Blogs

အတူတကွ – Together

ပြီးခဲ့တဲ့ စနေ့နေ့က Amsterdam ကရုပ်ရှင်ပြပွဲလေးကိုသွားကြည့်ခဲ့တယ်။ လူအများကြီးလာမယ်လို့ မျှော်လင့်ထားပေမယ့်လဲ အယောက် ၂၀ကျော်လောက်ပဲရောက်လာတယ်။ ရထားမရှိတာကြောင့် ဘယ်သူမှမလာမှာကိုတောင် စိုးရိမ်နေခဲ့တာ ရောက်လာကြကိုပဲစိတ်ကကျေနပ်တယ်။ တစ်လ လောက်ပြင်ဆင်ခဲ့ရတာလေး အဆင်ဆင်ပြေပြေနဲ့ပြီးသွားခဲ့မှပဲ စိတ်ကဒုန်းဒုန်းချနိုင်တော့တယ်။

©Artists’ shelter

ပြတဲ့ ရုပ်ရှင်ကားက ၄ကားလုံးထဲမှာ ကြိုက်တာက The Unknown infinity ကိုအကြိုက်ဆုံး ရိုက်ပြကွက်တွေကမိုက်တယ်။ သူများတွေတော့ သိပ်မကြိုက်ဖူးထင်တယ်။ ပထမကား Guilt ပိုင်ဖြိုးသုတို့ဟာတော့ ရုံစောင့်နေရလို့ မမှီလိုက်။ ဒုတိယအကြိုက်ဆုံးကတော့ နောက်ဆုံးကား (Together အတူတကွ) ပဲ။ မျက်ရည်ကျခဲ့ရတယ်။

©Together Production
နှစ်တော်တော်များများကြာနေပြီဖြစ်တဲ့ YouTube က comment တစ်ခုကိုသွားသတိရတယ်။ ဘာ video တွေကြည့်တာလဲတော့မမှတ်မိပေမယ့် ဒုတိယကမ္ဘာစစ်တို့ ဘာတို့ နဲ့ဆိုင်တဲ့ video တွေလိုက်ကြည့်မိရင်းနဲ့ဖြစ်မယ်။ အောက်က comment လေးတစ်ခုကိုဖတ်မိပြီးကြိုက်လို့ အဲ့တည်းကစိတ်ထဲဆွဲနေတယ်။ သူ English လိုရေးထားတာ သေချာမမှတ်မိပေမယ့် သူရေးတာက စစ်မြေပြင်မှာတစ်ကယ်တိုက်နေရတဲ့အချိန် အဲ့စစ်သားဟာ နိုင်ငံ လူမျိုးဆိုတာထက် သူရဲ့ဘေးကရဲဘော်အတွက်တိုက်နေတာသူ့သူငယ်ချင်းရဲဘော်ရဲဖက်တွေမကျသွားအောင်တိုက်နေတာဆိုတဲ့ comment မျိုးလေးရေးထားတာမှတ်မိတယ်။
“အတူတကွ” ကိုကြည့်ရင်း အဲ့ comment လေးကိုစိတ်ထဲပြန်သတိရတယ်။ ဒဏ်ရာနဲ့သေခါနီးပြောသွားတာက သူသေသွားရင် အမျှမဝေပါနဲ့တဲ့။ သေသွားပြီး ဝိညာဉ်ဖြစ်နေတာကို မသိပဲ အိမ်ပြန် အမေ့ကိုသွားတွေ့။ သူငယ်ချင်းရဲဘော်တွေက သူကိုစကားမပြောလို့ဆိုပြီးစိတ်ဆိုး နောက်ဆုံးမှ သူကသေသွားတာကြာပြီ။ တိုက်ပွဲမှာကျသွားပြီဆိုတာသိသွားတယ်။ သူကိုယ့်သူ ဝိညာဉ်ဖြစ်နေမှန်းကိုမသိခဲ့တာ။ (“နိုင်ငံပျောက်သူ” ထဲက ဇာတ်ကွက်မျိုးပဲ) သူငယ်ချင်းရဲဘော်တွေကဘာလို့သူကိုစကားမပြောလဲဆိုတာ အဲ့တော့မှနားလည်သွားတယ်။ ဇာတ်လမ်းအစမှာ ဝိညာဉ်အနေနဲ့ ရှင်သန်နေတဲ့ဇာတ်ကွက်တွေရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးမှာကြည့်ရှုနေတဲ့သူတွေကိုနားလည်သွားစေတယ်။
သူကျသွားတဲ့အတွက် သူငယ်ချင်းရဲဘော်နှစ်ယောက် ဘယ်လောက်နာကျင်ငိုကျွေးခံစားရလဲဆိုတဲ့ ပြကွက်တွေကနောက်မှတဖြည်းဖြည်းပေါ်လာတယ်။ နောက်ဆုံး စခန်းသိမ်းလိုက်နိုင်ပြီဆိုတော့မှ သူငယ်ချင်းရဲဘော်နှစ်ယောက်က သူ့ဓာတ်ပုံရှေ့မှာထိုင်ရင်း အမျှဝေပေးတယ်။ အမျှဝေပေးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း သူ့ပါးပြင်ပေါ်က မျက်ရည်တွေအတားအစည်းမဲ့စီးကျလာတယ်။
နောက်ဆုံး ကျယ်ပြန့်တဲ့ တောအုပ်ကြီးကို ငေးကြည့်ရင်း သူရဲ့ဝိညာဥ်က သူငယ်ချင်းရဲဘော်နှစ်ယောက် အမျှဝေတာကို သာဓုမခေါ်ပေးနိုင်ဘူးလို့ဆိုတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးပြီးတဲ့အထိ “အတူတကွ” ရှိနေချင်သေးလို့တဲ့…😢
©Artists’ shelter

The Old Man And The Sea (Review/Spoiler)

“လူကိုဖျက်ဆီးလိုက်လို့ရတယ်။ အရှုံးပေးအောင်တော့လုပ်လို့မရဘူး”

ဟမ်းမင်းဝေးကို noble prize ရစေခဲ့တဲ့စာအုပ်ဆိုလို့ဖတ်ကြည့်တာ။ သူ့ရဲ့အကောင်းဆုံး စာအုပ်လို့လဲသတ်မှတ်ကြတယ်။ ကျွန်တော့် သုံးသပ်ချက်အရတော့ အကြိုက်ကြီးတော့မဟုတ်။ သက်ကြီးတဲ့တံငါသည် အဖိုးကြီးက ပင်လယ်ထဲမှာငါးသွားမျှားတယ်။

Old man’s war (Review/spoiler)

“အဖိုးကြီး အဖွားကြီးတွေကို ငယ်ရွယ်တဲဲ့ခန္ဓာကိုယ်အသစ်ပေးပြီး စစ်တိုက်ခိုင်းတယ်”
အသက်၇၅နှစ်ပြည့်တဲ့ အဖိုးကြီးတွေအဖွားကြီးတွေက ဒီအတိုင်းမသေချင်ဘူးဆိုရင် အာကာသထဲက ကိုလိုနီကာကွယ်ရေးတပ် Colonial Defense Forces(CDF) ကို သွား join ပြီး နုနယ်တဲ့ခန္ဒာကိုယ်အသစ်နဲ့အစားထိုးပြီးအာကာသ နယ်ချဲ့စစ်ပွဲတွေမှာစစ်တိုက်လို့ရတယ်။ အနည်းဆုံး၂နှစ် ကနေ အများဆုံး၁၀နှစ်ထိ စစ်မှုထမ်းပြီးရင် နောက်ထပ် body အသစ်ကိုပေးပြီးတော့ ဘဝကို လူငယ်အရွယ်ကပြန်စပြီးနေခွင့်ရမယ်။

မြေပဲတင်း၇၀

တစ်ခါက Meeting မှာနားထောင်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခု။ ကိုယ့်ဟာကိုယ်တောင်ရိက္ခာမလုံလောက်ချိန်မှာ စစ်ဘေးရှောင်တွေကိုကူညီပေးဖို့ သူတို့မှာရှိတဲ့ ရိက္ခာတွေကိုခွဲပေးနေရတာကြောင့် သူတို့အတွက် တောထဲက “ဆူးမရှိတဲ့အရွက်” တွေပဲခူးပြီးချက်စားပါတယ်လို့ ချင်းရဲဘော်တစ်ဦးကပြောတော့ meeting မှာ Dr.Sasa တောင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ အဲ့တာကလွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ခဲ့တာပါ။

A hero can be anyone

“သူရဲကောင်းဆိုတာလူတိုင်းဖြစ်နိုင်တယ်။ ကလေးလေးတစ်ယောက်ရဲ့ပုခုံးပေါ်ကို ကုတ်အင်္ကျီလေးခြုံပေးပြီး အရာအားလုံးအဆုံသတ်မသွားသေးကြောင်း အားပေးနှစ်သိမ့်စကားလေးပဲပြောတဲ့သူတောင်မှ သူရဲကောင်းဖြစ်နိုင်တယ်”

My story continues…

လွန်ခဲ့တဲ့ ၃နှစ် ၂၀၂၀ ခုနှစ်ဝန်းကျင် စိတ်ကျရောဂါကိုခံစားနေရတဲ့အချိန် Tattoo တစ်ခုသွားထိုးဖြစ်ခဲ့တယ်။

အမှိုက်ပုံးနှင့်တူသော စိတ်ဖိအားနှင့် မီးတောင်နှင့်တူသော စိတ်ခံစားမှု

ငယ်ငယ်တုန်းက ကိုယ့်ကိုကျွေးမွေးအုပ်ထိန်းသူ Caregiver နဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးဟာ  ကိုယ်အရွယ်ရောက်လာတဲ့အခါမှာရှိတဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအပြုအမှုအပေါ်ကို လွှမ်းမိုးမှုရှိတယ်လို့ဖတ်ဖူးတယ်။ အထူသဖြင့် ကျွန်တော်ရဲ့ စိတ်ဖိအားနဲ့စိတ်ခံစားမှု ထိန်းညိမှု Regulate လုပ်နိုင်စွမ်းက ပုံမှန်လူတစ်ယောက်ထက်ပိုပြီးခက်ခဲနေပါလားဆိုတာ အသက် ၃၀ဝန်းကျင်လောက်ရောက်တဲ့အခါသတိထားမိလာတယ်။ အထူးသဖြင့် စိတ်ညစ်စရာတွေခံစားချက်တွေ ဥပမာ ဒေါသထွက်သင့်ရင် ထွက်ရမယ်နေရာမျိုးမှာမထွက်ပဲ မြိုသိပ်လိုက်တယ်။ ရုတ်တရက်ကြည့်ရင် ဒေါသထိန်းချုပ်နိုင်တာ ကောင်းတာပဲလိုမြင်နိုင်ပေမယ့် တကယ်က ဒေါသကိုမြုံထားလိုက်ပြီး ဒေါသလုံးဝမဖြစ်သလို တခြားစိတ်ကိုချက်ချင်း စက္ကန့်ပိုင်းအတွင်းဖွင့်ပြီးနေထိုင်နိုင်တယ်။

Am I autistic?

အခန်းကိုအလည်လာတဲ့ Dutch ကောင်မလေးက မီးဖိုချောင်မှာဟင်းချက်နေတဲ့ကျွန်တော့်ကိုမြင်တော့ နှုတ်ဆက်ရင်းနဲ့ မေးတယ်။ 

“What are you cooking?”

“Um…I’m cooking Lentils soup”

ပဲစိမ်းဟင်းချိုချက်နေတာလိုကျွန်တော်ဖြေလိုက်တယ်။ ဘေးက သူကောင်လေး ကျွန်တော့်အခန်းဖော်က ထပ်မေးတယ်။ 

အဝါရောင်ကိုက်ခဲမှု

မီးရောင်ကို sensitive ဖြစ်မယ်မှန်း ဥရောပစရောက်တော့မှသိတော့တယ်။ လွန်ခဲ့တဲ့ ၆နှစ်က Belgium ကိုကျောင်းတက်ဖို့စရောက်တော့ ကျောင်းသားအဆောင်က ကျွန်တော်နေမယ့်အခန်းကို စရောက်တော့ အခန်းမီးအရောင်ကိုမြင်လိုက်တာနဲ့တင် စိတ်ဓာတ်ကျနေပြီ။ မီးအရောင်က ဝါကျင့်ကျင့်အရောင်။ မှိန်မှိန်နဲ့။ထောင်ထဲမှာ အကျဉ်းသားကို မီးအဝါရောင်မှိန်မှိန်လေးနဲ့ပေးနေခိုင်းသလိုမျိုး ခံစားချက်ဝင်တယ်။ တော်တော်ကြာမှ နားလည်လိုက်တာက ဥရောပနိုင်ငံမှာရှိတဲ့ အိမ်တွေအလုပ်တွေကျောင်းတွေဆိုင်တွေမှာ မီးလုံးကို အဝါရောင် warm light ပဲသုံးကြတယ်ဆိုတာပါပဲ။ Restaurant တွေမှာ ချစ်သူရည်းစား ၂ယောက်ညစာစားရင် အဝါရောင် မှိန်မှိန်နဲ့ မီးရောင်အောက်မှာ အတူတူစားနေကြတာကို ရုပ်ရှင်ကားတွေထဲမှာမြင်ဖူးကြမှာပေါ့။ Romantic ဆန်စရာလေးပေါ့။ ဒါပေ့မယ့် အဲ့ဒီ အဝါရောင် warm light က ကျွန်တော့်ရဲ့ စိတ်ကျန်းမာရေ metal health ကိုအဲ့ဒီလောက် သက်ရောက်မှုရှိလိမ့်မယ်လို့ အရင်ကမထင်ထားမိခဲ့ဖူး။

Messages

တခါတရံ တိုက်ဆိုင်လို့အတွေးနယ်ချဲ့မိရင်းချရေးမိတဲ့ စာတိုလေးတွေ…