❝မင်းပါဝင်ပေးမယ့် အပိုင်းကဘာများဖြစ်နေမလဲ❞

ငါတို့တွေ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ချစ်စရာကောင်းလို့လုပ်နေတာမဟုတ်ဘူး။ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ငါတို့ဟာ လူသားမျိုးနွယ်ဝင်တွေဖြစ်နေလို့လုပ်နေတာ။

လူသားမျိုးနွယ်ဆိုတာ စိတ်ထက်သန် ပြင်းပြမှုတွေနဲ့ပြည့်နှက်နေတယ်။ ပြီးရင် ဆေးပညာ၊ဥပဒေပညာ၊စိီးပွါးရေးပညာ၊ အင်ဂျင်နီယာပညာရပ်တွေဆိုတာ ဘဝတွေ ဆက်လက်တည်မြဲဆဲစေဖို့အတွက် လိုအပ်တဲ့ မြင့်မြတ်တဲ့လိုက်စားမှုတွေ။ ဒါပေမယ့် ကဗျာတွေ၊ အလှတရားတွေ၊ ချစ်ခြင်းချစ်ရာတွေ၊ မေတ္တာတရားတွေ ဆိုတာ ငါတို့တွေအတွက် ရှင်သန်မှုကိုပေးတဲ့အကြောင်းတရားတွေ။ ဝဒ်မန်း ရဲ့ ကဗျာစာသားလေးကို ရွတ်ပြရမယ်ဆိုရင်

“ဪ…ငါရဲ့ ဒီဘဝ 

ထပ်တလဲလဲ ပြန်ပေါ်လာတဲ့ ဒီမေးခွန်းတွေ

သစ္စာတရားကင်းမဲ့နေတဲ့ အဆုံးမရှိရထားတွေ

ရူးမိုက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့တွေကြားမှာ ကောင်းခြင်းတရားတွေဘယ်နားများရောက်နေသလဲ

ဪ…ငါရဲ့ ဒီဘဝ

အဖြေက…

မင်းဟာ ဘဝမှာ တစ်စုံတရာအနေနဲ့ဖြစ်တည်နေတယ်။

ဒီအင်မတန်အားကောင်းတဲ့ ဘဝဆိုတဲ့ ပြဇာတ်ကြီးဟာ ဆက်သွားနေမှာဖြစ်သလို အဲ့ဒီအထဲမှာတစ်ပိုင်းလောက် မင်းပါဝင်ပေးချင်ပါဝင်ပေးလို့ရတယ်။”

ဒီအင်မတန်အားကောင်းတဲ့ ပြဇာတ်ကြီးကဆက်ပြီးတော့ သွားနေဦးမှာဖြစ်သလို အဲ့ဒီအထဲမှာတစ်ပိုင်းလောက် မင်းပါဝင်ပေးချင်ပါဝင်ပေးလို့ရတယ်။

မင်းပါဝင်ပေးမယ့် အပိုင်းကဘာများဖြစ်နေမလဲ။

 


 

“We don’t read and write poetry because it’s cute. We read and write poetry because we are members of the human race. And the human race is filled with passion. And medicine, law, business, engineering, these are noble pursuits and necessary to sustain life. But poetry, beauty, romance, love, these are what we stay alive for. To quote from Whitman, 

“O me! O life!… of the questions of these recurring; of the endless trains of the faithless… of cities filled with the foolish; what good amid these, O me, O life?” 

“Answer. 

That you are here — that life exists, and identity; that the powerful play goes on and you may contribute a verse.” 

That the powerful play goes on and you may contribute a verse.” 

𝐖𝐡𝐚𝐭 𝐰𝐢𝐥𝐥 𝐲𝐨𝐮𝐫 𝐯𝐞𝐫𝐬𝐞 𝐛𝐞?

-John Keating (Robin Williams)

🎥 From 𝐷𝑒𝑎𝑑 𝑃𝑜𝑒𝑡𝑠 𝑆𝑜𝑐𝑖𝑒𝑡𝑦 

https://youtu.be/-7OE6bDfM2M?si=bPakwwPyQKGdjHyr