“လူကိုဖျက်ဆီးလိုက်လို့ရတယ်။ အရှုံးပေးအောင်တော့လုပ်လို့မရဘူး”
ဟမ်းမင်းဝေးကို noble prize ရစေခဲ့တဲ့စာအုပ်ဆိုလို့ဖတ်ကြည့်တာ။ သူ့ရဲ့အကောင်းဆုံး စာအုပ်လို့လဲသတ်မှတ်ကြတယ်။ ကျွန်တော့် သုံးသပ်ချက်အရတော့ အကြိုက်ကြီးတော့မဟုတ်။ သက်ကြီးတဲ့တံငါသည် အဖိုးကြီးက ပင်လယ်ထဲမှာငါးသွားမျှားတယ်။
အဲ့ဒီမှာ အင်မတန်ကြီးတဲငါးတစ်ကောင်ကိုမျှားမိပြီး အဲ့ငါးကိုမရရအောင် ဖမ်းတယ်။ ငါးက ငါးမျှားချိတ်မှာမိနေပေမယ့် တော်ရုံနဲ့အလျော့မပေး ဆက်ကူးနေရော။ ငါးကကြီးလွန်းတော့ သူ့ငါးဖမ်းရွက်လှေပါဆွဲခေါ်သွားတာ။ အဖိုးကြီးက ကြိုးကိုမလွတ်ဖူး အနာခံပြီးကိုင်ထားတာ။ အဲ့လိုနဲ့ ပင်လယ်ထဲမှာ ၂ရက်၃ရက်လောက် အဲ့ချိတ်မိနေတဲ့ငါးနဲ့သူနဲ့ အပြန်အလှန်အားပြိုင်တာက ဒီစာအုပ်ရဲ့ အဓိကကျောရိုးပေါ့။
ပင်လယ်ထဲမှာ အဖော်လဲမရှိဘူး တစ်ယောက်တည်း အသက်ကလဲတော်တော်ကြီးနေတော့ ဟိုတွေးဒီတွေးနဲ့ ငါးနဲ့စကားတွေပြောပြီးမျှောနေရော။ လွှတ်သလားဟေ့ ဆိုတော့လဲမလွှတ်ဖူး။ ကြိုးတွေကိုတစ်ချိန်လုံးကိုင်ထားရတော့ လက်ဖဝါးတွေက ကွဲရှသွေးထွက် ဒဏ်ရာရ။ ငါးကလဲတော်ရုံနဲ့မသေ။ လှေကိုပါဆွဲခေါ်သွားတာ။ သောက်စရာရေကလဲကုန် စားစရာတွေလဲကုန်လာတော့ အဆင်ပြေသလိုစား။ လက်က ကြိုးကိုတစ်ချိန်လုံးကိုင်ထားရတော့ မအား။ ဟိုဘက်လက်နဲ့ဒီဘက်လက်နဲ့ ပြောင်းပြီးကိုင်ရ။ အရေးထဲကြွက်ပါတက်သေးတော့ ဒုက္ခပါရောက်။ ညရောက်တော့မှောင် အေးကအေးနဲ့ ကိုယ်တွေလက်တွေပါနာလာ။ ဒါပေမယ့် ငါးကိုလုံးဝမလွှတ်တာ။
အဲ့လိုပင်လယ်ထဲ မျှောရင်းနဲ့၂ရက်မြောက်နေ့လောက်ရောက်မှထင်တယ်။ ငါးက ဘယ်လောက်ကြီးတယ်ဆိုတာသူမြင်သွားတာ။ ငါးနဲ့ဆက်ပြီး စကားတွေဟိုပြောဒီပြောနဲ့ နောက်ဆုံး ငါးကလဲအားယုတ်လာပြီး ဆက်မကူးနိုင်တော့ဘူး စက်ဝိုင်းပုံလိုပတ်ပဲပတ်နေတော့တယ်။ အဲ့မှာတစ်ဖြည်းဖြည်းနဲ့ကြိုးကိုဆွဲပြီးအနားရောက်မှ မှိန်းနဲ့ထူးသတ်ပြီးဖမ်းလိုက်တာပေါ့။ အဲ့ငါးဖမ်းမိဖို့အရေး လူရောစိတ်ရော ဒုက္ခခံရတဲ့အကြောင်းက စာအုပ်ရဲ့ ၈၀% လောက်ရှိတယ်။
ဖမ်းမိပြီးတော့ ပြီးသလားဟေ့ဆိုမပြီးသေးဘူး။ ဖတ်တဲ့လူကတော့ နောက်ဆုံးတော့မိသွားပြီးဟေ့ဆိုပြီးစိတ်သက်သာရာရနေတာ။ ငါးကကြီးတော့လှေပေါ်တင်ဖို့မဖြစ်နိုင်တော့လှေရဲ့ဘေးမှာကြိုးနဲ့သေချာချည်ပြီး အိမ်အပြန်ရွက်လွှင့်ရတာပေါ့။ အဲ့မှာ ငါးရဲ့သွေးညှီနံ့ကိုရတော့ ငါးမန်းတစ်ကောင်ကလာတုတ်ရော။
ဟာ…ဒီလောက် ၂ရက်လောက်အပင်ပန်းခံပြီးဖမ်းမိတဲ့ငါးကို အစားတော့မခံနိုင်တော့ အဖိုးကြီးလဲ အဲ့ငါးမန်းကိုပြန်သတ်ဖို့ကြိုးစားရတာပေါ့။ ငယ်ငယ်ကကြည့်ခဲ့တဲ့ Oscar ရတာ အရင်ခေတ်က “Jaws” ငါးမန်းရုပ်ရှင်ကားထဲကဇာတ်လမ်းလိုမျိုးမျက်စိထဲပုံဖော်ကြည့်လို့ရတယ်။ နောက်ဆုံး ငါးကိုလာတွတ်နေတဲ့ ငါးမန်းကို မှိန်းနဲ့ချက်ကောင်းကိုထိုးချလိုက်တော့ ငါးမန်းလဲသေသွားရော။ မှိန်းကြီးလဲ ပါသွားရော။
ပြီးပြီလားဆိုမပြီးသေးဘူး။ ပင်လယ်ငါးမျှားရတဲ့သဘောအရ တစ်ကောင်ပြီး နောက်တစ်ကောင်လာဦးမယ်ဆိုတာ အင်အားကုန်ပင်ပန်းနာကျင်နေပြီဖြစ်တဲ့ အဖိုးကြီးသိတယ်။ သွေးညှီနံ့ကြောင့် သိပ်မကြာဘူးနောက်ထပ်ငါးမန်း၃ကောင်လောက်က တဝဲလှည်လှည်လာလုပ်နေရော။ ဒါမယ့် ထိုးစရာ မှိန်းကမရှိတော့ဘူး။ အဲ့တော့ ငါးအပါခံလိုက်ဖို့ပဲရှိတော့တယ်။ ဒါမယ့်အဖိုးကြီးကမရဘူး။ စိတ်ကမလျော့သေးတော့ အကြံကထွက်လာရော။ လှော်တက်တွေရှိသေးတော့ လှော်တက်တစ်ချောင်းကိုယူ ထိပ်မှာ ဓားကိုကြိုးနဲ့တုတ်ပြီးတော့ လှံလိုလုပ်လိုက်ရော။ ပြီးတာနဲ့ လှေဘေးမှာချည်ထားတဲ့ငါးကို လာစားတဲ့ ငါးမန်း၃ကောင်ကို အဲ့လှံချွန်နဲ့ထိုးတော့တာပဲ။ ငါးမန်းကလဲရေထဲကခေါင်းထွက်လာပြီး ငါးကိုလာတွတ် အဖိုးကြီးကလဲ လက်လုပ်လှံချွန်နဲ့ထိုး။ ငါးမန်းတွေလဲထိ။ လှေကလဲငါးမန်းတစ်ကောင်ကဝင်တိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့။ နောက်ဆုံး အဲ့ငါးမန်း၃ကောင်ပါ ဒဏ်ရာတွေရပြီးသေသွားတာပဲ။ ဒါမယ့်နောက်ဆုံးအကောင်ကိုလှမ်းထိုးလိုက်တုန်းက လှံချွန်ရဲ့အသွားကကျိုးသွားရော။
ပြီးပြီလားဆိုတော့မပြီးသေးဘူး။ ဆရာဇော်ဂျီရဲ့ မဗေဒါ ကဗျာလိုမျိုးပဲ။ ဒုက္ခတရားက တစ်ခုခုပြီးတစ်ခု wave ၃မျိုးနဲ့လာတယ်။ ဗေဒါပန်းကို အုန်းလက်ကဝင်တိုက်ရော ပထမဒုက္ခတရား (1st wave) ဒါပေမယ့် ဗေဒါက ဘာမှမဖြစ်သွားဘူး။ တိုက်ပြီးလို့မပြီး ရေလှိုင်းကြီးတစ်လုံးကထပ်ဖုံးလိုက်ပြန်ရော။ ဟော…ဗေဒါလေးမြုပ်သွားပြီ ဒုတိယ ဒုက္ခတရား (2nd wave)။ ဒါပေမယ့် လှိုင်းအကြွမှာ ဗေဒါကပြန်ပေါ်လာပြန်ရော။ ပေါ်ပြီးမှသိပ်မကြာ ဘဲအုပ်နဲ့တိုးပြန်ရော တတိယဒုက္ခတရား(3rd wave) ဘဲတွေအများကြီးကြားထဲညှပ် အကန်ခံရပြီး ဗေဒါတော့ ဒီတခါသွားပြီးလို့ထင်ထားပေမယ့်
“ဘဲအုပ်က တစ်ရာနှစ်ရာ
ဗေဒါကတပင်တည်း
အယှက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ” ဆိုတဲ့အတိုင်း အားမှန်အပြည့်နဲ့ ဗေဒါက ဘာမှမပျက်မစီးပဲရပ်တည်နေတုန်းပဲဆိုတာပြသလိုမျိုးပဲ။
ငါးမန်း၃ကောင်ကိုသတ်ပြီးသွားပေမယ့် ကမ်းကိုပြန်ရောက်ဖို့ကြာဦးမှာ။ နောက်ထပ်ငါးမန်းတွေထပ်ရောက်လာမယ်ဆိုတာအဖိုးကြီးသိတယ်။ ပြဿနာက နေကဝင်ပြီး ညရောက်လာရင်မှောင်လာတော့မှာ။ ဘာမှသေချာမြင်ရတော့မှာမဟုတ်ဖူး။
ထင်ထားတဲ့အတိုင်းပဲ မကြာခင်ငါးမန်းတစ်အုပ်ကလှေအနားမှာကိုဝိုင်းလာတာကိုအဖိုးကြီးသတိထားမိတယ်။ အဲ့ဒီအချိန်မှာ နေကဝင်သွားပြီ အလင်းရောင်ကလဲကောင်းကောင်းမရှိတော့ဘူး။ ငါးမန်းတွေကို ပြန်ချစရာလက်နက်လဲမရှိတော့ဘူး။ မှိန်းကလဲပထမ ငါးမန်းကိုသတ်တုန်းကပါသွားပြီ။ ဓားချွန်ကလဲ ဒုတိယ ငါးမန်း ၃ကောင်ကိုထိုးတုန်းကကျိုးသွားပြီ။ ချစရာလက်နက်လဲမရှိတော့ဘူး။ လူရောစိတ်ရောလဲ အားအင်ကုန်ခမ်းပြီးနာကျင်ပင်ပန်းနေပြီ။ ပင်လယ်ထဲမှာ ၃၊၄ရက်ဒုက္ခခံပြီးဖမ်းလာခဲ့တဲ့ငါးကိုပြန်ကြည့်လိုက်ပြန်တော့လဲ ရှေ့ကငါးမန်းတွေစားထားတော့ အသားတွေတစ်ဝက်လောက်ပါသွားပြီ။ ညကလဲမှောင်နေပြီ ဘာမှမမြင်ရတော့ဘူး။ တော်ရုံလူဆိုအဲ့အချိန်မှာ တော်ပြီဟေ့ ပြန်ချရကျိုးလဲနပ်မှာမဟုတ်ဖူး ဆိုပြီလက်လျော့ပြီး ငါးကိုလွှတ်ချထားခဲ့တော့မှာပဲ။ အဲ့လိုအတွေးမျိုးတွေလဲ ခြေကုန်လက်ပန်းချနေတဲ့ အဘိုးကြီးရဲ့ခေါင်းထဲဝင်လာတယ်။ ဒါပေမယ့် အဲ့ဒီမှာ အဘိုးကြီးက လူသားတစ်ယောက်ရဲ့ နောက်ဆုံးသောခွန်အား ultimate strength ကိုထုတ်သုံးပြီး လှေပေါ်မှာတစ်ယောက်တည်းစကားပြောနေကြပုံစံအတိုင်း သူကိုယ့်သူကြွေးကြော်လိုက်တယ်။
“အေး…လူဆိုတာ အရှုံးပေးဖို့ဖြစ်လာတာမဟုတ်ဖူးကွ။ လူကိုဖျက်ဆီးလိုက်လို့ရတယ်။ အရှုံးပေးအာင်တော့လုပ်လိုမရဘူးကွ”
“But a man is not made for defeat. A man can be destroyed but not defeated.”
လို့ကြွေးကြော်ပြီး ပဲ့ထိန်းတဲ့မောင်းတံကိုကောက်ဖြုတ်လိုက်တယ်။ လှေရဲ့ နောက်က rudder (တက်မ) ကို ဘယ်ညာကွေ့အောင်လှည့်တဲ့ လက်ကိုင်မောင်းတံကြီးပေါ့။ မောင်းတံက တင်းပုတ်လို့ပုံစံကြီးပေါ့ အချွန်အထက်တော့မပါ။ အဲ့တာကြီးနဲ့ကိိုင်ပြီး ငါးမန်းတစ်အုပ်ကို ညကြီးမှောင်တောင်တောင်ထဲမှာ ဗျန်းခနဲ ဗျန်းခနဲ စမ်းပြီးရိုက်တော့တာပဲ။ ငါးမန်းတွေက ငါးကိုလာတွတ် အဖိုးကြီးက မမြင်မကန်း စမ်းတဝါးဝါးနဲ့ရေထဲကိုလှမ်းရိုက် ချက်ကောင်းကိုမထိတော့ ကားတာယာခွေကြီးကို တုတ်နဲ့ရိုက်နေရသလိုမျိုးပေါ့။ အဲ့လိုမျိုး နောက်ဆုံးခွန်အား ultimate strength ကိုသုံးပြီးရိုက်လိုက်တာ ငါးမန်းတွေလဲ တော်တော်ဒဏ်ရာရပြီး ပြန်ထွက်သွားတော့တာပါပဲ။ အဲ့ဒီမှာ အဖိုးကြီးလဲ လုံးဝကို ဘုံးဘုံးလဲသွားပြီ။ ရောင်နီကလဲပြန်ထွက်လာပြီး ကမ်းကိုလဲမြင်နေရပြီဆိုတော့ အိမ်ပြန်ဖို့ကိုပဲဦးတည်ရွှက်လွင့်ခဲ့တယ်။
ကမ်းကိုရောက်တဲ့အခါ လှေကိုကပ်။ ရွက်တိုင်တွေဖြုတ်ပြီး ပုခုံးပေါ်မှာထမ်းရင်း သူနေတဲ့ ရွက်ဖျင်တဲရှိရာကိုလျှောက်လာခဲ့တယ်။ အင်မတန်ကိုပင်ပန်းနေတော့ လမ်းမှာ ငါးခေါက်လောက်နားပြီးမှသွားရတယ်။ လှေကမခွါခင် သူဖမ်းလာခဲ့တဲ့ငါးကြီးကို တစ်ချက်လောက်ပြန်လှည့်ကြည့်လိုက်တော့ ငါးကြီးက ငါးမန်းတွေစားထားတာ အကုန်ကုန် အရိုးနဲ့ခေါင်းပဲကျန်တော့တယ်။ ဘာမှဆက်မပြောနေပဲ သူရွက်ဖျင်တဲဆီပဲလျှောက်လာခဲ့တယ်။ အထဲရောက်တာနဲ့ ကုတင်ပေါ်တမ်းလှဲပြီး စောင်ကိုခြုံပြီးအိပ်ဖို့လုပ်တော့တာပဲ။ အဲ့ဒီအချိန် ဇာတ်လမ်းအစမှာ သူနဲ့ရင်းနှီးတဲ့ သူနဲ့ငါးဖမ်းထွက်ရင် အတူတူလိုက်နေကြဖြစ်တဲ့ ကောင်လေးရောက်လာတာပဲ။ အဖိုးကြီးကိုမြင်တော့ ကောင်လေးက အင်မတန်ပျော်သွားတာ။ ပျော်ပြီးမျက်ရည်တွေတောင်ဝဲလာတယ်။
“ငါ့ကို လိုက်ရှာနေကြတာလား” လို့အဖိုးကြီးကမေးတော့ ကောင်လေးက
“ဟုတ်တယ် လေယာဉ်တွေဘာနဲ့တောင်ရှာနေကြတာ။ ဘကြီးဘာမှမဖြစ်ပဲပြန်ရောက်လာတာမြင်တော့ ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ” နဲ့
“လှဲနေလိုက် ကျွန်တော် ကော်ဖီသွားယူပေးမယ်” ဆိုပြီး ကောင်လေးလဲ ကော်ဖီယူဖို့ ဆိုင်ရှိရာဘက်ကိုပြေးထွက်လာခဲ့တယ်။
ကော်ဖီခွက်ယူလာပြီးကောင်လေးပြန်ရောက်လာတယ်။ အဖိုးကြီးကို ကော်ဖီလေးတိုက်ပြီး “ဘကြီး နားတော့ဗျာ”
ဒဏ်ရာရနေတဲ့ သူ့လက်ကိုကြည့်ပြီး “ဘကြီးလက်အတွက် ကျွန်တော်ဆေးသွားဝယ်လိုက်ဦးမယ်” ပြောပြီးကောင်လေးပြန်ထွက်သွားတယ်။ အဲ့ဒီမှာပင်ပန်းနေပြီဖြစ်တဲ့အဖိုးကြီးလဲ စောင်လေးခြုံ အိပ်မောကျသွားပြီး လှေပေါ်မှာအိပ်တုန်းကမက်ခဲ့တဲ့ အာဖရိကက ခြင်္သေ့ကြီးတွေအကြောင်း အိမ်မက်တွေမက်နေပါလေရဲ့။
Rating ပေးရရင်တော့ 6.5/10 လောက်ပေါ့။ စာမျက်နှာ ၁၀၀လောက်လေး။ စာဖတ်မြန်တဲ့လူဆို ၂ရက်လောက်နဲ့ ပြီးတယ်။ ကျွန်တော်တော့ ၁လလောက်ဖတ်ရတယ်။ 😅ဇာတ်လမ်းက ရိုးစင်းတယ်။ အဲ့ခေတ်အဲ့အခါကအနေနဲ့ကြည့်ရင်တော့ noble ဆုရလောက်အောင်ထိုက်တန်တဲ့အကြောင်းအရာတွေရှိလိမ့်မယ်လို့မြင်တယ်။
အဓိကက လွယ်လွယ်နဲ့အရှုံးမပေးတဲ့စိတ်ဓာတ်၊ ဒူပေဒဏ်ပေခံနိုင်တဲ့စိတ်ဓာတ်၊ မရှိရှိတာနဲ့ မရရအောင်လုပ်တဲ့စိတ်ဓာတ်၊ ငါအသက်ကြီးနေပါပြီးဆိုပြီး အသက်အပိုင်းအခြားနဲ့ ဆင်ခြေတွေမပေးတဲ့စိတ်ဓာတ်။
“ငါးမရ ရေချိုးပြန်” ဆိုသလို ဘဝမှာ ဒါလေးမရတော့ ရနိုင်တဲ့ဟိုဟာလေးကျေနပ်နှစ်သိမ့်လိုက်ပါ့မယ်ဆိုပြီးကိုယ်ဘာကိုပတ်စားမပေးပဲ “ငါး” ကိုမရရအောင်ယူမယ်။ မရလို့ဆိုပြီး ရေချိုးတော့မပြန်နိုင်ဘူး။ ဒီလောက်ထိ ဒုက္ခခံပြီး “ရတုံ့ရခဲ့အခွင့်အရေးတစ်ခု” ကို လက်ဆုတ်လက်ကိုင် ဖမ်းမိနေပြီးတော့မှ လွယ်လွယ်တော့ လက်မလျော့ဘူး။ ဘယ်လောက် စိတ်ပျက်စရာ အတိုက်အခိုက် တွေလာလာ မှိန်းမရှိရင် ဓားနဲ့ထိုးမယ်။ ဓားမရှိရင် မောင်းတံနဲ့ဖြုတ်ရိုက်မယ်။ ရိုက်လဲအကျိုးမရှိတော့ဘူး ငါးကကျန်မှမကျန်တော့တာပဲပြောပြော။ လုပ်ရကျိုးမနပ် အဖက်မတင်ဘူးပဲပြောပြော။ အိမ်ပြန်ရောက်လဲ “ငါးအကြီးကြီးဖမ်းမိတယ်ကွ” ဆိုတာဘယ်သူမှလဲယုံမှာမဟုတ်သလို။ အသိအမှတ်ပြုခံရဖို့ပြစရာ သက်သေအထောက်အထားလဲ ဘာမှမရှိရင်တောင်မှ ငါးကိုလက်မလျော့ဘူး။ ငါးမရလို့ “ရေချိုးပြန်” ရမယ့်အရာတွေလုပ်ပြီး ကျေနပ်နှစ်သိမ့်လဲမနေနိုင်ဘူး။ နိုင်မှလုပ်မှာ ရလဒ်ကောင်းတွေရမှာမြင်လို့ အရှုံးအပေးပဲကြိုးစားတာမဟုတ်ဖူး။ ရှုံးမှာသိရက်လဲလုပ်တယ်။ ငါးမရတော့မှာလဲသိလဲလုပ်တယ်။ နိုင်ခြင်း မနိုင်ခြင်း၊ နောက်ဆုံးမှာရခြင်းမရခြင်းဆိုတဲ့ ရလဒ်ကိုဗဟိုပြုတဲ့ Result oriented အပြုအမှုမဟုတ်။ ရရမရရ ဒါဟာမှန်ကန်တဲ့အလုပ် လက်မလျော့သင့်တဲ့ မှန်ကန်တဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက် ဖြစ်စဉ်ကိုဗဟိုပြုတဲ့ process oriented အပြုအမှု။ မရလဲ ကမ်းရောက်တဲ့အဆုံးထိဘာလာလာ မဆုတ်မနှင့်အရှုံးမပေးပဲတိုက်မှာပဲ။ ဘာလို့လဲဆိုတော့
“လူကိုဖျက်ဆီးလိုက်လို့ရတယ်။ အရှုံးပေးအောင်တော့လုပ်လိုမရဘူး”
“ A man can be destroyed but not defeated.”
ဆိုတာ စာရေးဆရာ Hemingway ပေးချင်တဲ့ အဓိက message ဖြစ်လိမ့်မယ်လို့ထင်ပါရဲ့။
Why people still use to read news papers when in this technological globe
everything is presented on net?
Here is my web blog; nordvpn coupons inspiresensation – t.co –
Unquestionably imagine that that you said.
Your favorite reason appeared to be at the net the simplest thing to understand
of. I say to you, I certainly get annoyed whilst other people consider worries that they just do not recognise about.
You managed to hit the nail upon the highest and defined out the entire thing without
having side effect , people can take a signal. Will likely be again to get more.
Thank you
Feel free to surf to my web page – nordvpn coupons inspiresensation
Quality content is the key to invite the users to pay a visit
the web page, that’s what this website is providing.
Stop by my web site :: nordvpn coupons inspiresensation