Rebellion to tyrants
“အာဏာရှင်တွေကိုတော်လှန်ခြင်းဟာ ဘုရားသခင်အမိန့်ကိုနာခံခြင်းပဲ”
ဘန်ဂျာမင် ဖရန့်ကလင်း
“အာဏာရှင်တွေကိုတော်လှန်ခြင်းဟာ ဘုရားသခင်အမိန့်ကိုနာခံခြင်းပဲ”
ဘန်ဂျာမင် ဖရန့်ကလင်း
စိတ်မကောင်းပါဘူး။ ကျွန်တော် ဧကရာဇ်မင်းကြီးမဖြစ်ချင်ဘူး။ ဒါကျွန်တော့်အလုပ်လဲမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ ကျွန်တော် စိုးမိုးမအုပ်ချုပ်ချင်ဘူး။ ဖြစ်နိုင်ရင် လူတိုင်းကိုကျွန်တော်ကူညီသင့်တယ်။လူဖြူဖြစ်ဖြစ် လူမဲဖြစ်ဖြစ် ဂျုးပဲဖြစ်ဖြစ် ဂျူးမဟုတ်တဲ့လူပဲဖြစ်ဖြစ်။ ကျွန်တော်တို့အာလုံးက တစ်ယောက်ကိုတစ်ယောက်ကူညီချင်ကြတာပဲ။ လူဆိုတဲ့သဘောတရားဟာဒီလိုမျိုးပဲ။ တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်မှုတွေပေးပြီးပဲ နေချင်ကြတယ်။နာကျင်မှု၊ဒုက္ခတွေပေးပြီးမနေချင်ကြဘူး။တစ်ယောက်ကိုတစ်ယောက်မုန်းတီးပြီး စက်ဆုပ်ရွံရှာပြီးမနေချင်ကြဘူး။ ဒီကမ္ဘာကြီးမှာ လူတိုင်းအတွက် နေစရာနေရာရှိပြီးသား။ ဒီကမ္ဘာမြေကြီးဟာ လူတိုင်းကိုအထောက်အပံ့ပေးနိုင်လောက်အောင် ပေါများကြွယ်ဝမှုတွေရှိတယ်။ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ လွတ်လပ်ခြင်းတွေနဲ့လှပမှုတွေနဲ့ပြည့်စုံနေနိုင်တယ်။ ဒါပေမယ့် ဒီအဓိပ္ပာယ်တွေ ကျွန်တော်တို့ဆုံးရှုံးခဲ့တယ်။ …