When a country is well
“နိုင်ငံကကောင်းကောင်းအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ဆင်းရဲမှုတွေနဲ့ဆိုးရွားမှုတွေရှိနေတာရှက်စရာပဲ။ နိုင်ငံကကောင်းကောင်းမအုပ်ချုပ်ခံနေရတဲ့အချိန်မှာ ချမ်းသာမှုတွေနဲ့ဂုဏ်ပြုခံရမှုတွေရှိနေတာရှက်စရာပဲ”
Autumn leaves
ဆောင်းဦးတောင်နောက်တစ်ခါပြန်ရောက်ခဲ့ပြီ။ ဒါပေမယ့် မနှစ်ကဆောင်းဦးလို ကျွန်တော်မပျော်နိုင်သေးဘူး…
…
Artistic than to love people
“ပိုပြီးစဉ်းစားကြည့်လေလေ လူတွေအပေါ်ချစ်ခြင်းမေတ္တာထားနိုင်တာလောက် အမှန်တကယ်အနုပညာဆန်တဲ့အရာမျိုးမရှိဘူးလို့ ငါပိုပြီးခံစားမိလေလေပဲ”
Life can only be understood
“ဘဝဆိုတာနောက်ပြန်ကြည့်မှပဲနားလည်နိုင်တယ်။ ဒါပေမယ့် အသက်ရှင်ဖို့အတွက်တော့ရှေ့ဆက်မှရမယ်”
Fast enough
“အရာအာလုံးဟာ ထိန်းချုပ်မှုအောက်မှာပဲရှိနေတယ်လို့ထင်ရတယ်ဆိုရင် မင်းသွားတာသိပ်မမြန်သေးဘူး”
Compromise
“မင်းသိလား လူတွေမင်းကို ကြိုက်လာအောင်လုပ်ဖို့လောက်သာ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချိန်တိုင်း သူတို့အကြိုက်နဲ့ကိုက်ညီအောင်မင်းပြင်ဆင်နေမှာပဲလေ ဟုတ်တယ်မလား ပြီးရင်တော့ မင်းဘာမှအောင်မြင်မှာမဟုတ်ဘူး”
Pain is temporary
“နာကျင်မှုဆိုတာ ခေတ္တယာယီပါ။ တစ်မိနစ်လောက်ကြာချင်ကြာမယ် တစ်နာရီလောက်ကြာချင်ကြာမယ် တစ်ရက်လောက်ကြာချင်ကြာမယ် တစ်နှစ်လောက်ကြာချင်ကြာမယ်။ ဒါပေမယ့် နောက်ဆုံးကျရင်သက်သာသွားပြီး သူ့နေရာကို တစ်ခုခုကအစားဝင်လာမှာပဲ။ ဒါပေမယ့် ကျွန်တော် အရှုံးပေးနုတ်ထွက်လိုက်တယ်နော် အဲ့ဒါက အမြဲထာဝရကျန်ရစ်နေမှာ”
Agony
“မင်းရင်ထဲမှာ ပြောမပြရသေးတဲ့ အဖြစ်အပျက်တစ်ခုကို သယ်ဆောင်ထားတာလောက် နာကျင်ရတဲ့ဝေဒနာမရှိတော့ဘူး”