To be or not to be
“ဖြစ်ချင်လား မဖြစ်ချင်ဘူးလား မေးခွန်းကအဲ့ဒါပဲ”
စိတ်မကောင်းပါဘူး။ ကျွန်တော် ဧကရာဇ်မင်းကြီးမဖြစ်ချင်ဘူး။ ဒါကျွန်တော့်အလုပ်လဲမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ ကျွန်တော် စိုးမိုးမအုပ်ချုပ်ချင်ဘူး။ ဖြစ်နိုင်ရင် လူတိုင်းကိုကျွန်တော်ကူညီသင့်တယ်။လူဖြူဖြစ်ဖြစ် လူမဲဖြစ်ဖြစ် ဂျုးပဲဖြစ်ဖြစ် ဂျူးမဟုတ်တဲ့လူပဲဖြစ်ဖြစ်။ ကျွန်တော်တို့အာလုံးက တစ်ယောက်ကိုတစ်ယောက်ကူညီချင်ကြတာပဲ။ လူဆိုတဲ့သဘောတရားဟာဒီလိုမျိုးပဲ။ တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်မှုတွေပေးပြီးပဲ နေချင်ကြတယ်။နာကျင်မှု၊ဒုက္ခတွေပေးပြီးမနေချင်ကြဘူး။တစ်ယောက်ကိုတစ်ယောက်မုန်းတီးပြီး စက်ဆုပ်ရွံရှာပြီးမနေချင်ကြဘူး။ ဒီကမ္ဘာကြီးမှာ လူတိုင်းအတွက် နေစရာနေရာရှိပြီးသား။ ဒီကမ္ဘာမြေကြီးဟာ လူတိုင်းကိုအထောက်အပံ့ပေးနိုင်လောက်အောင် ပေါများကြွယ်ဝမှုတွေရှိတယ်။ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ လွတ်လပ်ခြင်းတွေနဲ့လှပမှုတွေနဲ့ပြည့်စုံနေနိုင်တယ်။ ဒါပေမယ့် ဒီအဓိပ္ပာယ်တွေ ကျွန်တော်တို့ဆုံးရှုံးခဲ့တယ်။ …
“မင်းတစ်ခုခုကိုကျွမ်းရင် လူတိုင်းကိုမင်းအကြောင်းမင်းလိုက်ပြောလိမ့်မယ်။ မင်းတစ်ခုခုကိုအကျွမ်းဆုံးဆိုရင် လူတိုင်းကမင်းအကြောင်းပြောလိမ့်မယ်”
ဝေါလ်တာ ပေတန်
…
…
“အံ့ချီးဖွယ်ရာကောင်းတဲ့လူဖြစ်အောင်လုပ်ရင်လုပ် မဟုတ်ရင်လူတွေမင်းကိုမေ့သွားလိမ့်မယ်”
အမေတို့က သူတို့ခေတ်က Beatles ကဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်းပြောတယ်။ ကျွန်တော့်အလှည့်ကျ ကျွန်တော့်သားသမီးရှိခဲ့ရင် Coldplay ဘယ်လို့ကြီးကျယ်ခန်းနားကြောင်းပြောရလိမ့်မယ်။Coldplay ကိုကြိုက်တာ တစ်ခါလာလဲ အသည်းကွဲအချစ်သီချင်းတွေဆိုနေတာမဟုတ်ပဲ အတွေးအခေါ်တွေ(Philosophy)၊ စိတ်ကူးစိတ်သန်းတွေ(Inspiration)၊အိမ်မက်တွေ(Dream)၊ဘဝအကြောင်း(Life)၊မေတ္တာတရား(Love)၊မျှော်လင့်ချက်(Hope)၊အားပေးနှစ်သိမ့်မှု(Encouragement) တွေအကြောင်းရေးဖွဲ့သီဆိုတာကြောင့်ကြိုက်တာ။
…
မင်းရင်ထဲမှန်တယ်လို့ခံစားရတဲ့အရာကိုလုပ်။ဘယ်လိုပဲဖြစ်ဖြစ် မင်းဝေဖန်ခံရမှာပဲလေ။လုပ်ရင်လဲ ဝေဖန်ရှုတ်ချခံရမယ်။မလုပ်ရင်လဲ ဝေဖန်ရှုတ်ချခံရမယ်။