သို့အဖွားဝတုတ်

အဖွားဝတုတ်,

အဖွားရေ သားအဖွားကိုအရမ်းသတိရတယ်။ အဖွားအခုချိန်ရှိနေသေးရင် ကောင်းမှာပဲ။ သားဒီတစ်လောစိတ်တွေအရမ်းညစ်နေတယ်အဖွား။ သားဆရာဝန်တောင်ပြနေရတယ်။သားစိတ်ဓာတ်တွေအရမ်းကျနေလို့။အမေ့ကိုတောင်မပြောရသေးဘူး။သူ့ပြောလဲ သူစိတ်ညစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ဘူးလေ။ သားအခု covid ကြောင့် work from home ပဲလုပ်ရင်းစိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်တွေကျလာတာပဲ။ အဖွားလဲ Covid ကြီးကိုမကြုံလိုက်ရတာပဲ ကံကောင်းတယ်။လူတွေအားလုံး ဒီကပ်ရောဂါကြီးကြောင့်ဒုက္ခရောက်နေကြတာလေ။သားသိတာပေါ့ အဖွားသာအခုအသက်ရှင်နေသေးရင် သားကိုဘယ်လို ဂရုစိုက်ဖို့ပြောမလဲဆိုတာ။ အခုဒီမှာ သားတစ်ယောက်တည်း အဖွား။ အပြင်လဲသိပ်မသွားရဘူး။သူငယ်ချင်းတွေလဲတစ်ယောက်မှမရှိဘူး။မြန်မာလူမျိုးတွေတောင်တစ်ယောက်မှခုထိမတွေ့သေးဘူး။အဲ့တော့ကြာလာတော့ အထီးကျန်လာတယ်အဖွား။ သားအလုပ်က စိတ်ဖိစီးမှုကအရမ်းများတယ် အဖွား။ စနေရော တနင်္ဂနွေရောသားကောင်းကောင်းမနေနိုင်ဘူး။စိုးရမ်းစိတ်တွေများလာတော့ကြာတော့စိတ်ဓာတ်ပဲကျလာတယ်။ ဆရာဝန်နဲ့ကြတော့မှနည်းနည်းသက်သာလာတယ်အဖွား။သားမှာဖြစ်တာ သာမန်စိုးရိမ်မှုမဟုတ်ပဲ စိုးရိမ်းမှုလွန်ကဲတဲ့  Anxiety disorder ရှိနေတာ။ အလုပ်ကို လွဲသွားမှာ မှားသွားမှာကိုအရမ်းစိုးရိမ်နေတာ။ သူဌေးကလဲ အရမ်း demanding   ဖြစ်တာ။ ပြီးတော့တဖက်ကလဲ စိတ်ထွက်ပေါက်လဲမရှိတော့ သားကြာလာတော့ မခံစားနိုင်တော့ဘူး။ ဘာလုပ်လုပ် သားပျော်မှမပျော်တော့တာ။ ရုပ်ရှင်ကြည့်ကြည့်၊ဂိမ်းဆော့ဆော့ ဒီအတိုင်းပဲ စိတ်ဓာတ်ကပိုပိုကျလာလေပဲ။ သားတစ်ယောက်တည်းဒီမှာ ဘယ်သူမှလဲအနားမှာမရှိဘူး။ အမေကလဲအဖွားသိတဲ့အတိုင်းပဲ သားကိုသိပ်နားလည်တာမဟုတ်ဘူး။အဲတော့ အချိန်ကြာကြာလာတော့ပိုပိုဆိုးလာတယ်။ တစ်ရက်က သားစိတ်တွေမထိန်းချုပ်နိုင်ပဲငိုသေးတယ်။ အကောင်းဆုံးလုပ်နေတာပဲ ဒါမယ့်ဘာမှမဖြစ်လာတော့ သားစိတ်တွေအရမ်းပင်ပန်းလာပြီးခြေကုန်လက်ပန်းတွေကျတာပဲ။ အဓိကက အဲ့နေ့ကအဖွားကို သားသွားသတိရမိလို့။ အဖွားနောက်ဆုံးပြောသွားတယ်လေ။ သားဒုက္ခရောက်နေတဲ့အချိန် အဖွားကိုဆုတောင်းလိုက်ပါဆိုပြီးတော့။ အဲ့မှာ သားအရမ်းဝမ်းနည်းသွားပြီးငိုမိတာပဲ။ စိတ်ထဲမှာအဖွားကို အရမ်းသတိရလို့။ သားညတိုင်းလိုလို အဖွားအိမ်မက်လာပေးပါဖို့ဆုတောင်းတယ်အဖွား။ တစ်ခါလောက် အဖွားဘုရားဆုတောင်းပေးတာလေးသားနားထောင်ချင်မိတယ်။

သားမပြောပြမိခဲ့ဘူး အဖွားရေးတဲ့စာတွေအခုထိသားသိမ်းထားတုန်းပဲ။ဘယ်သွားသွားအမြဲယူသွားတယ်။ပြန်ပြန်ဖတ်တိုင်းလဲသားအတွက်ခွန်အားရှိလို့။သိန်းရာချီနဲ့တောင် သားမလဲနိုင်ဘူးအဖွား။ဒါပေမယ့် အဖွားကို အဲ့အကြောင်းတစ်ခါမှမပြောမိခဲ့ဘူး။ အဖွားစာလေးတွေခဏခဏဆောင်ထားတယ်ဆိုတာ။ အဖွားကသာ သားဆီစာတွေခဏခဏရေးခဲ့တာသားအဖွားဆီသားတစ်ခါမှစာမရေးခဲ့ဘူး။ အခုရေးနေတဲ့အချိန်မှာ အဖွားမရှိတော့ဘူးဆိုတာသိပေမယ့် အဖွားကောင်းကင်ဘုံကနေသားကို ကြည့်နေလိမ့်မယ်ယုံတယ်။အဖွားလဲသားကိုအခုလိုစိတ်ဆင်းရဲဒုက္ခတွေခံစားစေချင်မှာမဟုတ်ဘူးဆိုတာသားသိတယ်။ အခုတော့နည်းနည်းပြန်ကောင်းနေပါပြီ။ဆရာဝန်ပြပြီး သားစိုးရိမ်စိတ်ကိုလျော့ချနိုင်အောင်လုပ်နေပြီ။ အိမ်ကိုလဲလွမ်းတယ်အဖွား။ သားသူငယ်ချင်းတွေလဲအရမ်းသတိရတယ်။သားဆီလဲဖုန်းဆက်ပြီးတော့ပြောကျတယ်။စိတ်ဓာတ်ကျနေတာသူတို့သိတယ်။သားတစ်ခါလေလဲလက်လျော့လိုက်ချင်တယ်အဖွား။ရန်ကုန်အပြီပြန်ဖို့စဥ်းစားနေတယ်။ ဒါပေမယ့်လဲတစ်ဖက်က စိတ်မလျော့ချင်သေးဘူး။သားအလုပ်အတွက် ဒီမှာဆက်နေပြီးအလုပ်လုပ်ချင်သေးတယ်။အဲ့တော့ သားမှာဝေခွဲမရဖြစ်နေတယ်အဖွား။ တကယ်က သားဒီမှာသိပ်မပျော်ဘူးအဖွား။ သားတစ်ယောက်တည်းပဲ။သူငယ်ချင်းတွေလဲမရှိဘူး။မျက်နှာစိမ်းတွေချည်းပဲ။သားကိုနားလည်နိုင်မယ့်လူဘယ်သူမှမရှိဘူး။အဖွားတစ်ယောက်ပဲရှိတယ်။အဲ့ဒါကြောင့်အဖွားကိုအရမ်းသတိရတယ်။သားကိုစိတ်အားမငယ်ဖို့။အချိန်ကိုအကျိုးရှိအောင်အသုံးချဖို့ပြောခဲ့တာတွေသတိရတယ်။အဲ့စာလေးတွေလဲခဏခဏပြန်ပြန်ဖတ်တယ်။ဒါပေမယ့် တစ်ခါတစ်လေ စိတ်ထဲမှာ အဖွားရည်ရွယ်ထားသလို လူတော်လူကောင်းလေးမဖြစ်ပါလားလို့တွေးမိရင် ဝမ်းနည်းမိတယ်။ အခုလိုဖြစ်နေတာ အဖွားသာမြင်ရင်သားကိုစိတ်ပျက်သွားမှာပဲလို့တွေးမိတယ်။ဒါပေမယ့် သားအတွေးလွန်နေတာပဲဖြစ်မှာပါ။အဖွားကသားကိုအဲ့လိုမြင်မှာမဟုတ်ဖူး။ဒီလိုအချိန်မှာ သားကိုအားပေးနေမယ်ဆိုတာသားသိတယ်။ သားကိုစိတ်ဓာတ်မကျဖို့၊စိတ်အားမငယ်ဖို့တွေဖုန်းဆက်ပြောနေမယ်ဆိုတာသားသိတယ်။သားစိတ်ထဲလဲအမြဲအာရုံပြုမိတယ်။သားနောက်ဆုံးစလုံးမသွားခင်တုန်းကအဖွားသားကိုဘုရားဆုတောင်းပေးတာလေးကိုဖုန်းနဲ့အသံသွင်းထားခဲ့တာ။စလုံးမှာ သားအလုပ်တွေအရမ်းပင်ပန်းနေတဲ့အချိန်ပြန်ပြန်နားထောင်ပြီးစိတ်ခွန်အားတွေမွေးခဲ့တာ။ဒါပေမယ့်တစ်ရက်ဖုန်းပျက်ပြီးတော့ အဖွားအသံသွင်းထားတာလေးပျက်သွားတယ်။အဲ့တော့ ရန်ကုန်ပြန်ပြန်လာမှာပြန်သွင်းဦးမယ်လို့ရည်ရွယ်ထားတာ သားမပြန်လာခင်တစ်ပတ်အလိုမှာအဖွားဆုံးသွားတာလေ။အဲ့နေ့တစ်ညနေလုံးငိုရတယ်။အခုဒီစာရေးနေတဲ့အချိန်တောင်သားဆက်မရေးနိုင်ဘူး။အဖွားကိုသတိရလို့။သားအဖွားကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာတစ်ခါမှပါးစပ်ကမပြောခဲ့မိတာနောင်တရတယ်။အဖွားရဲ့စာတွေ၊အဖွားပြောခဲ့တဲ့စကားတွေကို သားဘဝအတွက်အရမ်းတန်ဖိုးရှိတယ်ဆိုတာမပြောလိုက်ရဘူး။ အဖွားအိမ်ကပြန်လာရင် Enervon C ဆယ်လုံးသောက်ထားသလိုပဲအရမ်းတက်ကြွပြီးခွန်းအားတွေရှိတာ။အဲ့ဒါကြောင့် အဖွားစာတွေပြန်ပြန်ဖတ်ရင် စိတ်ဓာတ်ခွန်အားတွေပြန်ပြန်တက်လာတာ။အရှုံးမပေးချင်တဲ့စိတ်တွေပြန်ဖြစ်လာတာ။ သားစိတ်မကောင်းတာက အဖွားထင်ထားတာတက် အဖွားကိုသားအရမ်းတန်ဖိုးထားရတယ်ဆိုတာ အဖွားရှိနေတုန်းမပြောလိုက်ရတာပဲ။ အဖွားစိတ်ထဲမှာသိရင်တော့သိမှာပါ။ဒါပေမယ့် ပါးစပ်ကနေပဲ သားပြောချင်ခဲ့တာပြောခွင့်မရလိုက်ဘူး။ သားအသက်ဘယ်လောက်ကြီးကြီး သားဘဝအတွက်အရေးအကြီးဆုံးလူသားတစ်ယောက်ဆိုပြပါဆိုရင်အဖွားကအမြဲရှေ့ဆုံးကပဲ။မေကြီးက အမေမို့လို့သာချစ်ရပေမယ် အဖွားကသားအတွက်တော့ ပညာရှိကြီးလိုပဲ။သားသူများတွေရှေ့မှာ ငါ့အဖွားက ဘယ်လိုမျိုးကွဆိုတာမျိုးအရမ်းကြွားချင်ခဲ့တာ။သားမှာဒီလိုအဖွားရှိလို့အရမ်းဂုဏ်ယူရတာဆိုတာ အဖွားသာသိရင်သိပ်ကောင်းမှာပဲ။အဖွားထင်ထားတာထက်ပိုများတာ သားစိတ်ထဲမှာပဲထားထားခဲ့ပြီးတစ်ခုမှမပြောဖြစ်ခဲ့ဘူး။သားအာရုံပြုတယ် အဖွားအခုသားစာလေးကိုဖတ်နိုင်ပါစေလို့။ဒီအကြောင်းတွေပြောပြလိုက်ရရင်အဖွားအရမ်းပီတိဖြစ်နေမှာ။သားစိတ်မကောင်းပါဘူး။အဖွားရှိနေတဲ့အချိန်မပြောလိုက်ရလို့ သားအခုမှပဲစာရေးလိုက်ရတယ်။အခုလိုရေးလိုက်ရတော့လဲ သားစိတ်ထဲမှာပေါ့သွားတယ်။သားကိုစိတ်မပူပါနဲ့အဖွား။အဖွားမြေးပါ။ဒီလောက်နဲ့တော့ အရှုံးမပေးပါဘူး။အခုသားနည်းနည်းပြန်ကောင်းနေပြီ။သားယုံကြည်တယ် အဖွားအခုကောင်းကင်ဘုံမှာရှိနေမယ်ဆိုတာ။ တစ်ခေါက်လောက်ဖြစ်ဖြစ်အိမ်မက်လေးလာပေးပါဦးလို့။သားသတိရလို့ အဖွားဘုရားဆုတောင်းပေးတာလေးတစ်ခါလောက်တော့နားထောင်ချင်သေးတယ်။

သတိရခြင်းများစွာဖြင့်

မြေးကမ္ဘာကြီး