်ယောက်တည်းဒီမှာ ဘယ်သူမှလဲအနားမှာမရှိဘူး။ အမေကလဲအဖွားသိတဲ့အတိုင်းပဲ သားကိုသိပ်နားလည်တာမဟုတ်ဘူး။အဲတော့ အချိန်ကြာကြာလာတော့ပိုပိုဆိုးလာတယ်။ တစ်ရက်က သားစိတ်တွေမထိန်းချုပ်နိုင်ပဲငိုသေးတယ်။ အကောင်းဆုံးလုပ်နေတာပဲ ဒါမယ့်ဘာမှမဖြစ်လာတော့ သားစိတ်တွေအရမ်းပင်ပန်းလာပြီးခြေကုန်လက်ပန်းတွေကျတာပဲ။ အဓိကက အဲ့နေ့ကအဖွားကို သားသွားသတိရမိလို့။ အဖွားနောက်ဆုံးပြောသွားတယ်လေ။ သားဒုက္ခရောက်နေတဲ့အချိန် အဖွားကိုဆုတောင်းလိုက်ပါဆိုပြီးတော့။ အဲ့မှာ သားအရမ်းဝမ်းနည်းသွားပြီးငိုမိတာပဲ။ စိတ်ထဲမှာအဖွားကို အရမ်းသတိရလို့။ သားညတိုင်းလိုလို အဖွားအိမ်မက်လာပေးပါဖို့ဆုတောင်းတယ်အဖွား။ တစ်ခါလောက် အဖွားဘုရားဆုတောင်းပေးတာလေးသားနားထောင်ချင်မိတယ်။ …
ဆောင်းဦးတောင်နောက်တစ်ခါပြန်ရောက်ခဲ့ပြီ။ ဒါပေမယ့် မနှစ်ကဆောင်းဦးလို ကျွန်တော်မပျော်နိုင်သေးဘူး…
…