Nyan Zaw Htet

You will never leave a footprint

“အမြဲတမ်း ခြေဖျားထောက်ပြီးသွားနေမယ်ဆိုရင် ကြာရှည်ခံမယ့်ခြေရာမျိုးတွေမင်းဘယ်တော့မှ ချန်ထားနိုင်မှာမဟုတ်ဘူး”

Have a heart that never hardens

“ဘယ်တော့မှ မမာကြောတဲ့နှလုံးသား ဘယ်တော့မှ မမောပန်းတဲ့စိတ်နဲ့ ဘယ်တော့မှနာကျင်အောင်မလုပ်မဲ့ အထိအတွေမျိုး ပိုင်ဆိုင်ပါ”

ကြောက်ရွံ့စိတ်တွေမရှိတဲ့နေရာ

ကြောက်ရွံ့စိတ်တွေမရှိဘဲ မြင့်မြင့်မားမားဦးမော့ထားနိုင်မဲ့နေရာ
အသိပညာတွေကို လွတ်လွတ်လပ်လပ်အခမဲ့သင်ယူနိုင်မယ့်နေရာ
ကမ္ဘာကြီးကို ကျဉ်းမြောင်းတဲ့တစ်ဦးပိုင်နံရံတွေနဲ့ အစိတ်အပိုင်းတွေအသီးသီးခွဲခြားမထားမဲ့နေရာ
နက်နဲတဲ့အမှန်တရားဆီက ထွက်ပေါ်လာတဲ့ စကားလုံးတွေရှိတဲ့နေရာ

အန်စာတုံးလှိမ့်လိုက်

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
အဲ့လိုမှမဟုတ်ရင် စတောင်မစနဲ့

မင်းကြိုးစားတော့မယ်ဆိုရင် အဆုံးထိရောက်အောင်လုပ်
မင်းချစ်သူကိုလဲ ဆုံးရှုံးရနိုင်တယ်
မင်းဇနီး၊မင်းဆွေမျိုးသားချင်း၊မင်းအလုပ်ကိုလဲဆုံးရှုံးရနိုင်တယ်
မင်းရူးလဲရူးသွားနိုင်တယ်

မျှော်လင့်ချက်

“မျှော်လင့်ချက်” ဆိုတာအတောင်ပံတွေပါတဲ့အရာလေးတစ်ခုပါပဲ
ငါ့ရဲ့အသည်းနှလုံးထဲမှာနားခိုနေတယ်
စကားလုံးတွေမပါပဲ သံစဉ်တွေ သီဆိုနေတာ
ဘယ်တော့မှရပ်မသွားဘူး