Be phenomenal or be forgotten
“အံ့ချီးဖွယ်ရာကောင်းတဲ့လူဖြစ်အောင်လုပ်ရင်လုပ် မဟုတ်ရင်လူတွေမင်းကိုမေ့သွားလိမ့်မယ်”
“အံ့ချီးဖွယ်ရာကောင်းတဲ့လူဖြစ်အောင်လုပ်ရင်လုပ် မဟုတ်ရင်လူတွေမင်းကိုမေ့သွားလိမ့်မယ်”
အမေတို့က သူတို့ခေတ်က Beatles ကဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်းပြောတယ်။ ကျွန်တော့်အလှည့်ကျ ကျွန်တော့်သားသမီးရှိခဲ့ရင် Coldplay ဘယ်လို့ကြီးကျယ်ခန်းနားကြောင်းပြောရလိမ့်မယ်။Coldplay ကိုကြိုက်တာ တစ်ခါလာလဲ အသည်းကွဲအချစ်သီချင်းတွေဆိုနေတာမဟုတ်ပဲ အတွေးအခေါ်တွေ(Philosophy)၊ စိတ်ကူးစိတ်သန်းတွေ(Inspiration)၊အိမ်မက်တွေ(Dream)၊ဘဝအကြောင်း(Life)၊မေတ္တာတရား(Love)၊မျှော်လင့်ချက်(Hope)၊အားပေးနှစ်သိမ့်မှု(Encouragement) တွေအကြောင်းရေးဖွဲ့သီဆိုတာကြောင့်ကြိုက်တာ။
…
မင်းရင်ထဲမှန်တယ်လို့ခံစားရတဲ့အရာကိုလုပ်။ဘယ်လိုပဲဖြစ်ဖြစ် မင်းဝေဖန်ခံရမှာပဲလေ။လုပ်ရင်လဲ ဝေဖန်ရှုတ်ချခံရမယ်။မလုပ်ရင်လဲ ဝေဖန်ရှုတ်ချခံရမယ်။
“ကျွန်တော့်ဘဝမှာအမှားတွေအများကြီးလုပ်ခဲ့တယ်။ ကျွန်တော်ဟာ သူတော်ကောင်းတစ်ယောက်တော့မဟုတ်ဖူး။ တကယ်လို့ သူတော်ကောင်းဆိုတာလဲ သူတော်ကောင်းတစ်ယောက်ဖြစ်အောင်ဆက်တက်ကြိုးစားနေတဲ့ အပြစ်ရှိသူတစ်ယောက်လို့ခင်ဗျားတို့ယူဆတယ်ဆိုရင်ပေါ့”
ငြိမ်းချမ်းစွာအတူတကွပေါင်းစည်းနေထိုင်မယ်ဆိုတဲ့အယူအဆကိုဝေဖန်နေကြတဲ့သူတွေဟာလူမျိုးပေါင်းစုံအတွက်ဒီကမ္ဘာကြီးကိုဘေးကင်းလုံခြုံအောင်လုပ်ဖို့မလိုအပ်ဖူးလို့မြင်နေကြတဲ့လူတွေပဲ။ကျွန်တော်အံသြမိတယ်အဲ့လူတွေခဏလောက်ရပ်ပြီးကိုယ့်ကိုယ်ကိုဒီမေးခွန်းလေးမေးကြည့်ဖူးသလား “အတူတကွနေရုံမှအပ တခြားဘာနည်းလမ်းကရောရှိလို့လဲ”
“အချစ်ခံချင်လို့ချစ်တာ သာမန်လူတွေရဲ့အချစ် ချစ်ချင်လို့ချစ်တာ ဖြူစင်မြင့်မြတ်သူတို့ရဲ့အချစ်”
ကဲ…သား အမေ မင်းကိုပြောပြမယ်
ဘဝဟာ အမေ့အတွက်တော့ အကောင်းစားဖန်လှေခါးမျိုးမဟုတ်ခဲ့ဘူး
လှေခါးပေါ်မှာသံမှိုတွေလဲရှိခဲ့တယ်
ချွန်မြတဲ့ အပိုင်းအစတွေလဲရှိခဲ့တယ်
ကော်ဇော်မခင်းထားတဲ့ ဗလာကျင်းဖြစ်နေတဲ့နေရာတွေလဲရှိခဲ့တယ်
…
…