nyanzawhtet

ဆရာကြီး

လူတိုင်းနီးပါး  ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝမှာ ကိုယ့် အကြိုက်ဆုံးဆရာ(favourite teacher)တစ်ယောက်တော့ရှိတတ်ကြတယ်။ ကျွန်တော့်အတွက်လဲ အင်မတန်မှ အထင်ကြီးလေးစားအတုယူရတဲ့ အသက်ကြီးတဲ့အချိန်တဲ့ တခြားသူတွေကိုပြန်ပြောင်းပြောပြချင်တဲ့ဆရာကြီးတစ်ယောက်ရှိတယ်။  ကျွန်တော် ရေကြောင်းတက္ကသိုလ်ဒုတိယနှစ်တုန်းက Mechanics စသင်ပေးတဲ့ ဆရာကြီးပေါ့။ ဆရာကြီးကို လေးစားအားကျမိတဲ့ အမှတ်တရတွေထဲက မှတ်မိသလောက်လေးပြန်ပြောရရင်ဖြင့်

လူတော်

          “လူတော်” လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကြားမှာ ဘယ်လိုအဓိပ္ပာယ် ဖွင့်ကြသလဲ။ မိဘ နေရာကကြည့်ရင် ငါ့သား ငါ့သားသမီးကအတန်းထဲမှာ အဆင့်တွေထိပ်ဆုံးရောက် အမှတ်တွေအရမ်းကောင်း ဆုတွေအလီလီရတာကိုပဲဂုဏ်ယူနေပြီး “လူတော်” လို့သတ်မှတ်ကြသလား။ ဆရာ၊ဆရာမ တွေကလဲ အတန်းထဲမှာ စာတွေအရမ်းတော်တဲ့ ကျောင်းသားတွေကိုပဲ “လူတော်” တွေလို့သတ်မှတ်ကြသလား။ရွယ်တူကျောင်းသားအချင်းချင်းကလဲ ကိုယ့်သူငယ်ချင်းက “စာတော်” အမှတ်တွေအရမ်းကောင်းလို့ထိပ်ဆုံးရောက်နေတာကိုပဲ သူက “ဆရာကြီး”၊ “လူတော်ကြီး” လိုပဲသတ်မှတ်နေကြလား။