“အဖိုးကြီး အဖွားကြီးတွေကို ငယ်ရွယ်တဲဲ့ခန္ဓာကိုယ်အသစ်ပေးပြီး စစ်တိုက်ခိုင်းတယ်”
အသက်၇၅နှစ်ပြည့်တဲ့ အဖိုးကြီးတွေအဖွားကြီးတွေက ဒီအတိုင်းမသေချင်ဘူးဆိုရင် အာကာသထဲက ကိုလိုနီကာကွယ်ရေးတပ် Colonial Defense Forces(CDF) ကို သွား join ပြီး နုနယ်တဲ့ခန္ဒာကိုယ်အသစ်နဲ့အစားထိုးပြီးအာကာသ နယ်ချဲ့စစ်ပွဲတွေမှာစစ်တိုက်လို့ရတယ်။ အနည်းဆုံး၂နှစ် ကနေ အများဆုံး၁၀နှစ်ထိ စစ်မှုထမ်းပြီးရင် နောက်ထပ် body အသစ်ကိုပေးပြီးတော့ ဘဝကို လူငယ်အရွယ်ကပြန်စပြီးနေခွင့်ရမယ်။
ဒါ့မယ် အဲ့ CDF ဌာနချုပ်က ဘယ်နေရာမှာလဲ ပြီးရင် နုငယ်တဲ့ခန္ဓာကိုယ်အစားထိုးတယ်ဆိုတဲ့ နည်းပညာကြီးကတကယ်ရောဖြစ်နိုင်လို့လား ဘယ်လိုမျိုးလုပ်တာလဲ။ အဲ့ CDF ကိုသွား join တဲ့လူတွေကလဲ တစ်ယောက်မှ ကမ္ဘာမြေပေါ်ပြန်လာတာလဲ မရှိဘူး။ ကမ္ဘာမြေပေါ်မှာရှိတဲ့ CDF စုဆောင်းရေးရုံးကလူတွေကိုယ်တိုင်တောင်မှ CDF ရဲ့ နည်းပညာတွေ operations တွေအကြောင်းဘာမှသေချာမသိဘူး။ သူတို့ကိုယ်တိုင်လဲမရောက်ဖူးဘူး။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးကတော့ CDF ကိုတရားဝင် အသိအမှတ်ပြုပြီး တပ်သားစုဆောင်းခွင့်ပေးထားတယ်။
အဲ့ဒီမှာ ဇနီးဆုံးသွားပြီဖြစ်တဲ့ ၇၅နှစ်အရွယ် John Perry ဆိုတဲ့အဖိုးကြီး ကဒီအတိုင်းကြီးတော့ မသေချင်ဘူးဆိုပြီး CDF ကို join ဖို့ စာရင်းပေးလိုက်ရော။ သူနဲ့အတူ စာရင်းပေးထားတဲ့ အဖိုးကြီး အဖွားကြီးတွေနဲ့ဆုံမိပြီး မိတ်ဆွေတွေဖြစ်ပြီး အာကာသထဲက CDF ဌာနချုပ်ကြီးဆီ မေးခွန်းပေါင်းများစွာနဲ့ရောက်သွားပါလေရော။အဲ့ရောက်တော့မှ ခန္ဒာကိုယ်အသစ်တွေကိုဘယ်လိုအစားထိုးတယ်။ လုံးဝ ရှေ့ပြေး DNA နည်းပညာတွေ Genetic Engineering တွေနဲ့ operation လုပ်ပြီး စိတ်ကအဖိုးကြီးစိတ် ခန္ဒာကိုယ်က ၂၀ကျော်လေးနဲ့ပေါ့။ ပြီးတော့ စစ်ဆင်သင်တန်းတွေဆင်းပြီး အာကာသနယ်ချဲ့စစ်ပွဲဆင်နွဲခိုင်းတာပဲ။
Universe ထဲမှာ တခြားဂြိုလ်သားလူမျိုးစုများစွာနဲ့ ပြိုင်ဆိုင်ပြီးတော့ ဒီ ဂြိုလ်ကို ငါသိမ်းမယ် သူသိမ်းမယ်နဲ့ စစ်ပွဲတွေဆင်နွဲပြီးလုကြတာ။ CDF ရဲ့ဦးတည်ချက်က နယ်ချဲ့ပြီးသား ဂြိုလ်တွေပေါ်က human colonies တွေကိုကာကွယ်ဖို့နဲ့ တခြားဂြိုလ်အသစ်တွေကိုရှာဖွေနယ်ချဲ့ပြီး လိုအပ်ရင် တခြားနယ်ချဲ့ဂြိုလ်သားမျိုးနွယ်တွေ နဲ့ယှဉ်ပြိုင်သိမ်းပိုက်နိုင်ဖို့။
မျက်လုံးထဲအနီးစပ်ဆုံးပုံဖော်လို့ရတာက ငယ်ငယ်က ကြည့်တဲ့ Starship troopers ရုပ်ရှင်ထဲက စစ်သားတွေလို style မျိုးပေါ့။ ဒါပေမယ့် မေးခွန်းက တခြားဂြိုလ်သားတွေနဲ့ အမြဲတမ်း စစ်တွေခင်းဖို့လိုလို့လား။ သံတမန်ရေးရာ diplomacy ကိုမလုပ်ပဲ အမြဲတမ်း violence နည်းနဲ့ပဲ သူသေကိုယ်သေချနေစရာလိုလို့လား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အရင်လုပ်ကြည့်ဖို့မကြိုးစားဖူးလား။ တခြားဂြိုလ်သားတွေရဲ့နယ်မြေတွေ မတရားဝင်သိမ်းတာ၊ သာမန်ဂြိုလ်သားတွေရဲ့ civilian အဆောက်အအုံတွေပျက်စီးဆုံးရှုံးရတာတွေက ကျင့်ဝတ်နဲ့ဆီလျှော်ရဲ့လားဆိုတာ တစ်ချို့ CDF စစ်သားတွေက မေးခွန်းထုတ်လာတယ်။
မှတ်မှတ်ရရ CDF တပ်စုတစ်ခုရဲ့ တပ်ကြပ် Viveros ဆိုတဲ့ ဘွားတော်ကြီး( အဲ့အချိန်မှာတော့ ခန္ဓာကိုယ်အသစ်နဲ့ဆိုတော့ အဖွားကြီးမဟုတ်တော့ဖူး လူငယ်ပေါ့) အဲ့အဖွားကြီးက ကမ္ဘာမြေမှာတုန်းက စစ်တပ်အာဏာသိမ်းလို့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ သမ္မတမျိုးဆက်က တစ်ဦးတည်းသောကျန်တဲ့ သမီး။ သူက ဂြိုလ်သားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့တွေကို အားမပေးဘူး။ (စာအုပ်ထဲကအမှတ်ရနေတဲ့ plot လေးတစ်ခုပေါ့)။ အဲ့တော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် အဖိုးကြီး John Perry လဲ သူ့တပ်ထဲကသူငယ်ချင်းတွေတဖြုတ်ဖြုတ်နဲ့သေ တခါတလေ ဒီလိုစစ်တိုက်နေရတာကိုမေးခွန်းတွေပြန်ထုတ်မိတာပေါ့။ တစ်ခါ ဂြိုလ်တစ်ခုကို ဝင်သိမ်းတဲ့ စစ်ဆင်ရေးမှာ သေလုမျောပါးဖြစ်နေတဲ့အချိန် CDF ရဲ့ အထူးတပ်ဖြစ်တဲ့ “တစ္ဆေ တပ်မဟာ” (Ghost Brigades) ကလာကယ်သွားရော။ အဲ့လာကယ်တဲ့ အဖွဲ့ထဲကတစ်ယောက်က John ရဲ့သေသွားပြီဖြစ်တဲ့ ဇနီး Kathy ဖြစ်နေရော။
CDF join ဖို့စာရင်းပေးပြီးမှ အသက်၇၅ နှစ်မတိုင်ခင်သေသွားတယ်ဆိုပါတော့။ ရတယ် သေသွားလဲ သူ့ရဲ့ DNA ကိုယူပြီး ငယ်ရွယ်တဲ့ enhanced ခန္တာကိုယ်ထဲထည့်ပြီး CDF စစ်သားဖန်တီးလိုက်ရော။ အဲ့လိုတပ်သားတွေနဲ့ ဖွဲ့ထားတဲ့ အထူးတပ် Special forces ကို တစ္ဆေတပ်မဟာ(Ghost Brigades) ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှ ပေါ်လာတယ်။ မိုက်တာတော့မိုက်တယ်။ John က သာမန် CDF တပ်ကြပ် ဇနီးသည်က တစ္ဆေတပ်မဟာ Ghost brigade ကအရာရှိ။ ခက်တာက ဇနီးသည်က သူကိုမမှတ်မိဘူး။ နာမည်ကလဲ အသစ် Kathy မဟုတ်ပဲ Sagan ဖြစ်နေပြီ။ အဲ့မှာ drama ဇာတ်လမ်းတွေနဲ့နည်းနည်းပါတာပေါ့။ဂြိုလ်သား လူမျိုးစုနှစ်စုနဲ့ စစ်ဆင်ရတာက အဓိကက ဇာတ်လမ်းတစ်ခုပေါ့။ နောက်ဆုံးမှာဘယ်လိုပြီးသွားလဲဆိုတာတော့ ကိုယ်ဘာကိုဖတ်ကြည့်ကြပေတော့။ နောက်ဆုံးမှာ cliffhanger တော့ နည်းနည်းပါတယ်။ စဖတ်ပြီးတော့မှ သူက ငါးအုပ်တွဲကြီးဆိုတာသိတာ။ငါးအုပ်လုံးမဖတ်လဲရတယ်လို့ recommend ပေးတဲ့အလုပ်က senior engineer ကပြောတာပဲ။ ဒုတိယစာအုပ်နာမည်က “The Ghost Brigades”တဲ့
free pdf တွေရှာလို့ရမယ်ထင်တယ်။ ဖတ်ကြည့် ကောင်းတယ်။ စာမျက်နှာ၃၀၀စွန်းစွန်းပဲရှိတယ်။ rating ပေးဆိုရင် 7/10။ Netflix နဲ့ Paramount Pictures က အဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ဖို့ plan ဖူးတယ်ပြောတယ်။ စာအုပ်က 2005 ခုနှစ်ကဆိုတော့ ၁၉နှစ်တောင်ရှိပြီ။ idea ကိုကြိုက်တာ။ အဖိုးကြီး အဖွားကြီးတွေကို နုငယ်တဲ့ခန္ဓာကိုယ်အသစ်ပေးပြီးအာကာသထဲစစ်တိုက်ခိုင်းတာဆိုတော့ တမူထူးခြားနေတယ်။