Nyan Zaw Htet

Artists use lies

“အနုပညာရှင်တွေက အမှန်တရားကိုပြောဖို့ မုသားကိုအသုံးချတယ်။ နိုင်ငံရေးသမားတွေက အမှန်တရားကိုဖုံးဖို့ မုသားကိုအသုံးချတယ်”

အီဗီ ဟန်းမွန့်

အမှိုက်ပုံးနှင့်တူသော စိတ်ဖိအားနှင့် မီးတောင်နှင့်တူသော စိတ်ခံစားမှု

ငယ်ငယ်တုန်းက ကိုယ့်ကိုကျွေးမွေးအုပ်ထိန်းသူ Caregiver နဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးဟာ  ကိုယ်အရွယ်ရောက်လာတဲ့အခါမှာရှိတဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအပြုအမှုအပေါ်ကို လွှမ်းမိုးမှုရှိတယ်လို့ဖတ်ဖူးတယ်။ အထူသဖြင့် ကျွန်တော်ရဲ့ စိတ်ဖိအားနဲ့စိတ်ခံစားမှု ထိန်းညိမှု Regulate လုပ်နိုင်စွမ်းက ပုံမှန်လူတစ်ယောက်ထက်ပိုပြီးခက်ခဲနေပါလားဆိုတာ အသက် ၃၀ဝန်းကျင်လောက်ရောက်တဲ့အခါသတိထားမိလာတယ်။ အထူးသဖြင့် စိတ်ညစ်စရာတွေခံစားချက်တွေ ဥပမာ ဒေါသထွက်သင့်ရင် ထွက်ရမယ်နေရာမျိုးမှာမထွက်ပဲ မြိုသိပ်လိုက်တယ်။ ရုတ်တရက်ကြည့်ရင် ဒေါသထိန်းချုပ်နိုင်တာ ကောင်းတာပဲလိုမြင်နိုင်ပေမယ့် တကယ်က ဒေါသကိုမြုံထားလိုက်ပြီး ဒေါသလုံးဝမဖြစ်သလို တခြားစိတ်ကိုချက်ချင်း စက္ကန့်ပိုင်းအတွင်းဖွင့်ပြီးနေထိုင်နိုင်တယ်။

Never compromise

“ကမ္ဘာပျက်မယ့်အရေးကို ရင်ဆိုင်နေရတဲ့အချိန်ရောက်ရင်တောင်မှ အပေးအယူဘယ်တော့မှမလုပ်နဲ့”

ရော့စ်ချက်

Am I autistic?

အခန်းကိုအလည်လာတဲ့ Dutch ကောင်မလေးက မီးဖိုချောင်မှာဟင်းချက်နေတဲ့ကျွန်တော့်ကိုမြင်တော့ နှုတ်ဆက်ရင်းနဲ့ မေးတယ်။ 

“What are you cooking?”

“Um…I’m cooking Lentils soup”

ပဲစိမ်းဟင်းချိုချက်နေတာလိုကျွန်တော်ဖြေလိုက်တယ်။ ဘေးက သူကောင်လေး ကျွန်တော့်အခန်းဖော်က ထပ်မေးတယ်။ 

အဝါရောင်ကိုက်ခဲမှု

မီးရောင်ကို sensitive ဖြစ်မယ်မှန်း ဥရောပစရောက်တော့မှသိတော့တယ်။ လွန်ခဲ့တဲ့ ၆နှစ်က Belgium ကိုကျောင်းတက်ဖို့စရောက်တော့ ကျောင်းသားအဆောင်က ကျွန်တော်နေမယ့်အခန်းကို စရောက်တော့ အခန်းမီးအရောင်ကိုမြင်လိုက်တာနဲ့တင် စိတ်ဓာတ်ကျနေပြီ။ မီးအရောင်က ဝါကျင့်ကျင့်အရောင်။ မှိန်မှိန်နဲ့။ထောင်ထဲမှာ အကျဉ်းသားကို မီးအဝါရောင်မှိန်မှိန်လေးနဲ့ပေးနေခိုင်းသလိုမျိုး ခံစားချက်ဝင်တယ်။ တော်တော်ကြာမှ နားလည်လိုက်တာက ဥရောပနိုင်ငံမှာရှိတဲ့ အိမ်တွေအလုပ်တွေကျောင်းတွေဆိုင်တွေမှာ မီးလုံးကို အဝါရောင် warm light ပဲသုံးကြတယ်ဆိုတာပါပဲ။ Restaurant တွေမှာ ချစ်သူရည်းစား ၂ယောက်ညစာစားရင် အဝါရောင် မှိန်မှိန်နဲ့ မီးရောင်အောက်မှာ အတူတူစားနေကြတာကို ရုပ်ရှင်ကားတွေထဲမှာမြင်ဖူးကြမှာပေါ့။ Romantic ဆန်စရာလေးပေါ့။ ဒါပေ့မယ့် အဲ့ဒီ အဝါရောင် warm light က ကျွန်တော့်ရဲ့ စိတ်ကျန်းမာရေ metal health ကိုအဲ့ဒီလောက် သက်ရောက်မှုရှိလိမ့်မယ်လို့ အရင်ကမထင်ထားမိခဲ့ဖူး။

Homemade Paracetamol

နိုင်ငံခြားမှာနေတဲ့အခါကျွန်တော်ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းစရာတွေထဲကတစ်ခုကတော့ နေမကောင်းဖြစ်ပြီဆိုတဲ့ အမေ့ကိုသတိရတာပါပဲ။ အိမ်မှာဆို နေမကောင်းဖြစ်ပြီဆိုတာနဲ့ အမေ့အနားသွားပြီး “မေကြီး သားနေမကောင်းဘူး” ဆိုပြီးသူ့လက်မောင်းကြီးပေါ်မှာ မျက်နှာကြီးသွားကပ်။

Messages

တခါတရံ တိုက်ဆိုင်လို့အတွေးနယ်ချဲ့မိရင်းချရေးမိတဲ့ စာတိုလေးတွေ…