Nyan Zaw Htet

Those who give up essential liberty

“ခေတ္တခဏဘေးကင်းမှုလေးကိုရယူဖို့အတွက် ပဓာနကျတဲ့လွတ်လပ်မှုကိုအဆုံးခံတဲ့လူတွေဟာ လွတ်လပ်မှုနဲ့ရောဘေးကင်းမှုနဲ့ရောမထိုက်တန်ဘူး”

Run for your life

သိပ်ချစ်တဲ့အမွှာညီမနှစ်ယောက်။ အဝတ်အစားဆိုဆင်တူ၊ အစားဆိုကြိုက်တာတူ။ တစ်ယောက်သေတာနဲ့နောက်တစ်ယောက်ကလဲလိုက်သေမယ်ဆိုလောက်အောင်ချစ်တယ်။ တစ်နေ့ အိမ်မီးလောင်တယ်။ တစ်ယောက်ကပိတ်မိပြီးမေ့မြောသွားတယ်။ ကျန်တစ်ယောက်ကအော်ခေါ်ပေမယ့် ဘယ်လိုမှမနိုးဘူး။ နောက်ဆုံး မီးကြီးလာတော့ သူကိုထားခဲ့ပြီးထွက်ပြေးလိုက်ရတယ်။ တစ်ယောက်ကသေပြီး တစ်ယောက်ကလွှတ်မြောက်သွားတယ်။

We think too much and feel too little.

စိတ်မကောင်းပါဘူး။ ကျွန်တော် ဧကရာဇ်မင်းကြီးမဖြစ်ချင်ဘူး။ ဒါကျွန်တော့်အလုပ်လဲမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ ကျွန်တော် စိုးမိုးမအုပ်ချုပ်ချင်ဘူး။ ဖြစ်နိုင်ရင် လူတိုင်းကိုကျွန်တော်ကူညီသင့်တယ်။လူဖြူဖြစ်ဖြစ် လူမဲဖြစ်ဖြစ် ဂျုးပဲဖြစ်ဖြစ် ဂျူးမဟုတ်တဲ့လူပဲဖြစ်ဖြစ်။ ကျွန်တော်တို့အာလုံးက တစ်ယောက်ကိုတစ်ယောက်ကူညီချင်ကြတာပဲ။ လူဆိုတဲ့သဘောတရားဟာဒီလိုမျိုးပဲ။ တစ်ယောက်ကိုတစ်ယောက်ပျော်ရွှင်မှုတွေပေးပြီးပဲ နေချင်ကြတယ်။နာကျင်မှု၊ဒုက္ခတွေပေးပြီးမနေချင်ကြဘူး။တစ်ယောက်ကိုတစ်ယောက်မုန်းတီးပြီး စက်ဆုပ်ရွံရှာပြီးမနေချင်ကြဘူး။ ဒီကမ္ဘာကြီးမှာ လူတိုင်းအတွက် နေစရာနေရာရှိပြီးသား။ ဒီကမ္ဘာမြေကြီးဟာ လူတိုင်းကိုအထောက်အပံ့ပေးနိုင်လောက်အောင် ပေါများကြွယ်ဝမှုတွေရှိတယ်။ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ လွတ်လပ်ခြင်းတွေနဲ့လှပမှုတွေနဲ့ပြည့်စုံနေနိုင်တယ်။ ဒါပေမယ့် ဒီအဓိပ္ပာယ်တွေ ကျွန်တော်တို့ဆုံးရှုံးခဲ့တယ်။