Blogs

❝ဘဝမှာရှိသမျှအရာအားလုံးကိုပုန်ကန်တာနေမှာပေါ့❞

ကမ္ဘာ့စက်ဘီး အစီးများဆုံးနိုင်ငံဖြစ်တဲ့အလျှောက် ဒီနိုင်ငံမှာ လူဦးရေထက် စက်ဘီးအစီးရေပိုများတယ်။အပြင်သွား ကျောင်းသွား အလုပ်သွားတဲ့အခါ လူတိုင်းက စက်ဘီးတွေစီးကြတယ်။ အင်တာနက်ပေါ်မှာ ဖတ်ဖူးတဲ့ဟာသ တစ်ခုကို ကျွန်တော်သဘောကျတယ်။ 

❝ဘာဖြစ်လို့ 𝐀𝐧𝐧𝐮𝐚𝐥 𝐖𝐚𝐥𝐥 𝐏𝐥𝐚𝐧𝐧𝐞𝐫 ကိုသုံးသင့်သလဲ❞

မနှစ်ကစပြီး တစ်နှစ်လုံးစာမြင်ရတဲ့ Annual Wall Planner ကိုစသုံးကြည့်တယ်။ ဒါပေမယ့် ကြိုတင်ပြီးတော့ အစီအစဉ်တွေမှတ်ထားဖို့သုံးတာမဟုတ် ကိုယ်လုပ်ခဲ့တဲ့အလုပ်၊ ကိုယ့်ရဲ့ ပန်းတိုင် (𝐆𝐨𝐚𝐥𝐬) တွေရဲ့ တိုးတက်မှု(𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬) ကိုခြုံငြုံပြီးကြည့်ချင်တဲ့အတွက်ကြောင့်သုံးတာ။

ကျွန်တော့် စာဖတ်နည်း ၂နည်း

၆နှစ်အတွင်း ဖတ်ခဲ့တဲ့ စာအုပ်တွေပြန်ရေတာ

  • စုစုပေါင်း ၂၁ အုပ်
  • 2019 – 2023  ၆အုပ်
  • 2023 – 2024  ၆အုပ်
  • 2024 – 2025  ၉အုပ်

စာဖတ်အား ကောင်းလာအောင်နဲ့ စာဖတ်တဲ့ အခါ အာရုံစူးစိုက်မှုကောင်းအောင် ပြန်လုပ်ရင်း ကျွန်တော် သုံးတဲ့ စာဖတ်နည်း ၂ခု ပြန်ပြောပြမယ်။

❝မင်းပါဝင်ပေးမယ့် အပိုင်းကဘာများဖြစ်နေမလဲ❞

ငါတို့တွေ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ချစ်စရာကောင်းလို့လုပ်နေတာမဟုတ်ဘူး။ ကဗျာတွေဖတ်တယ် ရေးတယ်ဆိုတာ ငါတို့ဟာ လူသားမျိုးနွယ်ဝင်တွေဖြစ်နေလို့လုပ်နေတာ။

❝Erasmus တံတားပေါ်က❞

တံတားဘက်ကို မျက်နှာမှုတဲ့ လမ်းထောင့်နားက ခုံတမ်းရှည်ပေါ်မှာ ထိုင်ရင်း အခန်းဖော်သူငယ်ချင်း Amin နဲ့အတူ Joint ထိုင်သောက်နေတုန်း သူနာပြုကားရဲ့ စူးရှတဲ့ အရေးပေါ်အချက်ပြမီးသံကြားလို့ လားရာကိုလှည့်ကြည့်မိတယ်။

A Beautiful Mess

အိပ်ရာကထတော့ ရှုပ်ပွနေတဲ့အခန်းကိုကြည့်။ အဝတ်အစားတွေကို ခုံပေါ်မှာပဲအမြဲတင်တင်ထား။ ဖုန်တွေကမသုတ်တာကြာ။ တံမြက်စည်းမလှည်းတာ ၃ပတ်လောက်ရှိ။ ပစ္စည်းတွေက နေရာတိုင်းလိုလိုအစီအစဉ်ကျမရှိရှုပ်ပွ။ စိတ်က အသေကြီးဖြစ်လိုဖြစ်နေတာ ၂ပတ်လောက်ရှိတော့ ဘာမှမလုပ်ချင်။ အဲ့လိုရှုပ်ပွတဲ့ မနက်ခင်းကြီးကိုကြည့်ပြီး အရှိတိုင်းဓာတ်ပုံရိုက်ချင်တဲ့ စိတ်ကပေါ်လာတာနဲ့ မျက်နှာတောင်မသစ်ရသေးဘူး ကင်မရာယူပြီး ဓာတ်ပုံရိုက်တော့တာပဲ။

“A Farewell to Arms” by Ernest Hemingway (Review/spoiler)

❝လက်နက်များကိုနှုတ်ဆက်ခြင်း❞
နိုဘယ်ဆုရခဲ့တဲ့ စာရေးဆရာ ဟမ်းမင်းဝေးဟာ အသက်၁၈နှစ်လောက်တုန်းက ပထမကမ္ဘာစစ် World War I မှာ သူနာပြုကားမောင်းတဲ့ ဆေးကျောင်းသားအနေနဲ့ Italy မှာ စစ်မှုထမ်းခဲ့တယ်။ အဲ့မှာ ခြေထောက် ဗုံးထိဒဏ်ရရတဲ့ကြားက တခြားရဲဘော်တွေကို ဘေးကင်းရာကယ်ထုတ်ပေးခဲ့တဲ့ အတွက် အီတလီကချီးမြင့်တဲ့ ဆုတံဆိပ်ကိုရခဲ့ဖူးတယ်။ ခြေထောက်ဒဏ်ရာကြောင့် ဆေးရုံမှာ အကြားကြီးတက်ခဲ့ရပြီး အဲ့တုန်းကကြုံခဲ့တဲ့အဖြစ်အပျက်တွေကို အခြေခံပြီးတော့ နောက် ၁၂နှစ်လောက်ကြာတဲ့ အခါမှာ “A Farewell To Arms” ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့တယ်။

ကောင်းမွန်သော စနေနေ့လေးတစ်ရက်

စနေ၊တနင်္ဂနွေ နေသာတဲ့ရက်ဆို Kralingen ကန်ကိုခဏခဏလာတယ်။ တစ်လမှာ အနည်းဆုံး ၁ခေါက်လောက်လာဖြစ်တယ်။ မြက်ခင်းပေါ်ခင်းတဲ့အခင်းလေးတစ်ခုကိုကျောပိုးအိတ်ထဲထည့်ပြီး စက်ဘီးနဲ့ ၁၀မိနစ်လောက်နင်းပြီးလာခဲ့တယ်။ 

Ajax or Feyenoord?

စက်ဘီးစီးနင်းလာရင်း ရှေ့ကမြက်ခင်းပြင်ပေါ်မှာ ကျောင်းကပေးတဲ့ activities တစ်ခုခုလုပ်နေတယ်လို့ထင်ရတဲ့ အလယ်တန်းအရွယ် ကလေးတစ်အုပ်ထဲက ခပ်ဝဝကလေးတစ်ယောက်က အဝေးကနင်းလာတဲ့ ကျွန်တော့်ကိုမြင်တော့ အနီးနားလေးကိုလျှောက်လာတာ သတိထားမိတယ်။

”နိုင်ငံရေးအသိရဲ့လမ်းကြောင်း (သို့မဟုတ်) နမစ်ခ်၏ မူဝါဒကြေညာစာတမ်း”

“ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့အချိန်တွေရှိလာနိုင်တယ်ဆိုတာငါကြိုသိပြီးသားပါ။ကြီးမားတဲ့ရန်သူတွေ အောက်မှာ  သေးငယ်စွာနဲ့ တစ်ယောက်တည်း မသေချာမရေရာနဲ့ပေါ့”

“ဒါပေမယ့် သတိရပါ။ လွှတ်လပ်မှု ဆိုတာ သန့်စင်တဲ့ အတွေးအခေါ်ဆိုတာ။ လွှတ်လပ်မှုဆိုတာ သင်ကြားစရာမလိုပဲနဲ့ သူဘာသာသူဖြစ်ပေါ်လာတာ​​။အခုဆို ငါတို့ အာကာသဟင်လင်းပြင်တစ်ခုလုံးမှာ ပုန်ကန်မှုတွေ ကျို့ကြားကျို့ကြားနဲ့ဆက်တိုက်ဖြစ်နေပြီ။  စစ်တပ်ပေါင်းများစွာ တပ်ရင်းပေါင်းများစွာဟာ သူတို့ကိုယ်သူတို့ တူညီတဲ့အကြောင်းတရားတစ်ခုအတွက် တိုက်ပွဲဝင်နေကြမှန်းတောင် မသိကြပဲနဲ့ ပေါင်းစည်းမိနေပြီ”

“မမေ့ပါနဲ့…အာဏာဖီဆန်တဲ့သူတွေရဲ့နယ်နိမိတ်က နေရာတိုင်းမှာရှိတယ်ဆိုတာ။ပြီးရင် အသေးမွှားဆုံးသော ပုန်ကန်မှုလေးတစ်ခုကလဲ ငါတို့ရဲ့နယ်နိမိတ်ကိုဆက်လက်ကြီးသွားစေတယ်ဆိုတာ”

“မမေ့ပါနဲ့ အင်ပါယာကြီးက ငါတို့ကို ဘာကြောင့် သဘာဝမကျပဲ အလွန်အမင်းကိုထိန်းချုပ်ချင်နေရတာလဲဆိုတာကို။အာဏာရှင်စနစ်ဆိုတာ အမြဲတမ်းဖိနှိပ်နေဖို့လိုတယ်။ပြီးရင်ကျိုးပဲ့လာမယ်။ ယိုစိမ့်လာမယ်။ အာဏာဆိုတာ ပျက်စီးလွယ်တယ်။ ဖိနှိမ်တယ်ဆိုတာ အကြောက်တရားကိုဖုံးထားတဲ့ မျက်နှာဖုံး။အဲ့တာကိုမမေ့ပါနဲ့”

“ပြီးရင် မှတ်ထားပါ။ ဒီ ထိတွေ့မှုအသေးအမွှားလေးတွေ ဒီတိုက်ပွဲတွေ ဒီအာခံမှုလေးတွေက အင်ပါယာကြီးရဲ့ အာဏာစက် တာရိုးတွေကို ဖုံးလွှမ်းချိုးဖျက်မယ့်နေ့ကိုရောက်လာလိမ့်မယ်ဆိုတာ။ နည်းနည်းလေးကနေစပြီး အများကြီးဖြစ်လာလိမ့်မယ်။ သေးငယ်တဲ့ အရာလေးတစ်ခုက ဝန်းရံထားတဲ့တပ်ကြီးတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်လိမ့်မယ်”

“ဒါ့ကြောင့်မမေ့ပါနဲ့။ ကြိုးစားကြည့်ဖို့ဆိုတာ”


“The Trail of Political Consciousness” (a.k.a “Manifesto – by Nemik”)

“There will be times when the struggle seems impossible. I know this already. Alone, unsure, dwarfed by the scale of the enemy.”

“Remember this, Freedom is a pure idea. It occurs spontaneously and without instruction. Random acts of insurrection are occurring constantly throughout the galaxy. There are whole armies, battalions that have no idea that they’ve already enlisted in the cause.”

“Remember that the frontier of the Rebellion is everywhere. And even the smallest act of insurrection pushes our lines forward.”

“And remember this: the Imperial need for control is so desperate because it is so unnatural. Tyranny requires constant effort. It breaks, it leaks. Authority is brittle. Oppression is the mask of fear.”

“Remember that. And know this: the day will come when all these skirmishes and battles, these moments of defiance, will have flooded the banks of the Empires’ authority, and then there will be one too many. One single thing will break the siege.”

“Remember this: Try.”

🎥 Andor : S1 E12