Blogs

We think too much and feel too little.

စိတ်မကောင်းပါဘူး။ ကျွန်တော် ဧကရာဇ်မင်းကြီးမဖြစ်ချင်ဘူး။ ဒါကျွန်တော့်အလုပ်လဲမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ ကျွန်တော် စိုးမိုးမအုပ်ချုပ်ချင်ဘူး။ ဖြစ်နိုင်ရင် လူတိုင်းကိုကျွန်တော်ကူညီသင့်တယ်။လူဖြူဖြစ်ဖြစ် လူမဲဖြစ်ဖြစ် ဂျုးပဲဖြစ်ဖြစ် ဂျူးမဟုတ်တဲ့လူပဲဖြစ်ဖြစ်။ ကျွန်တော်တို့အာလုံးက တစ်ယောက်ကိုတစ်ယောက်ကူညီချင်ကြတာပဲ။ လူဆိုတဲ့သဘောတရားဟာဒီလိုမျိုးပဲ။ တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်မှုတွေပေးပြီးပဲ နေချင်ကြတယ်။နာကျင်မှု၊ဒုက္ခတွေပေးပြီးမနေချင်ကြဘူး။တစ်ယောက်ကိုတစ်ယောက်မုန်းတီးပြီး စက်ဆုပ်ရွံရှာပြီးမနေချင်ကြဘူး။ ဒီကမ္ဘာကြီးမှာ လူတိုင်းအတွက် နေစရာနေရာရှိပြီးသား။ ဒီကမ္ဘာမြေကြီးဟာ လူတိုင်းကိုအထောက်အပံ့ပေးနိုင်လောက်အောင် ပေါများကြွယ်ဝမှုတွေရှိတယ်။ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ လွတ်လပ်ခြင်းတွေနဲ့လှပမှုတွေနဲ့ပြည့်စုံနေနိုင်တယ်။ ဒါပေမယ့် ဒီအဓိပ္ပာယ်တွေ ကျွန်တော်တို့ဆုံးရှုံးခဲ့တယ်။ 

လူတော်

          “လူတော်” လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကြားမှာ ဘယ်လိုအဓိပ္ပာယ် ဖွင့်ကြသလဲ။ မိဘ နေရာကကြည့်ရင် ငါ့သား ငါ့သားသမီးကအတန်းထဲမှာ အဆင့်တွေထိပ်ဆုံးရောက် အမှတ်တွေအရမ်းကောင်း ဆုတွေအလီလီရတာကိုပဲဂုဏ်ယူနေပြီး “လူတော်” လို့သတ်မှတ်ကြသလား။ ဆရာ၊ဆရာမ တွေကလဲ အတန်းထဲမှာ စာတွေအရမ်းတော်တဲ့ ကျောင်းသားတွေကိုပဲ “လူတော်” တွေလို့သတ်မှတ်ကြသလား။ရွယ်တူကျောင်းသားအချင်းချင်းကလဲ ကိုယ့်သူငယ်ချင်းက “စာတော်” အမှတ်တွေအရမ်းကောင်းလို့ထိပ်ဆုံးရောက်နေတာကိုပဲ သူက “ဆရာကြီး”၊ “လူတော်ကြီး” လိုပဲသတ်မှတ်နေကြလား။

Vision

               ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောသွားတဲ့မိန့်ခွန်းထဲမှာ “သူများတွေကခြေလှမ်းတစ်လှမ်းလှမ်းရင် ငါတို့က လေးငါးဆယ်လှမ်းလောက်လှမ်းရမယ်” ဆိုတာလေးကိုကျွန်တော်မှတ်မိနေတယ်။ မှတ်သားဖွယ်ရာကောင်းတဲ့စကားတစ်ခုပါ။ ဒါပေမယ့် သူ့ရဲ့စကားလေးကို ကျွန်တော်နည်းနည်းလေး ဖြည့်စွက်ပြီးတော့ “ ခြေလှမ်းဆယ်လှမ်း” လှမ်းတဲ့ နိယာမ ဆိုပြီး ကျွန်တော်တီထွင်ကြည့်တယ်။ အဲ့ဒီ နိယာမကို လူတစ်ယောက်မှာ Vision (အမြင်)ရှိဖို့ဘယ်လောက်အရေးကြီးလဲ ဆိုတဲ့နေရာမှာ အသုံးချကြည့်တယ်။Vision(အမြင်)ရှိတာဟာ လူတစ်ယောက်ရဲ့ ဘဝအတွက်တင်သာမက လူပေါင်းများစွာပါဝင်တဲ့ အဖွဲ့အစည်းတွေအတွက်ပါ အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်သုံးသပ်တယ်။

အကြိုက်ဆုံး Coldplay သီချင်း ၁၀ ပုဒ်

အမေတို့က သူတို့ခေတ်က Beatles ကဘယ်လောက်ကြီးကျယ်ခမ်းနားကြောင်းပြောတယ်။ ကျွန်တော့်အလှည့်ကျ ကျွန်တော့်သားသမီးရှိခဲ့ရင် Coldplay ဘယ်လို့ကြီးကျယ်ခန်းနားကြောင်းပြောရလိမ့်မယ်။Coldplay ကိုကြိုက်တာ တစ်ခါလာလဲ အသည်းကွဲအချစ်သီချင်းတွေဆိုနေတာမဟုတ်ပဲ အတွေးအခေါ်တွေ(Philosophy)၊ စိတ်ကူးစိတ်သန်းတွေ(Inspiration)၊အိမ်မက်တွေ(Dream)၊ဘဝအကြောင်း(Life)၊မေတ္တာတရား(Love)၊မျှော်လင့်ချက်(Hope)၊အားပေးနှစ်သိမ့်မှု(Encouragement) တွေအကြောင်းရေးဖွဲ့သီဆိုတာကြောင့်ကြိုက်တာ။

သို့အဖွားဝတုတ်

အဖွားဝတုတ်,

အဖွားရေ သားအဖွားကိုအရမ်းသတိရတယ်။ အဖွားအခုချိန်ရှိနေသေးရင် ကောင်းမှာပဲ။ သားဒီတစ်လောစိတ်တွေအရမ်းညစ်နေတယ်အဖွား။ သားဆရာဝန်တောင်ပြနေရတယ်။သားစိတ်ဓာတ်တွေအရမ်းကျနေလို့။အမေ့ကိုတောင်မပြောရသေးဘူး။သူ့ပြောလဲ သူစိတ်ညစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ဘူးလေ။ သားအခု covid ကြောင့် work from home ပဲလုပ်ရင်းစိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်တွေကျလာတာပဲ။ အဖွားလဲ Covid ကြီးကိုမကြုံလိုက်ရတာပဲ ကံကောင်းတယ်။လူတွေအားလုံး ဒီကပ်ရောဂါကြီးကြောင့်ဒုက္ခရောက်နေကြတာလေ။သားသိတာပေါ့ အဖွားသာအခုအသက်ရှင်နေသေးရင် သားကိုဘယ်လို ဂရုစိုက်ဖို့ပြောမလဲဆိုတာ။ အခုဒီမှာ သားတစ်ယောက်တည်း အဖွား။ အပြင်လဲသိပ်မသွားရဘူး။သူငယ်ချင်းတွေလဲတစ်ယောက်မှမရှိဘူး။မြန်မာလူမျိုးတွေတောင်တစ်ယောက်မှခုထိမတွေ့သေးဘူး။အဲ့တော့ကြာလာတော့ အထီးကျန်လာတယ်အဖွား။ သားအလုပ်က စိတ်ဖိစီးမှုကအရမ်းများတယ် အဖွား။ စနေရော တနင်္ဂနွေရောသားကောင်းကောင်းမနေနိုင်ဘူး။စိုးရမ်းစိတ်တွေများလာတော့ကြာတော့စိတ်ဓာတ်ပဲကျလာတယ်။ ဆရာဝန်နဲ့ကြတော့မှနည်းနည်းသက်သာလာတယ်အဖွား။သားမှာဖြစ်တာ သာမန်စိုးရိမ်မှုမဟုတ်ပဲ စိုးရိမ်းမှုလွန်ကဲတဲ့  Anxiety disorder ရှိနေတာ။ အလုပ်ကို လွဲသွားမှာ မှားသွားမှာကိုအရမ်းစိုးရိမ်နေတာ။ သူဌေးကလဲ အရမ်း demanding   ဖြစ်တာ။ ပြီးတော့တဖက်ကလဲ စိတ်ထွက်ပေါက်လဲမရှိတော့ သားကြာလာတော့ မခံစားနိုင်တော့ဘူး။ ဘာလုပ်လုပ် သားပျော်မှမပျော်တော့တာ။ ရုပ်ရှင်ကြည့်ကြည့်၊ဂိမ်းဆော့ဆော့ ဒီအတိုင်းပဲ စိတ်ဓာတ်ကပိုပိုကျလာလေပဲ။ သားတစ်ယောက်တည်းဒီမှာ ဘယ်သူမှလဲအနားမှာမရှိဘူး။ အမေကလဲအဖွားသိတဲ့အတိုင်းပဲ သားကိုသိပ်နားလည်တာမဟုတ်ဘူး။အဲတော့ အချိန်ကြာကြာလာတော့ပိုပိုဆိုးလာတယ်။ တစ်ရက်က သားစိတ်တွေမထိန်းချုပ်နိုင်ပဲငိုသေးတယ်။ အကောင်းဆုံးလုပ်နေတာပဲ ဒါမယ့်ဘာမှမဖြစ်လာတော့ သားစိတ်တွေအရမ်းပင်ပန်းလာပြီးခြေကုန်လက်ပန်းတွေကျတာပဲ။ အဓိကက အဲ့နေ့ကအဖွားကို သားသွားသတိရမိလို့။ အဖွားနောက်ဆုံးပြောသွားတယ်လေ။ သားဒုက္ခရောက်နေတဲ့အချိန် အဖွားကိုဆုတောင်းလိုက်ပါဆိုပြီးတော့။ အဲ့မှာ သားအရမ်းဝမ်းနည်းသွားပြီးငိုမိတာပဲ။ စိတ်ထဲမှာအဖွားကို အရမ်းသတိရလို့။ သားညတိုင်းလိုလို အဖွားအိမ်မက်လာပေးပါဖို့ဆုတောင်းတယ်အဖွား။ တစ်ခါလောက် အဖွားဘုရားဆုတောင်းပေးတာလေးသားနားထောင်ချင်မိတယ်။

Autumn leaves

ဆောင်းဦးတောင်နောက်တစ်ခါပြန်ရောက်ခဲ့ပြီ။ ဒါပေမယ့် မနှစ်ကဆောင်းဦးလို ကျွန်တော်မပျော်နိုင်သေးဘူး…