People who were trying to make the world worse
“ဒီကမ္ဘာကြီးကို ဆိုးရွားအောင်လုပ်နေတဲ့သူတွေတောင် တစ်ရက်လောက်မနားတာ ကျွန်တော်ကဘယ်လိုနားရမှာတုန်း”
Best way to find
“သင့်ကိုယ်သင်ဘယ်သူလဲဆိုတာသိဖို့ အကောင်းဆုံးနည်းလမ်းဟာ တပါးသူတွေကိုကူညီရင်းနဲ့ ဘဝကိုနှစ်မြုပ်ထားခြင်းဖြစ်တယ်”
Never do anything
“အစိုးရကတောင်းဆိုနေရင်တောင်မှ ကိုယ့်လိပ်ပြာကိုယ်မလုံမယ့်ကိစ္စမျိုးဘယ်တော့မှမလုပ်နဲ့”
You say you love rain
“မိုးကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် မိုးရွာရင် မင်းထီးဆောင်းပြီးလျှောက်တယ် နေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် နေသာနေတဲ့အချိန် မင်းအရိပ်အောက်လိုက်ခိုတယ် လေကိုမင်းချစ်တယ်လို့ပြောတယ် ဒါပေမယ့် လေတိုက်ပြီဆိုရင် မင်းတံခါးတွေကိုပိတ်လိုက်တယ် ဒါကြောင့် မင်းငါ့ကိုချစ်တယ်လို့ပြောရင် ငါလန့်တာ”
It is not fair
“ကိုယ်ကိုယ်တိုင်လုပ်ဖို့ဆန္ဒမရှိတဲ့အရာတွေကို သူများတွေကို လုပ်ခိုင်းဖို့ တောင်းဆိုနေတာဟာ မတရားတာပဲ”
Ego says
“အတ္တကပြောတယ် အရာအားလုံးအဖြေပေါ်သွားတဲ့အချိန် မင်းငြိမ်းချမ်းသွားလိမ့်မယ်
စိတ်ကပြောတယ် ငြိမ်းချမ်းမှုကိုရှာ အရာအားလုံးအဖြေပေါ်လာလိမ့်မယ်”










